Skip to main content
အေမရိကန္မွာ လက္၀တ္ရတနာဆုိင္ကုိ ဓါးျပတုိက္မႈျဖစ္ပြား၊ ဓါးျပႏွစ္ဦး အပါအ၀င္ လူ ေလးဦး ေသဆုံး
Ads Block

အေမရိကန္မွာ လက္၀တ္ရတနာဆုိင္ကုိ ဓါးျပတုိက္မႈျဖစ္ပြား၊ ဓါးျပႏွစ္ဦး အပါအ၀င္ လူ ေလးဦး ေသဆုံး

အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္မွာ လက္၀တ္ရတနာဆုိင္တစ္ခုကုိ လက္နက္ကုိင္ ဓါးျပႏွစ္ဦးက ၀င္ေရာက္တုိက္ခုိက္ခဲ့ၿပီးေနာက္ ကုန္ပစၥည္းပုိ႕ကားတစ္စီးကုိ အပုိင္စီး၊ ယင္းကား ဒရုိင္ဘာျဖစ္သူကုိ ဓါးစာခံဖမ္းေခၚကာ တုိက္ရာပါ ပစၥည္းေတြနဲ႕အတူ ထြက္ေျပးခဲ့ၾကပါတယ္။ ယင္းေၾကာင့္ ရဲတပ္ဖြဲ႕က ဓါးျပေတြေနာက္ကုိ ထပ္ၾကပ္မကြာလုိက္လံ ႏွိမ္နင္းခဲ့ရာမွာ အေသအေပ်ာက္ရွိတဲ့ ပစ္ခတ္မႈျဖစ္စဥ္နဲ႕ ဇာတ္သိမ္းသြားခဲ့ေၾကာင္း ျပည္နယ္အာဏာပုိင္ေတြက ေျပာဆုိပါတယ္။
ယာဥ္အသြားအလာ ရႈပ္ေထြးတဲ့ လမ္းေပၚက ပစ္ခတ္မႈျဖစ္စဥ္မွာ ဓါးျပႏွစ္ဦး၊ ကုန္ပစၥည္းပုိ ့ ၀န္ေဆာင္မႈ လုပ္ငန္းျဖစ္တဲ့ United Parcel Service မွ ကားဒရုိင္ဘာနဲ႕ လမ္းသြားလမ္းလာတစ္ဦး စုစုေပါင္း ေလးဦး ေသဆုံးခဲ့ေၾကာင္း FBI ေအးဂ်င့္ ေဂ်ာ့ပီရုိက ေျပာဆုိပါတယ္။
ၾကာသပေတးေန ့ မြန္းလြဲပုိင္းက မုိင္ယာမီၿမိဳ႕အနီး Coral Gables အရပ္က လက္၀တ္ရတနာ စတုိးဆုိင္ကုိ လက္နက္ကုိင္ ဓါးျပႏွစ္ဦး ဓါးျပ၀င္တုိက္ခဲ့ရာမွ အခင္းျဖစ္စဥ္ စတင္ခဲ့တာျဖစ္တယ္လုိ ့ ပီရုိက ေျပာပါတယ္။ ညေနပုိင္း ယာဥ္အလာရႈပ္ခ်ိန္အတြင္း စီရင္စုေဒသေတြ တစ္ခုၿပီးတစ္ခုျဖတ္ကာ ျပည္နယ္ႏွစ္ခုၾကား လမ္းမတေလွ်ာက္ ဓါးျပေတြက အျပင္းေမာင္းႏွင္ထြက္ေျပးၾကသလုိ ရဲကားေတြကလည္း ေနာက္က ထပ္ၾကပ္မကြာလုိက္ခဲ့ပါတယ္။
ဓါးျပေတြကုိ လုိက္လံႏွိမ္နင္းမႈမွာ အေရးေပၚနဲ႕ ရဲကား ၄၀ ေက်ာ္ ပါ၀င္ခဲ့ၿပီး မီရမ္မာၿမိဳ႕အနီး ညေန ၅ နာရီၤခြဲေလာက္မွာ ဓါးျပေတြရဲ႕ကား ပြဳိင့္မိခဲ့ခ်ိန္မွာ ပစ္ခတ္မႈေတြ စျဖစ္ခဲ့ပါတယ္။ ရုပ္ရွင္ဆန္ဆန္ ယင္း အျဖစ္အပ်က္ကုိ သတင္းဌာန ရဟတ္ယာဥ္ေတြက လုိက္လံရုိက္ကူးကာ တုိက္ရုိက္ထုတ္လႊင့္ေပးခဲ့ၾကပါတယ္။
ေန၀င္ရီတေရာအခ်ိန္မွာ မီးေတြထုိးထားတဲ့ အေရးေပၚကား ဒါဇင္မ်ားစြာဟာ လမ္းဆုံမွာ ရပ္တန္ ့ေနၿပီျဖစ္တဲ့ အပုိင္စီးခံ ကုန္ပုိ ့ကား၀န္းက်င္မွာ ၀ုိင္းထားခဲ့တာကုိ ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ေနရာက ဓါတ္ပုံေတြမွာ ေတြ႕ရပါတယ္။
ယခုျဖစ္စဥ္ကုိ FBI က ဦးေဆာင္ စစ္ေဆးေနေၾကာင္း ေအးဂ်င့္ ပီရုိက ေျပာဆုိခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ လက်ဝတ်ရတနာဆိုင်တစ်ခုကို လက်နက်ကိုင် ဓါးပြနှစ်ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကုန်ပစ္စည်းပို့ကားတစ်စီးကို အပိုင်စီး၊ ယင်းကား ဒရိုင်ဘာဖြစ်သူကို ဓါးစာခံဖမ်းခေါ်ကာ တိုက်ရာပါ ပစ္စည်းတွေနဲ့အတူ ထွက်ပြေးခဲ့ကြပါတယ်။ ယင်းကြောင့် ရဲတပ်ဖွဲ့က ဓါးပြတွေနောက်ကို ထပ်ကြပ်မကွာလိုက်လံ နှိမ်နင်းခဲ့ရာမှာ အသေအပျောက်ရှိတဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ဇာတ်သိမ်းသွားခဲ့ကြောင်း ပြည်နယ်အာဏာပိုင်တွေက ပြောဆိုပါတယ်။
ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ လမ်းပေါ်က ပစ်ခတ်မှုဖြစ်စဉ်မှာ ဓါးပြနှစ်ဦး၊ ကုန်ပစ္စည်းပို့ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ United Parcel Service မှ ကားဒရိုင်ဘာနဲ့ လမ်းသွားလမ်းလာတစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ကြောင်း FBI အေးဂျင့် ဂျော့ပီရိုက ပြောဆိုပါတယ်။
ကြာသပတေးနေ့ မွန်းလွဲပိုင်းက မိုင်ယာမီမြို့အနီး Coral Gables အရပ်က လက်ဝတ်ရတနာ စတိုးဆိုင်ကို လက်နက်ကိုင် ဓါးပြနှစ်ဦး ဓါးပြဝင်တိုက်ခဲ့ရာမှ အခင်းဖြစ်စဉ် စတင်ခဲ့တာဖြစ်တယ်လို့ ပီရိုက ပြောပါတယ်။ ညနေပိုင်း ယာဉ်အလာရှုပ်ချိန်အတွင်း စီရင်စုဒေသတွေ တစ်ခုပြီးတစ်ခုဖြတ်ကာ ပြည်နယ်နှစ်ခုကြား လမ်းမတလျှောက် ဓါးပြတွေက အပြင်းမောင်းနှင်ထွက်ပြေးကြသလို ရဲကားတွေကလည်း နောက်က ထပ်ကြပ်မကွာလိုက်ခဲ့ပါတယ်။
ဓါးပြတွေကို လိုက်လံနှိမ်နင်းမှုမှာ အရေးပေါ်နဲ့ ရဲကား ၄၀ ကျော် ပါဝင်ခဲ့ပြီး မီရမ်မာမြို့အနီး ညနေ ၅ နာရီၤခွဲလောက်မှာ ဓါးပြတွေရဲ့ကား ပွိုင့်မိခဲ့ချိန်မှာ ပစ်ခတ်မှုတွေ စဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ဆန်ဆန် ယင်း အဖြစ်အပျက်ကို သတင်းဌာန ရဟတ်ယာဉ်တွေက လိုက်လံရိုက်ကူးကာ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ကြပါတယ်။
နေဝင်ရီတရောအချိန်မှာ မီးတွေထိုးထားတဲ့ အရေးပေါ်ကား ဒါဇင်များစွာဟာ လမ်းဆုံမှာ ရပ်တန့်နေပြီဖြစ်တဲ့ အပိုင်စီးခံ ကုန်ပို့ကားဝန်းကျင်မှာ ဝိုင်းထားခဲ့တာကို ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာက ဓါတ်ပုံတွေမှာ တွေ့ရပါတယ်။
ယခုဖြစ်စဉ်ကို FBI က ဦးဆောင် စစ်ဆေးနေကြောင်း အေးဂျင့် ပီရိုက ပြောဆိုခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။