Skip to main content
ဖိလစ္ပိုင္မွာ အမ်ိဳးသားတစ္ဦးက  အမ်ိဳးသမီးတစ္ဦးကို ေခါင္းျဖတ္သတ္ၿပီး ဦးေႏွာက္ထုတ္စားမူ ျဖစ္ပြား
Ads Block

ဖိလစ္ပိုင္မွာ အမ်ိဳးသားတစ္ဦးက အမ်ိဳးသမီးတစ္ဦးကို ေခါင္းျဖတ္သတ္ၿပီး ဦးေႏွာက္ထုတ္စားမူ ျဖစ္ပြား

ဖိလစ္ပိုင္ႏိုင္ငံ မီစမစၥေအာ္ရိန္တယ္ျပည္နယ္ တယ္လီစရမ္ၿမိဳ႕မွာ အမ်ိုးသမီးတစ္ဦးကုိ ေခါင္းျဖတ္သတ္ၿပီး ဦးေႏွာက္ထုတ္စားခဲ့မႈျဖင့္ ၾကာသပေတးေန ့မွာ ရဲတပ္ဖြဲ႕က အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးခဲ့ေၾကာင္းပါတယ္။
အမ်ိဳးသမီးကို ေခါင္းျဖတ္သတ္ျဖတ္သူအျဖစ္ အဓိကသံသယရွိသူမွာ တယ္လီစရမ္ၿမိဳ႕ ဘာရန္ေဂးကာဆီဘုိးလ္ရပ္ကြက္မွာ ေနထုိင္တဲ့ အမ္ေလာ႔ဘက္ေတာင္း (အသက္၂၁ ႏွစ္၊ လူလြတ္၊ အလုပ္မရွိ) ဆုိသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အမ်ိဳးသမီးအေလာင္းဟာ ဦးေခါင္း ျဖတ္ေတာက္ခံရၿပီး ေျခလက္ေတြကိုလဲ ခ်ဳပ္ေႏွာင္ျခင္းခံထားရပါတယ္။ ဒီလူေသအေလာင္းကို သံသယရွိသူရဲ႕ ေနအိမ္မွ ၄ ကီလိုမီတာ အကြာမွာ ေတြ႕ရွိခဲ႔ျခင္းျဖစ္ၿပီး ဂ်င္းေဘာင္းဘီ၀တ္ဆင္ထားကာ အေပၚအက်ၤီ မပါရွိဘူးလို႔ သိရပါတယ္။
အမ်ိဳးသမီးကို တံစဥ္သံုးၿပီး ေခါင္းျဖတ္သတ္ခဲ႔ပါတယ္လို႔ ဘက္ေတာင္းက ၀န္ခံခဲ့ၿပီး ယင္း တံစဥ္ကုိ လည္း ၄င္းရဲ႕လက္တြင္ေတြ႕ရွိခဲ့ရေၾကာင္း ရဲအရာရွိ ရာမိုဂါ က ေျပာၾကားခဲ႔ပါတယ္။ ဘက္ေတာင္းက သူ ဆာေလာင္ေနတာေၾကာင္႔ အမ်ိဳးသမီးရဲ႕ ဦးေနွာက္ကို ထမင္းနဲ႕ ခ်က္ျပဳတ္ စားေသာက္ခဲ့ျခင္းျဖစ္ေၾကာင္း စုံစမ္းစစ္ေဆးသူေတြထံ ၀န္ခံခဲ႔ပါတယ္။ ဘက္ေတာင္းဟာ စိတ္မူမမွန္တဲ့ ေရာဂါခံစားေနရေၾကာင္း ၄င္းနဲ႔ ရင္းႏွီးကၽြမ္း၀င္သူေတြကုိ စစ္ေမးရာမွတဆင့္ သိရပါတယ္လို႕ ရာမိုဂါက ေျပာၾကားပါတယ္။ ဘက္ေတာင္းရဲ႕ ထြက္ဆုိခ်က္အရ အမ်ိဳးသမီးရဲ႕ အဂၤလိပ္စကားေျပာေနျခင္းဟာ သူ႔ကို စိတ္အေႏွာက္အယွက္ ျဖစ္ေစျခင္းေၾကာင့္ သတ္ျဖတ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
ဒီျဖစ္ရပ္မတိုင္ခင္က လူသတ္သမား ဘက္ေတာင္းနဲ႔ အမ်ိဳးသမီးတုိ ့ အတူတူလမ္းေလ်ွာက္လာတာ ျမင္ခဲ႔တယ္လို႕ မ်က္ျမင္သက္ေသေတြက ေျပာဆိုခဲ့ၾကပါတယ္။
ယခုမွာေတာ႔ တရားခံဟာ ရဲတပ္ဖြဲ႕ရဲ႕ ထိန္းသိမ္းမူေအာက္မွာ ရွိေနၿပီး စြဲခ်က္တင္မႈ ခံယူရန္ ေစာင္႔ဆိုင္း ေနပါတယ္လို႔ ရာမိုဂါ က ေျပာၾကားခဲ႔ပါတယ္။ အမ်ိဳးသမီးရဲ႕ အေလာင္းကိုေတာ႔ ဘယ္သူဘယ္၀ါ အတိအက်သိရန္ စံုစမ္းစစ္ေဆးေနဆဲျဖစ္ပါတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ႔ပါတယ္။

- ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန ) | Ref : The Straits Times

Unicode Version

 

ဖိလစ်ပိုင်နိုင်ငံ မီစမစ္စအော်ရိန်တယ်ပြည်နယ် တယ်လီစရမ်မြို့မှာ အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်ပြီး ဦးနှောက်ထုတ်စားခဲ့မှုဖြင့် ကြာသပတေးနေ့မှာ ရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းပါတယ်။
အမျိုးသမီးကို ခေါင်းဖြတ်သတ်ဖြတ်သူအဖြစ် အဓိကသံသယရှိသူမှာ တယ်လီစရမ်မြို့ ဘာရန်ဂေးကာဆီဘိုးလ်ရပ်ကွက်မှာ နေထိုင်တဲ့ အမ်လော့ဘက်တောင်း (အသက်၂၁ နှစ်၊ လူလွတ်၊ အလုပ်မရှိ) ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အမျိုးသမီးအလောင်းဟာ ဦးခေါင်း ဖြတ်တောက်ခံရပြီး ခြေလက်တွေကိုလဲ ချုပ်နှောင်ခြင်းခံထားရပါတယ်။ ဒီလူသေအလောင်းကို သံသယရှိသူရဲ့ နေအိမ်မှ ၄ ကီလိုမီတာ အကွာမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဂျင်းဘောင်းဘီဝတ်ဆင်ထားကာ အပေါ်အင်္ကျီ မပါရှိဘူးလို့ သိရပါတယ်။
အမျိုးသမီးကို တံစဉ်သုံးပြီး ခေါင်းဖြတ်သတ်ခဲ့ပါတယ်လို့ ဘက်တောင်းက ဝန်ခံခဲ့ပြီး ယင်း တံစဉ်ကို လည်း ၎င်းရဲ့လက်တွင်တွေ့ရှိခဲ့ရကြောင်း ရဲအရာရှိ ရာမိုဂါ က ပြောကြားခဲ့ပါတယ်။ ဘက်တောင်းက သူ ဆာလောင်နေတာကြောင့် အမျိုးသမီးရဲ့ ဦးနှောက်ကို ထမင်းနဲ့ ချက်ပြုတ် စားသောက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူတွေထံ ဝန်ခံခဲ့ပါတယ်။ ဘက်တောင်းဟာ စိတ်မူမမှန်တဲ့ ရောဂါခံစားနေရကြောင်း ၎င်းနဲ့ ရင်းနှီးကျွမ်းဝင်သူတွေကို စစ်မေးရာမှတဆင့် သိရပါတယ်လို့ ရာမိုဂါက ပြောကြားပါတယ်။ ဘက်တောင်းရဲ့ ထွက်ဆိုချက်အရ အမျိုးသမီးရဲ့ အင်္ဂလိပ်စကားပြောနေခြင်းဟာ သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေခြင်းကြောင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင်က လူသတ်သမား ဘက်တောင်းနဲ့ အမျိုးသမီးတို့ အတူတူလမ်းလျှောက်လာတာ မြင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုခဲ့ကြပါတယ်။
ယခုမှာတော့ တရားခံဟာ ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမူအောက်မှာ ရှိနေပြီး စွဲချက်တင်မှု ခံယူရန် စောင့်ဆိုင်း နေပါတယ်လို့ ရာမိုဂါ က ပြောကြားခဲ့ပါတယ်။ အမျိုးသမီးရဲ့ အလောင်းကိုတော့ ဘယ်သူဘယ်ဝါ အတိအကျသိရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : The Straits Times

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။