Skip to main content
အႏုပညာရွင္မ်ား၏ အခြန္ေပးေဆာင္မႈကုိ ၂၀၂၀ ခုႏွစ္တြင္ အခြန္ရုံးမွ ေၾကညာမည္
Ads Block

အႏုပညာရွင္မ်ား၏ အခြန္ေပးေဆာင္မႈကုိ ၂၀၂၀ ခုႏွစ္တြင္ အခြန္ရုံးမွ ေၾကညာမည္

အႏုပညာရွင္မ်ား၏ အခြန္ေပးေဆာင္မႈႏွင့္ ပတ္သက္၍ ၂၀၂၀ ခုနွစ္တြင္ အခြန္ရုံးမွ ေၾကညာသြားရန္ရွိေၾကာင္း ျပည္တြင္းခြန္မ်ား ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာသည္။

အႏုပညာရွင္မ်ား၏ အခြန္ေပးေဆာင္မႈကုိ ၂၀၂၀ ခုႏွစ္တြင္ အခြန္ရုံးမွ ေၾကညာမည္


ဒီဇင္ဘာ ၆ ရက္က အကုန္သိ သတင္းဌာန၏ ဆက္သြယ္ေမျမန္းမႈကို ျပည္တြင္းခြန္မ်ားဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္း ထြဋ္က ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
“ေရွ႕ႏွစ္က်လုိ႔ရွိရင္ ကြ်န္ေတာ္တုိ႔ အခြန္ထမ္း ၁၀၀၀ ကို ေၾကညာ သလုိေပါ့။ အႏုပညာရွင္နဲ႔ ပတ္သက္လုိ႔လည္း အခြန္ေပး ေဆာင္မႈကုိ ေၾကညာဖုိ႔ အစီအစဥ္ရွိတယ္။ အဲဒီလုိမ်ိဳး အသက္ေမြး၀မ္းေက်ာင္း ပညာကေနရတဲ့ ၀င္ေငြေပါ့။ ေရွ႕ေနတုိ႔လုိ၊ ဆရာ ၀န္တုိ႔လုိ၊ အႏုပညာရွင္တုိ႔လုိ အခုကေၾကညာတာ သူတုိ႔ကုိ အတိေပးလုိက္တဲ့ သေဘာ။ သတိေပးလုိက္တဲ့ သေဘာပဲ” ဟု ၄င္း က ေျပာသည္။
ျပည္တြင္းခြန္မ်ားဦးစီးဌာနမွ ဒီဇင္ဘာ ၅ ရက္က ထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ အသက္ေမြး၀မ္းေက်ာင္း ပညာလုပ္ငန္းမွ ၀င္ ေငြရရွိသူမ်ားသုိ႔ အသိေပးႏႈိးေဆာ္ျခင္းဟူ၍ အက်ဳံး၀င္သည့္ပုဂၢဳိလ္မ်ားဟူေသာစကားရပ္တြင္ အႏုပညာရွင္၊ ဆရာ၀န္၊ အင္ဂ်င္နီ ယာ၊ ဗိသုကာ ပညာရွင္၊ သူနာျပဳ၊ ဆရာမ၊ ေရွ႕ေန၊ စာေရးဆရာ၊ ပန္းခ်ီဆရာ၊ စာေရးစစ္ စသည့္တုိ႔ပါ၀င္ၿပီး အက်ဳံး၀င္သည့္ ၀င္ ေငြမ်ား စကားရပ္တြင္ မိမိကြ်မ္းက်င္သည့္ လုပ္ငန္းကုိ ၀န္ေဆာင္ခရယူ၍ ေဆာင္ရြက္ေပးသည့္ လုပ္ငန္းဟူ၍ ေဖာ္ျပပါရွိသည္။
“ဒါက အခုစတာေပါ့။ေနာက္ပုိင္း အခြန္ေရွာင္တဲ့သူေဖာ္ထုတ္မွာေပါ့ေွာ။တခ်ဳိ႕ကေတာ့လည္း မင္းသား၊ မင္းသမီးေတြ သရုပ္ ေဆာင္ေတြဆုိေပမဲ့လည္း အခြန္ေပးေဆာင္ႏုိင္တဲ့ အေျခအေနမရွိတာေတြရွိတယ္။ စရိတ္ေတြ ႏုတ္ရေသးတာကုိး။ မင္းသမီး တစ္ေယာက္ ဥပမာ တစ္ႏွစ္လုံးမွာရတာ သိန္းႏွစ္ဆယ္ျဖစ္ရင္ျဖစ္မယ္။ သိန္းသံုးဆယ္ ျဖစ္ရင္ျဖစ္မယ္။ တစ္ရာျဖစ္ရင္ ျဖစ္မယ္။ ဒါေပမဲ့ သူက အ၀တ္အစား၀ယ္တာတုိ႔၊ မိတ္ကပ္၀ယ္တာတုိ႔၊ အေျခခံသက္သာခြင့္တုိ႔ ေလွ်ာက္တာတုိ႔ ရွိတယ္။ တခ်ိဳ႕ေခါင္း ေဆာင္မင္းသားႀကီးေတြကေတာ့ အခြန္ေတာ့ ေဆာင္တယ္။ လုိက္နာမႈ အားနည္းတာေပါ့ဗ်ာ။ ထင္သေလာက္ အားမေကာင္းဘူး”ဟု ျပည္တြင္းခြန္မ်ား ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

အနုပညာရှင်များ၏ အခွန်ပေးဆောင်မှုနှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်တွင် အခွန်ရုံးမှ ကြေညာသွားရန်ရှိကြောင်း ပြည်တွင်းခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
ဒီဇင်ဘာ ၆ ရက်က အကုန်သိ သတင်းဌာန၏ ဆက်သွယ်မေမြန်းမှုကို ပြည်တွင်းခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်း ထွဋ်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ရှေ့နှစ်ကျလို့ရှိရင် ကျွန်တော်တို့ အခွန်ထမ်း ၁၀၀၀ ကို ကြေညာ သလိုပေါ့။ အနုပညာရှင်နဲ့ ပတ်သက်လို့လည်း အခွန်ပေး ဆောင်မှုကို ကြေညာဖို့ အစီအစဉ်ရှိတယ်။ အဲဒီလိုမျိုး အသက်မွေးဝမ်းကျောင်း ပညာကနေရတဲ့ ဝင်ငွေပေါ့။ ရှေ့နေတို့လို၊ ဆရာ ဝန်တို့လို၊ အနုပညာရှင်တို့လို အခုကကြေညာတာ သူတို့ကို အတိပေးလိုက်တဲ့ သဘော။ သတိပေးလိုက်တဲ့ သဘောပဲ” ဟု ၎င်း က ပြောသည်။
ပြည်တွင်းခွန်များဦးစီးဌာနမှ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှ ဝင် ငွေရရှိသူများသို့ အသိပေးနှိုးဆော်ခြင်းဟူ၍ အကျုံးဝင်သည့်ပုဂ္ဂိုလ်များဟူသောစကားရပ်တွင် အနုပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီ ယာ၊ ဗိသုကာ ပညာရှင်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ စာရေးစစ် စသည့်တို့ပါဝင်ပြီး အကျုံးဝင်သည့် ဝင် ငွေများ စကားရပ်တွင် မိမိကျွမ်းကျင်သည့် လုပ်ငန်းကို ဝန်ဆောင်ခရယူ၍ ဆောင်ရွက်ပေးသည့် လုပ်ငန်းဟူ၍ ဖော်ပြပါရှိသည်။
“ဒါက အခုစတာပေါ့။နောက်ပိုင်း အခွန်ရှောင်တဲ့သူဖော်ထုတ်မှာပေါ့ှော။တချို့ကတော့လည်း မင်းသား၊ မင်းသမီးတွေ သရုပ် ဆောင်တွေဆိုပေမဲ့လည်း အခွန်ပေးဆောင်နိုင်တဲ့ အခြေအနေမရှိတာတွေရှိတယ်။ စရိတ်တွေ နုတ်ရသေးတာကိုး။ မင်းသမီး တစ်ယောက် ဥပမာ တစ်နှစ်လုံးမှာရတာ သိန်းနှစ်ဆယ်ဖြစ်ရင်ဖြစ်မယ်။ သိန်းသုံးဆယ် ဖြစ်ရင်ဖြစ်မယ်။ တစ်ရာဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ သူက အဝတ်အစားဝယ်တာတို့၊ မိတ်ကပ်ဝယ်တာတို့၊ အခြေခံသက်သာခွင့်တို့ လျှောက်တာတို့ ရှိတယ်။ တချို့ခေါင်း ဆောင်မင်းသားကြီးတွေကတော့ အခွန်တော့ ဆောင်တယ်။ လိုက်နာမှု အားနည်းတာပေါ့ဗျာ။ ထင်သလောက် အားမကောင်းဘူး”ဟု ပြည်တွင်းခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။