Skip to main content
အမှန်တရားအတွက် တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းပြော
Ads Block

အမှန်တရားအတွက် တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းပြော

 



Unicode Version

 

သရုပ်ဆောင် မိုးအောင်ရင်ရဲ့ချစ်သူဟောင်းဖြစ်သူ ခင်မြတ်နိုးက သူမအနေဖြင့် မိုးအောင်ရင်ကို တရားစွဲဆိုရခြင်းမှာ အမှန်တရား အတွက်ပဲ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ပြောကြားလာပါတယ်။
ဒီဇင်ဘာလ(၆)ရက် နံနက်ပိုင်းက ရန်ကင်းတရားရုံးမှာ  ပထမအကြိမ် ရုံးချိန်းမှာ အခုလိုပြောကြားခဲ့တာပါပဲ ဖြစ်ပါတယ်။
“တရားစွဲဆိုရတဲ့ အကြောင်းအရင်းကတော့ အားလုံးလည်း သိပြီးမှာပါ။ သူတို့ဘက်ကလည်း အလွန်အကြူး ပြောထားတာ တွေ ရှိတယ်။ အမှန်တရားဖြစ်ဖို့အတွက်ပဲ အခုလို တရားစွဲတာပါ။ သူတို့ကို နစ်နာဖို့ကိုယ်ကလုပ်တာ မဟုတ်ပါဘူး။ ကိုယ့်အတွက် အ မှန်တရားဖြစ်ဖို့အတွက် လုပ်ရတာပေါ့နော်”လို့ ခင်မြတ်နိုးက အခုလိုပြောပြခဲ့တာပါ။
မိုးအောင်ရင်ကတော့ မိသားစုနဲ့အတူ ကလောကို ခရီးထွက်နေတာကြောင့် ပထမဆုံးရုံးချိန်းကို တက်ရောက်နိုင် ခဲ့ခြင်းမရှိဘူးလို့ လည်း သိရပါတယ်။
ခင်မြတ်နိုးကတော့ သူ့ရဲ့ပတ်ဝန်းကျင်က လူတွေရဲ့ အကြည့်ဒဏ်တွေကို ခံနေရတာဖြစ်ပြီး အိမ်ထဲက အိမ်ပြင်တောင် မထွက် နိုင်တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့လည်း ပြောလာပါတယ်။
ချစ်သူအဖြစ်တွဲနေစဉ်တစ်လျှောက်လုံးမှာလည်း မိုးအောင်ရင်အတွက် အစစအရာရာ ကူညီပေးခဲ့သလို ထောင်ကျသွားတဲ့ အချိန် တွေအထိ မိုးအောင်ရင်ရဲ့ အနားမှာ ရှိနေပေးခဲ့တယ်လို့လည်း သိရပါတယ်။
သူမအပေါ် ဆေးကိစ္စတွေနဲ့ စွတ်စွဲတဲ့ အပေါ်မှာလည်း အမှန်တစ်ကယ် မဟုတ်ကြောင်းနဲ့ တရားဥပဒေက အမှန်တိုင်းဖြစ်လာ မှာ ပါလို့လည်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

-- ကျော့မှူးနွယ် ( အကုန်သိ သတင်းဌာန )

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။