Skip to main content
၂၀၂၀ တြင္ ထာ၀ရၿငိမ္းခ်မ္းေရးကုိ ျပည္သူ႔လက္၀ယ္ အေရာက္ေပးအပ္ႏုိင္ေရး လုပ္ေနေၾကာင္း ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ထပ္မံေျပာၾကား
Ads Block

၂၀၂၀ တြင္ ထာ၀ရၿငိမ္းခ်မ္းေရးကုိ ျပည္သူ႔လက္၀ယ္ အေရာက္ေပးအပ္ႏုိင္ေရး လုပ္ေနေၾကာင္း ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ထပ္မံေျပာၾကား

၂၀၂၀ ျပည့္နွစ္မွာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ၿပီးေျမာက္ေစေရး ၊ တုိင္းရင္းသား ျပည္သူလူထုက လုိလားေတာင့္တေနသည့္ ထာ၀ရ ၿငိမ္းခ်မ္းေရးကုိ ျပည္သူ႔လက္၀ယ္သုိ႔ အေရာက္ေပးအပ္ႏုိင္ေရး ႀကိဳးပမ္းလုပ္ေဆာင္ေနေၾကာင္း တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ထပ္မံေျပာၾကားလိုက္သည္။
ဒီဇင္ဘာ ၆ ရက္ စစ္တကၠသုိလ္ ဗုိလ္ေလာင္းအမွတ္စဥ္ (၆၁) သင္တန္းဆင္းပြဲ အခမ္းအနားတြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ဖက္ဒရယ္စနစ္နဲ႔ ပတ္သက္ၿပီး စံနႈန္းအမ်ိဳးမ်ိဳး၊ အဓိပၸာယ္အမ်ိဳးမ်ိဳး ဖြင့္ဆုိေနတာကုိ ေတြ႔ရတယ္။ ဖက္ဒရယ္ဆုိတာ ေပါင္းစည္း ျခင္းနဲ႔ သဟဇာတျဖစ္မႈပဲျဖစ္တယ္။ တပ္မေတာ္အေနနဲ႔ ၂၀၂၀ ျပည့္နွစ္မွာ  ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ၿပီးေျမာက္ေစေရး၊  တုိင္းရင္းသားျပည္သူလူထုက လုိလားေတာင့္တတဲ့ ထာ၀ရၿငိမ္းခ်မ္းေရးကုိ ျပည္သူ႔လက္၀ယ္သုိ႔ အေရာက္ေပးအပ္ႏုိင္ေရး ႀကိဳး ပမ္းေဆာင္ရြက္ လ်က္ရွိတယ္”ဟု ၄င္းကေျပာသည္။
လက္ရွိတြင္ AA၊ TNLA ၊ KIA ၊ SSPP၊ KNPP ၊ MNNDA အဖြဲ႔မ်ားအပါအ၀င္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အခ်ိဳ႕ အပစ္ရပ္သ ေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထုိးရန္ က်န္ရွိေနဆဲျဖစ္သည္။
၂၀၁၅ ခုႏွစ္ ေအာက္တုိဘာလ ၁၅ ရက္တြင္ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ သေဘာတူစာခ်ဳပ္ NCA ကုိ တုိင္း ရင္းသား လက္နက္ကုိင္အဖြဲ႔ (၈)ဖြဲ႔မွ သေဘာတူ လက္မွတ္ေရးထုိးခဲ့ၿပီး ၂၀၁၇ ခုနွစ္တြင္ မြန္ျပည္သစ္ပါတီ၊ လားဟူဒီမုိကရက္ တစ္ ပါတီတုိ႔ ထပ္မံလက္မွတ္ေရးထုိးခဲ့သည္။
“တပ္မေတာ္အေနနဲ့ ၿငိမ္းခ်မ္းေရး ကိစၥေတြ ေဆာင္ရြက္ရာမွာ တစ္ခဏ ၿငိမ္းခ်မ္းေရး တစ္ခဏ ျပႆနာေတြကုိ ေျပၿငိမ္းေရးကုိ သာ ဦးတည္ေဆာင္ရြက္ေနတာမဟုတ္ဘဲ ထာ၀ရၿငိမ္းခ်မ္းေရး ရရွိေအာင္ေဆာင္ရြက္ေနျခင္းသာျဖစ္တယ္။ ဒီလုိၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကုိ အေကာင္အထည္ေဖာ္ရာမွာလည္း NCA လမ္းေၾကာင္းအတုိင္း ေဆာင္ရြက္ရမွာျဖစ္တယ္။ NCA စာခ်ဳပ္ဟာ လက္နက္ကုိင္လမ္းစဥ္မွ သည္ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးမွသည္ ဖက္ဒရယ္စနစ္ကုိအေျခခံတဲ့ စစ္မွန္တဲ့ ဒီမုိကေရစီ ျပည္ေထာင္ စုျဖစ္ဖုိ႔  လမ္းခင္းေပးထားတာျဖစ္တယ္” ဟု တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး ၊ တိုင်းရင်းသား ပြည်သူလူထုက လိုလားတောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေးကို ပြည်သူ့လက်ဝယ်သို့ အရောက်ပေးအပ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောကြားလိုက်သည်။
ဒီဇင်ဘာ ၆ ရက် စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၆၁) သင်တန်းဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။
“ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး စံနှုန်းအမျိုးမျိုး၊ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနေတာကို တွေ့ရတယ်။ ဖက်ဒရယ်ဆိုတာ ပေါင်းစည်း ခြင်းနဲ့ သဟဇာတဖြစ်မှုပဲဖြစ်တယ်။ တပ်မတော်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး၊  တိုင်းရင်းသားပြည်သူလူထုက လိုလားတောင့်တတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ဝယ်သို့ အရောက်ပေးအပ်နိုင်ရေး ကြိုး ပမ်းဆောင်ရွက် လျက်ရှိတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် AA၊ TNLA ၊ KIA ၊ SSPP၊ KNPP ၊ MNNDA အဖွဲ့များအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ အပစ်ရပ်သ ဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေဆဲဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့မှ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက် တစ် ပါတီတို့ ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။
“တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ တစ်ခဏ ငြိမ်းချမ်းရေး တစ်ခဏ ပြဿနာတွေကို ပြေငြိမ်းရေးကို သာ ဦးတည်ဆောင်ရွက်နေတာမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်နေခြင်းသာဖြစ်တယ်။ ဒီလိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာလည်း NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်။ NCA စာချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်မှ သည်ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင် စုဖြစ်ဖို့  လမ်းခင်းပေးထားတာဖြစ်တယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။