Skip to main content
ဟာ၀ိုင္အီ ပုလဲဆိပ္ကမ္း အေျခစုိက္စခန္းမွာ ေရတပ္သားတစ္ဦးရဲ႕ ပစ္ခတ္မူေၾကာင့္ ၂ ဦး ေသဆံုးခဲ့ၿပီး ေရတပ္သားလည္း ကုိယ့္ကုိယ္ကုိယ္ အဆုံးစီရင္ 
Ads Block

ဟာ၀ိုင္အီ ပုလဲဆိပ္ကမ္း အေျခစုိက္စခန္းမွာ ေရတပ္သားတစ္ဦးရဲ႕ ပစ္ခတ္မူေၾကာင့္ ၂ ဦး ေသဆံုးခဲ့ၿပီး ေရတပ္သားလည္း ကုိယ့္ကုိယ္ကုိယ္ အဆုံးစီရင္ 

 

ဒီဇင္ဘာ ၄ ရက္ေန႔က အေမရိကန္ျပည္ေထာင္စု ဟာ၀ိုင္အီရွိ သမုိင္း၀င္ ပုလဲဆိပ္ကမ္း စစ္အေျခစုိက္ စခန္းမွာ ေရတပ္သားတစ္ဦးရဲ႕ ေသနတ္နဲ႔ ပစ္ခတ္မူေၾကာင္႔ လူ ၂ ဦး ေသဆံုးခဲ့တယ္လို႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။ 
တတိယေျမာက္ ပစ္ခတ္ခံခဲ့ရသူကေတာ့ ေဆးရုံမွာ ကုသမူခံယူရင္း အေျခအေနျပန္ေကာင္းလာၿပီလုိ ့ သိရကာ ပစ္ခတ္မႈ က်ဴးလြန္ခဲ့တဲ့ ေရတပ္သားဟာလည္း ကုိယ့္ကုိယ္ကုိယ္ ပစ္ခဲ့တယ္လုိ ့ယူဆရတဲ့ ေသနတ္ဒဏ္ရာနဲ႕ ေသဆံုးခဲ႔ေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ ပစ္ခတ္ခံခဲ့ရသူအားလုံးဟာ အေမရိကန္ ကာကြယ္ေရး၀န္ႀကီးဌာနအတြက္ အလုပ္လုပ္ေနတဲ့ အရပ္သား၀န္ထမ္းေတြျဖစ္ေၾကာင္း ပုလဲဆိပ္ကမ္း ပူးတြဲအေျခစုိက္စခန္းက တြစ္တာမွာ ထုတ္ျပန္ပါတယ္။
“ဒီပစ္ခတ္မူအတြက္ ၀မ္းနည္း စိတ္မေကာင္းျဖစ္ရပါတယ္။ ဒီျဖစ္ရပ္ရဲ႕ အေသးစိတ္ကို ဆက္လက္ စံုစမ္းေနပါတယ္” လို႕ အရာရွိက သူ႔ရဲ႕တြတ္(စ္)တာ မွာ ေျပာၾကားခဲ႔ပါတယ္။ ပုလဲဆိပ္ကမ္းမွာ ျဖစ္ပြားခဲ႔တဲ႔ ယခု ပစ္ခတ္မူကို ဆက္လက္ကိုင္တြယ္ေျဖရွင္းသြားမွာျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ရဲ႕ ေျပာေရးဆိုခြင္႔ရွိသူက ေျပာၾကားခဲ႔ပါတယ္။ ေသဆံုးသူေတြရဲ႕ အမည္ေတြနဲ႔ မိသားစု၀င္ေတြကို မသိရေသးဘူးလို႔ ေရတပ္စံုစမ္း စစ္ေဆးေရးက ေျပာပါတယ္။ မ်က္ျမင္သက္ေသတစ္ေယာက္က သူ ကြန္ပ်ဴတာထိုင္သံုးေနတုန္း ေသနတ္သံၾကားလို႔ တံခါးကို ကမန္းကတန္းဖြင့္ၾကည့္လိုက္တဲ႔အခါ ေျမျပင္ေပၚမွာ လူ ၃ ဦး လဲက်ေနတာကို ေတြ႕လိုက္ရပါတယ္လို႕ သတင္းဌာနကို ေျပာခဲ့ပါတယ္။ အမည္မေဖာ္လိုသူ မ်က္ျမင္သက္ေသတစ္ဦးကလည္း ေသနတ္သမားဟာ ေရတပ္သား၀တ္စံု ၀တ္ထားၿပီး ကိုယ္ေခါင္းကိုယ္ ေသနတ္နဲ႔ ခ်ိန္ျပီး ေသေၾကာင္းႀကံခဲ့တာ ျမင္လိုက္ပါတယ္လို႔ သတင္းဌာနကို ေျပာခဲ႔ပါတယ္။ 
အေမရိကန္ေလတပ္နဲ႔ ေရတပ္ ပူးတြဲအေျခစုိက္တဲ့ ပုလဲဆိပ္ကမ္း အေျခစုိက္စခန္း Hickam ဟာ ဟိုႏိုလူလူကေန ၁၃ ကီလိုမီတာ အကြာမွာ တည္ရွိပါတယ္။

- ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

ဒီဇင်ဘာ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိ သမိုင်းဝင် ပုလဲဆိပ်ကမ်း စစ်အခြေစိုက် စခန်းမှာ ရေတပ်သားတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မူကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
တတိယမြောက် ပစ်ခတ်ခံခဲ့ရသူကတော့ ဆေးရုံမှာ ကုသမူခံယူရင်း အခြေအနေပြန်ကောင်းလာပြီလို့ သိရကာ ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ရေတပ်သားဟာလည်း ကိုယ့်ကိုယ်ကိုယ် ပစ်ခဲ့တယ်လို့ယူဆရတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပစ်ခတ်ခံခဲ့ရသူအားလုံးဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအတွက် အလုပ်လုပ်နေတဲ့ အရပ်သားဝန်ထမ်းတွေဖြစ်ကြောင်း ပုလဲဆိပ်ကမ်း ပူးတွဲအခြေစိုက်စခန်းက တွစ်တာမှာ ထုတ်ပြန်ပါတယ်။
“ဒီပစ်ခတ်မူအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒီဖြစ်ရပ်ရဲ့ အသေးစိတ်ကို ဆက်လက် စုံစမ်းနေပါတယ်” လို့ အရာရှိက သူ့ရဲ့တွတ်(စ်)တာ မှာ ပြောကြားခဲ့ပါတယ်။ ပုလဲဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယခု ပစ်ခတ်မူကို ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ အမည်တွေနဲ့ မိသားစုဝင်တွေကို မသိရသေးဘူးလို့ ရေတပ်စုံစမ်း စစ်ဆေးရေးက ပြောပါတယ်။ မျက်မြင်သက်သေတစ်ယောက်က သူ ကွန်ပျူတာထိုင်သုံးနေတုန်း သေနတ်သံကြားလို့ တံခါးကို ကမန်းကတန်းဖွင့်ကြည့်လိုက်တဲ့အခါ မြေပြင်ပေါ်မှာ လူ ၃ ဦး လဲကျနေတာကို တွေ့လိုက်ရပါတယ်လို့ သတင်းဌာနကို ပြောခဲ့ပါတယ်။ အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးကလည်း သေနတ်သမားဟာ ရေတပ်သားဝတ်စုံ ဝတ်ထားပြီး ကိုယ်ခေါင်းကိုယ် သေနတ်နဲ့ ချိန်ပြီး သေကြောင်းကြံခဲ့တာ မြင်လိုက်ပါတယ်လို့ သတင်းဌာနကို ပြောခဲ့ပါတယ်။ 
အမေရိကန်လေတပ်နဲ့ ရေတပ် ပူးတွဲအခြေစိုက်တဲ့ ပုလဲဆိပ်ကမ်း အခြေစိုက်စခန်း Hickam ဟာ ဟိုနိုလူလူကနေ ၁၃ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန )  | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။