Skip to main content
တုိင္းရင္းသားမ်ားလုိလားသည့္ဖက္ဒရယ္္စနစ္မွာ အာဏာကုိသတ္သတ္မွတ္မွတ္ခြဲေ၀သည့္စနစ္ျဖစ္ဟု ဆို 
Ads Block

တုိင္းရင္းသားမ်ားလုိလားသည့္ဖက္ဒရယ္္စနစ္မွာ အာဏာကုိသတ္သတ္မွတ္မွတ္ခြဲေ၀သည့္စနစ္ျဖစ္ဟု ဆို 


တိုင္းရင္းသားမ်ားလိုလားသည့္ဖက္ဒရယ္စနစ္မွာ အာဏာကို ျပည္နယ္ႏွင့္ျပည္ေထာင္စုအၾကား သတ္သတ္မွတ္မွတ္ခြဲေ၀သည့္စနစ္ျဖစ္ေၾကာင္း ရခုိင္ျပည္နယ္မဲဆႏၵနယ္အမွတ္- ၁၁ မွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ေဒၚထုေမက ေျပာၾကားသည္။
ဒီဇင္ဘာလ ၅ ရက္၌ က်င္းပေသာ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ ၁၄ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေ၀းတြင္ ေျပာၾကားျခင္းျဖစ္သည္။ 
“တုိင္းရင္းသားညီအကုိေမာင္နွမေတြလုိလားတဲ့ဖက္ဒရယ္စနစ္ကုိ ရည္ညႊန္းေျပာဆုိတုိင္းမွာ တုိင္းရင္းသားမ်ားရဲ႕ရင္ထဲ၊ နွလုံးသားထဲက စကားေတြကုိအမွန္တကယ္နားေထာင္ေပးဖုိ႔လုိပါမယ္။ တုိင္းရင္းသားမ်ားရဲ႕အက်ိဳးစီးပြားကုိလုိလားတယ္လုိ႔ေျပာတဲ့အခါတုိင္းမွာ လက္ေတြ႔က်တဲ့သက္ေသျပမႈေတြ လုိအပ္ေနပါတယ္။ ကြ်န္မတုိ႔တုိင္းရင္းသားေတြလုိအပ္တဲ့ဖက္ဒရယ္စနစ္က ျပည္နယ္နဲ႔ျပည္ေထာင္စုမ်ားအၾကား အာဏာကုိသတ္သတ္မွတ္မွတ္ခြဲေ၀တဲ့စနစ္ပဲျဖစ္ပါတယ္”ဟု ရခုိင္ျပည္နယ္မဲဆႏၵနယ္အမွတ္- ၁၁ မွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ေဒၚထုေမက ေျပာသည္။
၂၀၀၈ ဖြဲ႕စည္းပံုျပင္ဆင္ေရးႏွင့္ပတ္သက္၍ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၂၉ ရက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ တင္သြင္းခဲ့ျခင္းျဖစ္ၿပီး  ျပည္ေထာင္စုလႊတ္ေတာ္က ဖြဲ႔စည္းပုံျပင္ဆင္ေရးဥပေဒၾကမ္းပူးေပါင္းေရးေကာ္မတီဖြဲ႔စည္းေပးခဲ့သည္။
လက္ရွိတြင္ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒၾကမ္း ၄ ခုေရာက္ရွိေနၿပီး သေဘာထားကြဲလြဲမႈမ်ားရွိေနေၾကာင္းသိရသည္။
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒတြင္ အခန္းေပါင္း ၁၅ ခန္း၊ ပုဒ္မေပါင္း ၄၀၀ ေက်ာ္ပါ၀င္ၿပီး ၂၀၀၈ ခုႏွစ္၊ ေမလတြင္ ျပည္လုံးကြ်တ္ဆႏၵခံယူပြဲက်င္းပကာ အတည္ျပဳျပ႒ာန္းခဲ့ျခင္းျဖစ္သည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version


တိုင်းရင်းသားများလိုလားသည့်ဖက်ဒရယ်စနစ်မှာ အာဏာကို ပြည်နယ်နှင့်ပြည်ထောင်စုအကြား သတ်သတ်မှတ်မှတ်ခွဲဝေသည့်စနစ်ဖြစ်ကြောင်း ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်- ၁၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက ပြောကြားသည်။
ဒီဇင်ဘာလ ၅ ရက်၌ ကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။ 
“တိုင်းရင်းသားညီအကိုမောင်နှမတွေလိုလားတဲ့ဖက်ဒရယ်စနစ်ကို ရည်ညွှန်းပြောဆိုတိုင်းမှာ တိုင်းရင်းသားများရဲ့ရင်ထဲ၊ နှလုံးသားထဲက စကားတွေကိုအမှန်တကယ်နားထောင်ပေးဖို့လိုပါမယ်။ တိုင်းရင်းသားများရဲ့အကျိုးစီးပွားကိုလိုလားတယ်လို့ပြောတဲ့အခါတိုင်းမှာ လက်တွေ့ကျတဲ့သက်သေပြမှုတွေ လိုအပ်နေပါတယ်။ ကျွန်မတို့တိုင်းရင်းသားတွေလိုအပ်တဲ့ဖက်ဒရယ်စနစ်က ပြည်နယ်နဲ့ပြည်ထောင်စုများအကြား အာဏာကိုသတ်သတ်မှတ်မှတ်ခွဲဝေတဲ့စနစ်ပဲဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်- ၁၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး  ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းပူးပေါင်းရေးကော်မတီဖွဲ့စည်းပေးခဲ့သည်။
လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း ၄ ခုရောက်ရှိနေပြီး သဘောထားကွဲလွဲမှုများရှိနေကြောင်းသိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော်ပါဝင်ပြီး ၂၀၀၈ ခုနှစ်၊ မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။