Skip to main content
တိရိစာၦန္ ဆရာ၀န္မကုိ မုဒိမ္းက်င့္ သတ္ျဖတ္ခဲ့တဲ့ အခ်ဳပ္သားေတြက ေသနတ္လု ထြက္ေျပးဖုိ ့ ႀကိဳးစားတာေၾကာင့္ အိႏၵိယရဲက ၄င္းတုိ ့အားလုံးကုိ ပစ္သတ္
Ads Block

တိရိစာၦန္ ဆရာ၀န္မကုိ မုဒိမ္းက်င့္ သတ္ျဖတ္ခဲ့တဲ့ အခ်ဳပ္သားေတြက ေသနတ္လု ထြက္ေျပးဖုိ ့ ႀကိဳးစားတာေၾကာင့္ အိႏၵိယရဲက ၄င္းတုိ ့အားလုံးကုိ ပစ္သတ္

ၿပီးခဲ့တဲ့ သီတင္းပတ္က အိႏၵိယႏုိင္ငံ ဟုိက္ဒရာဘတ္ၿမဳိ႕မွာ တိရိစာၦန္ ဆရာ၀န္ အမ်ဳိးသမီးတစ္ဦးကုိ မုဒိမ္းက်င့္ သတ္ျဖတ္ခဲ့မႈနဲ႕ ဖမ္းဆီးထားတဲ့ သံသယရွိသူ ေလးဦးကုိ အိႏၵိယရဲ ေတြက ပစ္သတ္လုိက္ေၾကာင္း သိရပါတယ္။
ယင္း သံသယရွိ မုဒိမ္းသမားေလးဦးဟာ ရဲစခန္းမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရ သူေတြျဖစ္ပါတယ္။ ေသာၾကာေန ့(ဒီဇင္ဘာ ၆) မနက္အေစာပုိင္းက အမႈျဖစ္စဥ္ကုိ ျပန္လည္ျပသ ေစဖုိ ့အတြက္ ၄င္းတုိ ့ေလးဦးကုိ အခင္းျဖစ္ေနရာဆီ ျပန္လည္ေခၚေဆာင္စဥ္ ရဲတပ္ဖြဲ႕၀င္ေတြရဲ႕ ေသနတ္ေတြကုိ လုယက္ ထြက္ေျပးဖုိ ့ႀကိဳးစားခဲ့တာေၾကာင့္ ပစ္ခတ္မႈျဖစ္ခဲ့ကာ သံသယရွိသူ ေလးဦးစလုံး ေသဆုံးခဲ့ေၾကာင္းနဲ႕ ရဲတပ္ဖြဲ႕၀င္ႏွစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း ဟုိက္ဒရာဘတ္အနီး ရွမ္ရွာဘက္ၿမိဳ႕မွ လက္ေထာက္ရဲမင္းႀကီး အန္ ပရာကက္ရွ္ ရတ္ဒီက ေျပာဆုိပါတယ္။
တိရိစာၦန္ဆရာ၀န္ အမ်ဳိးသမီး မုဒိမ္းက်င့္ သတ္ျဖတ္ခံလုိက္ရတာနဲ႕ ပတ္သက္လုိ ့ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း အိႏၵိယႏုိင္ငံ ၿမိဳ႕ႀကီးေတြမွာ လူ ေထာင္ေပါင္းမ်ားစြာရဲ႕ ကန္ ့ကြက္ဆႏၵျပမႈေတြ ေပၚေပါက္ထားခဲ့တာပါ။ အိႏၵိယ ျပည္သူအမ်ားစုကေတာ့ သံသယရွိသူေတြ အသတ္ခံလုိက္ရတဲ့ အေပၚ အားရေက်နပ္တဲ့သေဘာေတြ႕ရၿပီး ရဲတပ္ဖြဲ႕အေပၚ ေထာက္ခံေၾကာင္း တြစ္တာမွာ ထုတ္ေဖာ္ ခဲ့ၾကပါတယ္။
ဒီလုိ ျဖစ္ပ်က္သြားတာဟာ မွားသလား မွန္သလား ေသခ်ာေတာ့ မသိေပမယ့္ အရမ္း ေက်နပ္ေပ်ာ္ရႊင္ေၾကာင္း၊ က်ဴးလြန္သူအစစ္ေတြကုိ သတ္ျဖတ္ခံရဖုိ႕ ေမွ်ာ္လင့္ ဆုေတာင္း ေနတာျဖစ္ၿပီး ဟုိက္ဒရာဘတ္ရဲ႕တပ္ဖြဲ႕ကုိ ေထာက္ခံပါေၾကာင္း တြစ္တာ အသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။
မုဒိမ္းက်င့္ကာ သတ္ျဖတ္ၿပီး မီးရႈိ႕အေလာင္းေဖ်ာက္ခံခဲ့ရတဲ့ အသက္ ၂၇ ႏွစ္အရြယ္ တိရိစာၦန္ ဆရာ၀န္ အမ်ဳိးသမီးရဲ႕ မီးကၽြမ္းေနတဲ့အေလာင္းကုိ ၿပီးခဲ့တဲ့ ၾကာသပေတးေန ့မွာ ေတြ႕ရွိခဲ့ၾက တာျဖစ္ပါတယ္။ ယင္း မုဒိမ္းက်င့္ လူသတ္မႈျဖစ္စဥ္ေၾကာင့္ လူထု ေဒါသေပါက္ကြဲခဲ့ကာ ရဲတပ္ဖြဲ႕ရဲ႕ အေရးယူေဆာင္ရြက္မႈအားနည္းျခင္းအေပၚ ကန္ ့ကြက္ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters

Unicode Version

 

ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့မှာ တိရိစ္ဆာန် ဆရာဝန် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီးထားတဲ့ သံသယရှိသူ လေးဦးကို အိန္ဒိယရဲ တွေက ပစ်သတ်လိုက်ကြောင်း သိရပါတယ်။
ယင်း သံသယရှိ မုဒိမ်းသမားလေးဦးဟာ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရ သူတွေဖြစ်ပါတယ်။ သောကြာနေ့(ဒီဇင်ဘာ ၆) မနက်အစောပိုင်းက အမှုဖြစ်စဉ်ကို ပြန်လည်ပြသ စေဖို့အတွက် ၎င်းတို့လေးဦးကို အခင်းဖြစ်နေရာဆီ ပြန်လည်ခေါ်ဆောင်စဉ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်တွေကို လုယက် ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့ကာ သံသယရှိသူ လေးဦးစလုံး သေဆုံးခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဟိုက်ဒရာဘတ်အနီး ရှမ်ရှာဘက်မြို့မှ လက်ထောက်ရဲမင်းကြီး အန် ပရာကက်ရှ် ရတ်ဒီက ပြောဆိုပါတယ်။
တိရိစ္ဆာန်ဆရာဝန် အမျိုးသမီး မုဒိမ်းကျင့် သတ်ဖြတ်ခံလိုက်ရတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ မြို့ကြီးတွေမှာ လူ ထောင်ပေါင်းများစွာရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ထားခဲ့တာပါ။ အိန္ဒိယ ပြည်သူအများစုကတော့ သံသယရှိသူတွေ အသတ်ခံလိုက်ရတဲ့ အပေါ် အားရကျေနပ်တဲ့သဘောတွေ့ရပြီး ရဲတပ်ဖွဲ့အပေါ် ထောက်ခံကြောင်း တွစ်တာမှာ ထုတ်ဖော် ခဲ့ကြပါတယ်။
ဒီလို ဖြစ်ပျက်သွားတာဟာ မှားသလား မှန်သလား သေချာတော့ မသိပေမယ့် အရမ်း ကျေနပ်ပျော်ရွှင်ကြောင်း၊ ကျူးလွန်သူအစစ်တွေကို သတ်ဖြတ်ခံရဖို့ မျှော်လင့် ဆုတောင်း နေတာဖြစ်ပြီး ဟိုက်ဒရာဘတ်ရဲ့တပ်ဖွဲ့ကို ထောက်ခံပါကြောင်း တွစ်တာ အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။
မုဒိမ်းကျင့်ကာ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ခံခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် တိရိစ္ဆာန် ဆရာဝန် အမျိုးသမီးရဲ့ မီးကျွမ်းနေတဲ့အလောင်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တွေ့ရှိခဲ့ကြ တာဖြစ်ပါတယ်။ ယင်း မုဒိမ်းကျင့် လူသတ်မှုဖြစ်စဉ်ကြောင့် လူထု ဒေါသပေါက်ကွဲခဲ့ကာ ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုအားနည်းခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။