Skip to main content
ေလျပင္းေတြေၾကာင့္ ၾသစေၾတးလ်ေတာမီး ဧရာမ မီးေလာင္ျပင္ႀကီးျဖစ္လာကာ ဆစ္ဒနီၿမိဳ႕ကုိ ၿခိမ္းေျခာက္ေန
Ads Block

ေလျပင္းေတြေၾကာင့္ ၾသစေၾတးလ်ေတာမီး ဧရာမ မီးေလာင္ျပင္ႀကီးျဖစ္လာကာ ဆစ္ဒနီၿမိဳ႕ကုိ ၿခိမ္းေျခာက္ေန

ၾသစေၾတးလ်ႏုိင္ငံ ဆစ္ဒနီၿမိဳ႕ ေျမာက္ဘက္မွာ ေလာင္ကၽြမ္းေနတဲ့ ေတာမီးေတြဟာ ေလျပင္း တုိက္ခတ္မႈေၾကာင့္ ေသာၾကာေန ့ မြန္းလြဲပုိင္းေလာက္မွစကာ မီးေတာက္မီးလွ်ံေတြနဲ႕ ဧရာမမီးေလာင္ျပင္ႀကီး တစ္ခုအျဖစ္ စုဖြဲ႕ေရာက္ရွိလာေၾကာင္းသိရပါတယ္။ ႏုိင္ငံရဲ႕ အႀကီးဆုံးၿမိဳ႕တစ္ခြင္မွာ အဆိပ္မီးခုိးေငြ႕ေတြ လႊမ္းၿခဳံေနခဲ့ၿပီး သီတင္းပတ္အဆုံးပုိင္းမွာ ျပဳလုပ္ေလ့ရွိတဲ့ အားကစားၿပိဳင္ပြဲေတြကုိ ဖ်က္သိမ္းလုိက္ရကာ ျပင္ပလုပ္ငန္းခြင္ အလုပ္သမားေတြ အလုပ္မဆင္းဘဲ ေနအိမ္မွာပဲ ေနၾကဖုိ ့ တုိက္တြန္းလႈံ႔ေဆာ္မႈေတြ လုပ္ခဲ့ပါတယ္။
ၾသစေၾတးလ် အေရွ႕ပုိင္းမွာ ႏုိ၀င္ဘာလေလာက္က စတင္ေလာင္ကၽြမ္းခဲ့တဲ့ ယင္း ေတာမီးေၾကာင့္ လူ ေလးဦးထက္မနည္း ေသဆုံးခဲ့ၿပီျဖစ္ကာ အိမ္ေျခ ၆၈၀ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့ပါတယ္။ ယခုေတာမီး ေလာင္ကၽြမ္းမႈဟာ ပုံမွန္ျဖစ္ေလ့ရွိတဲ့ ေႏြရာသီ ေတာမီးကာလထက္ လမ်ားစြာ ေစာေနခဲ့တာပါ။ မုိးေခါင္ကာလ ရွည္ၾကာမႈ၊ ေလျပင္းတုိက္ခတ္မႈနဲ႕ သံသယျဖစ္ဖြယ္ ေတာမီးရႈိ႕မႈေတြေၾကာင့္ ေတာမီးႀကီးက်ယ္ရတာျဖစ္တယ္ လုိ ့ အာဏာပုိင္ေတြက အျပစ္ဆုိပါတယ္။
ၿပီးခဲ့တဲ့ တစ္ပတ္လုံး ဆစ္ဒနီရဲ႕ ေကာင္းကင္ယံမွာ မီးခုိးေတြနဲ႕ ျပာမႈန္ေတြ လႊမ္းၿခဳံေနခဲ့ၿပီး ေန ့ဘက္ ေကာင္းကင္ယံဟာ လိေမၼာ္ေရာင္ေျပာင္းသြားခဲ့ပါတယ္။ အျမင္အာရုံ မႈန္း၀ါးမႈေတြျဖစ္ခဲ့ၿပီး အျပင္ထြက္ သြားလာသူေတြကုိ ႏွာေခါင္းစည္းေတြ တပ္ဆင္ၾကဖုိ ့ တုိက္တြန္းခဲ့ရပါတယ္။ လူမႈကြန္ရက္မွာ ထြက္ေပၚလာတဲ့ ၿဂိဳဟ္တု ဓါတ္ပုံေတြအရ တက္စ္မန္ပင္လယ္ကေန နယူးဇီလန္အထိ အကြာအေ၀း ၁၂၄၀ မုိင္တေၾကာ မီးခုိးေငြ႕ ေတြ႕ ပ်ံ႕ႏွံ႕ေရာက္ရွိေနခဲ့တာ ေတြ႕ရပါတယ္။
ဆစ္ဒနီဟာ နယူးေဆာက္ေ၀းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္ပါတယ္။ ေဟာ့ကစ္ဘူရီ၊ ဟန္ ့တာနဲ႕ စင္ထရယ္ကုိ ့စ္ ေဒသေတြမွာ ေလာင္ကၽြမ္းေနတဲ့ မီးေလာင္ျပင္ေတြဟာ အခုအခါ ေပါင္းစည္းသြားၿပီျဖစ္ေၾကာင္း နယူး ေဆာက္ေ၀းျပည္နယ္ ေက်းလက္ေဒသဆုိင္ရာ မီးသတ္ဌာန (RFS) က တြစ္တာမွာ ထုတ္ျပန္ပါတယ္။ ဆစ္ဒနီၿမိဳ႕ရဲ႕ ေျမာက္ဘက္ ၅၀ ကီလုိမီတာခန္ ့မွာ သီးျခားစီ ေလာင္ကၽြမ္းေနတဲ့ မီးေလာင္ျပင္ ၁၀ ခု ဆက္စပ္ေပါင္းစည္းလာေနတဲ့ ေျမပုံတစ္ခုကုိလည္း တြစ္တာမွာ တင္ခဲ့ပါတယ္။
စုစုေပါင္း မီးေလာင္ကၽြမ္းေနတဲ့ ဧရိယာဟာ ဧက ၈၃၀၀၀၀ ၀န္းက်င္ရွိေၾကာင္း RFS က ဆက္လက္ေျပာဆုိခဲ့ပါတယ္။ အာဏာပုိင္ေတြအေနနဲ႕ ေတာမီးဟာ အေရွ႕ဘက္ဆီကုိ ပ်ံ႔ႏွံ႔လာမယ့္အေရး စုိးရိမ္ေနၾကၿပီး ယင္း သုိ ့ပ်ံ႕ႏွ႔ံလာခဲ့ပါက ပုိၿပီး လူေနထူထပ္တဲ့ ဧရိယာေတြ၊ ေက်းရြာေတြ၊ သီးျခားေက်းလက္ေဒသေတြနဲ႕ စုိက္ခင္းေတြ၊ စီးပြားေရးလုပ္ငန္းေတြရွိေနတဲ့ ေဒသတြင္းက အျခားေနရာေတြအတြက္ ကံဆုိးမႈေတြ က်ေရာက္လာႏုိင္မွာျဖစ္ေၾကာင္း RFS က ေျပာဆုိပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters

Unicode Version

 

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မြောက်ဘက်မှာ လောင်ကျွမ်းနေတဲ့ တောမီးတွေဟာ လေပြင်း တိုက်ခတ်မှုကြောင့် သောကြာနေ့ မွန်းလွဲပိုင်းလောက်မှစကာ မီးတောက်မီးလျှံတွေနဲ့ ဧရာမမီးလောင်ပြင်ကြီး တစ်ခုအဖြစ် စုဖွဲ့ရောက်ရှိလာကြောင်းသိရပါတယ်။ နိုင်ငံရဲ့ အကြီးဆုံးမြို့တစ်ခွင်မှာ အဆိပ်မီးခိုးငွေ့တွေ လွှမ်းခြုံနေခဲ့ပြီး သီတင်းပတ်အဆုံးပိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ အားကစားပြိုင်ပွဲတွေကို ဖျက်သိမ်းလိုက်ရကာ ပြင်ပလုပ်ငန်းခွင် အလုပ်သမားတွေ အလုပ်မဆင်းဘဲ နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းလှုံ့ဆော်မှုတွေ လုပ်ခဲ့ပါတယ်။
သြစတြေးလျ အရှေ့ပိုင်းမှာ နိုဝင်ဘာလလောက်က စတင်လောင်ကျွမ်းခဲ့တဲ့ ယင်း တောမီးကြောင့် လူ လေးဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကာ အိမ်ခြေ ၆၈၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ ယခုတောမီး လောင်ကျွမ်းမှုဟာ ပုံမှန်ဖြစ်လေ့ရှိတဲ့ နွေရာသီ တောမီးကာလထက် လများစွာ စောနေခဲ့တာပါ။ မိုးခေါင်ကာလ ရှည်ကြာမှု၊ လေပြင်းတိုက်ခတ်မှုနဲ့ သံသယဖြစ်ဖွယ် တောမီးရှို့မှုတွေကြောင့် တောမီးကြီးကျယ်ရတာဖြစ်တယ် လို့ အာဏာပိုင်တွေက အပြစ်ဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လုံး ဆစ်ဒနီရဲ့ ကောင်းကင်ယံမှာ မီးခိုးတွေနဲ့ ပြာမှုန်တွေ လွှမ်းခြုံနေခဲ့ပြီး နေ့ဘက် ကောင်းကင်ယံဟာ လိမ္မော်ရောင်ပြောင်းသွားခဲ့ပါတယ်။ အမြင်အာရုံ မှုန်းဝါးမှုတွေဖြစ်ခဲ့ပြီး အပြင်ထွက် သွားလာသူတွေကို နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ တိုက်တွန်းခဲ့ရပါတယ်။ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ဂြိုဟ်တု ဓါတ်ပုံတွေအရ တက်စ်မန်ပင်လယ်ကနေ နယူးဇီလန်အထိ အကွာအဝေး ၁၂၄၀ မိုင်တကြော မီးခိုးငွေ့ တွေ့ ပျံ့နှံ့ရောက်ရှိနေခဲ့တာ တွေ့ရပါတယ်။
ဆစ်ဒနီဟာ နယူးဆောက်ဝေးပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ ဟော့ကစ်ဘူရီ၊ ဟန့်တာနဲ့ စင်ထရယ်ကို့စ် ဒေသတွေမှာ လောင်ကျွမ်းနေတဲ့ မီးလောင်ပြင်တွေဟာ အခုအခါ ပေါင်းစည်းသွားပြီဖြစ်ကြောင်း နယူး ဆောက်ဝေးပြည်နယ် ကျေးလက်ဒေသဆိုင်ရာ မီးသတ်ဌာန (RFS) က တွစ်တာမှာ ထုတ်ပြန်ပါတယ်။ ဆစ်ဒနီမြို့ရဲ့ မြောက်ဘက် ၅၀ ကီလိုမီတာခန့်မှာ သီးခြားစီ လောင်ကျွမ်းနေတဲ့ မီးလောင်ပြင် ၁၀ ခု ဆက်စပ်ပေါင်းစည်းလာနေတဲ့ မြေပုံတစ်ခုကိုလည်း တွစ်တာမှာ တင်ခဲ့ပါတယ်။
စုစုပေါင်း မီးလောင်ကျွမ်းနေတဲ့ ဧရိယာဟာ ဧက ၈၃၀၀၀၀ ဝန်းကျင်ရှိကြောင်း RFS က ဆက်လက်ပြောဆိုခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ တောမီးဟာ အရှေ့ဘက်ဆီကို ပျံ့နှံ့လာမယ့်အရေး စိုးရိမ်နေကြပြီး ယင်း သို့ပျံ့နှံ့လာခဲ့ပါက ပိုပြီး လူနေထူထပ်တဲ့ ဧရိယာတွေ၊ ကျေးရွာတွေ၊ သီးခြားကျေးလက်ဒေသတွေနဲ့ စိုက်ခင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေရှိနေတဲ့ ဒေသတွင်းက အခြားနေရာတွေအတွက် ကံဆိုးမှုတွေ ကျရောက်လာနိုင်မှာဖြစ်ကြောင်း RFS က ပြောဆိုပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။