Skip to main content
ထုိင္းမွာရွိေနတဲ့ ဒုကၡသည္ေတြကုိ တတိယႏုိင္ငံတစ္ခုသုိ ့ ေျပာင္းေရႊ႕ဖုိ႔နဲ႔ ျမန္မာႏုိင္ငံတြင္း တုိက္ပြဲေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ဒုကၡသည္ျပႆနာကုိ ကူညီေျဖရွင္းေပးဖုိ ့ ထုိင္းက UNHCR ကုိ ေတာင္းဆုိ  
Ads Block

ထုိင္းမွာရွိေနတဲ့ ဒုကၡသည္ေတြကုိ တတိယႏုိင္ငံတစ္ခုသုိ ့ ေျပာင္းေရႊ႕ဖုိ႔နဲ႔ ျမန္မာႏုိင္ငံတြင္း တုိက္ပြဲေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ဒုကၡသည္ျပႆနာကုိ ကူညီေျဖရွင္းေပးဖုိ ့ ထုိင္းက UNHCR ကုိ ေတာင္းဆုိ  

 

ထုိင္းႏုိင္ငံတြင္းရွိ ဒုကၡသည္ေတြနဲ႕ ခုိလႈံခြင့္ေတာင္းခံသူေတြကုိ တတိယႏုိင္ငံတစ္ခုသုိ ့ ေျပာင္းေရႊ႕ေနရာခ်မယ့္လုပ္ငန္းကုိ အလ်င္အျမန္လုပ္ေဆာင္ေပးဖုိ ့ ထုိင္းအစုိးရက ကုလသမဂၢ ဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီး UNHCR ကုိ တုိက္တြန္းခဲ့ေၾကာင္း ထုိင္း ကာကြယ္ေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေကာင္ခ်က္ပ္ တန္ထရာဗာနစ္က ေျပာဆုိပါတယ္။ 
UNHCR ရဲ႕ အာရွနဲ႕ ပစိဖိတ္ဆုိင္ရာ ညႊန္ၾကားေရးမွဴး အင္ဒရီကာ ရတ္၀ါတီနဲ႕ ကာကြယ္ေရး၀န္ႀကီးဌာနမွာ ေတြ႕ဆုံ ေဆြးေႏြးခဲ့မႈအတြင္း ထုိင္း ဒု-၀န္ႀကီးခ်ဳပ္ ပရာ၀စ္ ေ၀ါဆူ၀မ္က ယင္းကဲ့သုိ ့ ေတာင္းဆုိခဲ့တာျဖစ္ေၾကာင္း ဒုဗုိလ္ခ်ဳပ္ႀကီး ေကာင္ခ်က္ပ္က ေျပာပါတယ္။ ဒါ့အျပင္ အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာ ျဖစ္ပြားေနတဲ့ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ဒုကၡသည္ ျပႆနာအေရး ကူညီေျဖရွင္းေပးဖုိ ့လည္း ဗုိလ္ခ်ဳပ္ ပရာ၀စ္က UNHCR ကုိ ေတာင္းဆုိခဲ့တယ္လုိ ့ ၄င္းက ဆက္လက္ ေျပာဆုိခဲ့ပါတယ္။ 
ထုိင္းႏုိင္ငံဟာ ဒုကၡသည္ေတြနဲ႕ ခုိလႈံခြင့္ရွာေဖြသူေတြကုိ ၄င္းတုိ ့လာရာ မူရင္းႏုိင္ငံ ျပန္လည္ပုိ ့ေဆာင္ေရး၊ ထိန္းသိမ္းစခန္းေရာက္ ကေလးငယ္ေတြကုိ ကာကြယ္ေစာင့္ေရွာက္ေရးနဲ႕ ယာယီပညာသင္ၾကားမႈေပးေရး အစီအစဥ္ေတြ အပါအ၀င္ UNHCR ရဲ႕ လုပ္ငန္းစဥ္ေတြမွာ ဆက္လက္ ေထာင္ပံ့ကူညီေပးသြားမွာျဖစ္တယ္လုိ ့ ၄င္းက ေျပာဆုိပါတယ္။ အာဆီယံ အလွည့္က် ဥကၠ႒ျဖစ္တဲ့ ထုိင္းႏုိင္ငံဟာ ျမန္မာႏုိင္ငံ ရခုိင္ျပည္နယ္မွ ေနရပ္စြန္ ့ခြာလာသူေတြကုိ အလ်င္အျမန္ ေနရပ္ျပန္လည္ပုိ ့ေဆာင္ေရးကုိလည္း ဗုိလ္ခ်ဳပ္ ပရာ၀စ္ က ကတိျပဳေျပာဆုိခဲ့တယ္လုိ ့ ဆုိပါတယ္။ 
ဒုကၡသည္နဲ႕ ခုိလႈံခြင့္ရွာေဖြသူေတြ အေရး ကုိင္တြယ္စီမံရာမွာ ထုိင္းႏုိင္ငံအတြက္ ေထာက္ခံ ပံ့ပုိးသြားမယ္လုိ ့ မစၥတာ ရတ္၀ါတီက ကတိျပဳခဲ့ေၾကာင္း သိရပါတယ္။ 
တစ္ခ်ိန္တည္းမွာပဲ ထုိင္းအစုိးရဟာ ဒီဇင္ဘာ ၁၇ ကေန ၁၈ ရက္မွာ ဂ်ီနီဗာမွာျပဳလုပ္မယ့္ ပထမဆုံးအႀကိမ္ ကမာၻလုံးဆုိင္ရာ ဒုကၡသည္ဖုိရမ္မွာ ထုတ္ျပန္မယ့္ ထုိင္းႏုိင္ငံရဲ႕ ကတိက၀တ္ မူၾကမ္းကုိ အဂၤါေန႕မွာ အတည္ျပဳေပးခဲ့ေၾကာင္း သိရပါတယ္။ ယင္းမူၾကမ္းအရ ထုိင္းႏုိင္ငံတြင္း ခုိလႈံခြင့္ေတာင္းခံဖုိ ့ေရာက္ရွိေနတဲ့ ျမန္မာကေလးငယ္ေတြရဲ႕ ပညာေရးဆုိင္ရာ အသိအမွတ္ျပဳ စာရြက္စာတမ္းေတြ ထုတ္ေပးဖုိ ့နဲ႕ ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြ အလုပ္အကုိင္ အခြင့္အလမ္းပုိမုိရရွိေရး ေဆာင္ရြက္ေပးဖုိ ့ ထုိင္းအစုိးရက ကတိျပဳထားေၾကာင္း သိရပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန) | Ref : ဘန္ေကာက္ပုိ ့စ္ 

Unicode Version

 

ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို တတိယနိုင်ငံတစ်ခုသို့ ပြောင်းရွှေ့နေရာချမယ့်လုပ်ငန်းကို အလျင်အမြန်လုပ်ဆောင်ပေးဖို့ ထိုင်းအစိုးရက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR ကို တိုက်တွန်းခဲ့ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ကောင်ချက်ပ် တန်ထရာဗာနစ်က ပြောဆိုပါတယ်။ 
UNHCR ရဲ့ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး အင်ဒရီကာ ရတ်ဝါတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ တွေ့ဆုံ ဆွေးနွေးခဲ့မှုအတွင်း ထိုင်း ဒု-ဝန်ကြီးချုပ် ပရာဝစ် ဝေါဆူဝမ်က ယင်းကဲ့သို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ကောင်ချက်ပ်က ပြောပါတယ်။ ဒါ့အပြင် အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည် ပြဿနာအရေး ကူညီဖြေရှင်းပေးဖို့လည်း ဗိုလ်ချုပ် ပရာဝစ်က UNHCR ကို တောင်းဆိုခဲ့တယ်လို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။ 
ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်ရှာဖွေသူတွေကို ၎င်းတို့လာရာ မူရင်းနိုင်ငံ ပြန်လည်ပို့ဆောင်ရေး၊ ထိန်းသိမ်းစခန်းရောက် ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ယာယီပညာသင်ကြားမှုပေးရေး အစီအစဉ်တွေ အပါအဝင် UNHCR ရဲ့ လုပ်ငန်းစဉ်တွေမှာ ဆက်လက် ထောင်ပံ့ကူညီပေးသွားမှာဖြစ်တယ်လို့ ၎င်းက ပြောဆိုပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူတွေကို အလျင်အမြန် နေရပ်ပြန်လည်ပို့ဆောင်ရေးကိုလည်း ဗိုလ်ချုပ် ပရာဝစ် က ကတိပြုပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 
ဒုက္ခသည်နဲ့ ခိုလှုံခွင့်ရှာဖွေသူတွေ အရေး ကိုင်တွယ်စီမံရာမှာ ထိုင်းနိုင်ငံအတွက် ထောက်ခံ ပံ့ပိုးသွားမယ်လို့ မစ္စတာ ရတ်ဝါတီက ကတိပြုခဲ့ကြောင်း သိရပါတယ်။ 
တစ်ချိန်တည်းမှာပဲ ထိုင်းအစိုးရဟာ ဒီဇင်ဘာ ၁၇ ကနေ ၁၈ ရက်မှာ ဂျီနီဗာမှာပြုလုပ်မယ့် ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်ဖိုရမ်မှာ ထုတ်ပြန်မယ့် ထိုင်းနိုင်ငံရဲ့ ကတိကဝတ် မူကြမ်းကို အင်္ဂါနေ့မှာ အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ယင်းမူကြမ်းအရ ထိုင်းနိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံဖို့ရောက်ရှိနေတဲ့ မြန်မာကလေးငယ်တွေရဲ့ ပညာရေးဆိုင်ရာ အသိအမှတ်ပြု စာရွက်စာတမ်းတွေ ထုတ်ပေးဖို့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိရေး ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရက ကတိပြုထားကြောင်း သိရပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန) | Ref : ဘန်ကောက်ပို့စ် 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။