Skip to main content
ညအခ်ိန္ဆိုင္ကယ္ႏွင့္လိုက္ၿပီး ဓားျဖင့္ထိုးသတ္မႈမွပါ၀င္သူမ်ားကို စံုစမ္းေန
Ads Block

ညအခ်ိန္ဆိုင္ကယ္ႏွင့္လိုက္ၿပီး ဓားျဖင့္ထိုးသတ္မႈမွပါ၀င္သူမ်ားကို စံုစမ္းေန


ညအခ်ိန္ဆိုင္ကယ္ႏွင့္လိုက္ၿပီး ဓားျဖင့္ထိုးသတ္မႈမွပါ၀င္သူ ၃ ဦးကို ရဲတပ္ဖြဲ႔ကစံုစမ္းေနေၾကာင္း ပဲခူးၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။
ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၄ ရက္၊ ညပိုင္းအခ်ိန္၌ ပဲခူးၿမိဳ႕၊ မဂၢတစ္လမ္းမီးပြိဳင့္အနီးေခါင္ရည္ဆိုင္တစ္ဆိုင္တြင္ ေမွ်ာကန္(၁)လမ္း၊ ဒကၡိဏာ႐ုံေက်ာင္းဝင္းေနသက္စိုးဦး(၁၇)ႏွစ္၊ ဇိုင္းေတာင္ရပ္ကြက္၊ ကြက္သစ္(၄)လမ္းေန မ်ိဳးထက္ေအာင္(၂၈)ႏွစ္ႏွင့္ ဇိုင္းေတာင္ရပ္ကြက္၊ ပုဏၰားစု(၆)လမ္းေနသီဟစိုး(၁၉)ႏွစ္တို႔ သူငယ္ခ်င္း ၃ ဦးတို႔သည္ ေခါင္ရည္ေသာက္ၾကေၾကာင္း သိရသည္။
ထို႔ေနာက္ ည ၁၁ နာရီ၌ ရန္ကုန္-မႏၲေလးလမ္းေဟာင္းအတိုင္းဆိုင္ကယ္တစ္စီးလွ်င္ ၃ ဦးစီး၍ျပန္လာၾကစဥ္ ပိုလန္ဧည့္ရိပ္သာအနီးသို႔ ေရာက္ရွိလာခဲ့ရာ ၎တို႔၏ဝဲဘက္ျခမ္းမွကပ္၍စီးနင္းလာေသာ ပက္ကြန္လက္ကိုင္အေကာက္ဆိုင္ကယ္ေပၚပါ လူ ၃ ဦးတို႔က ကပ္လုိက္လာၿပီးေနာက္ အသင့္ပါလာေသာဓားျဖင့္ သက္စိုးဦးပါ ၎တို႔သူငယ္ခ်င္း ၃ ဦးကို ထုိး၍ထြက္ေျပးသြားၾကျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
ထို႔ေၾကာင့္ သက္စိုးဦး(၁၇)ႏွစ္မွာ ၀ဲဘက္ခ်ိဳင္းေအာက္ထိုးသြင္းဒဏ္ရာျဖင့္ေသဆံုးသြားခဲ့ရၿပီး မ်ိဳးထက္ေအာင္(၂၈ႏွစ္)တြင္ ယာလက္ေမာင္းထိုးသြင္းဒဏ္ရာႏွင့္ သီဟစိုး(၁၉ႏွစ္)တြင္ ဝဲလက္ေမာင္းရင္းထိုးသြင္းဒဏ္ရာတို႔ရရွိခဲ့ေၾကာင္း သိရသည္။
သို႔ျဖစ္၍ ေသဆံုးသူသက္စိုးဦး၊ (၁၇)ႏွစ္ကိုပဲခူးျပည္သူ႔ေဆးရံုရင္ခြဲရံုသို႔လည္းေကာင္း၊ က်န္ ၂ ဦးကို အေထြေထြကုသေဆာင္ဌာနသို႔လည္းေကာင္း ပို႔ေဆာင္ကုသေစခဲ့ေၾကာင္း သိရသည္။
အမႈႏွင့္ပတ္သက္၍ ပဲခူးၿမိဳ႕မရဲစခန္း၌ (ပ)၃၃၈၉/၂၀၁၉၊ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၄ တို႔ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူမ်ားကိုဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သတင္းရရွိသည္။  

- ဒါးဇ(အကုန္သိသတင္းဌာန) | Source - ၿဖိဳးကိုလင္း(ေညာင္၀ိုင္း)

Unicode Version

 


ညအချိန်ဆိုင်ကယ်နှင့်လိုက်ပြီး ဓားဖြင့်ထိုးသတ်မှုမှပါဝင်သူ ၃ ဦးကို ရဲတပ်ဖွဲ့ကစုံစမ်းနေကြောင်း ပဲခူးမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၄ ရက်၊ ညပိုင်းအချိန်၌ ပဲခူးမြို့၊ မဂ္ဂတစ်လမ်းမီးပွိုင့်အနီးခေါင်ရည်ဆိုင်တစ်ဆိုင်တွင် မျှောကန်(၁)လမ်း၊ ဒက္ခိဏာရုံကျောင်းဝင်းနေသက်စိုးဦး(၁၇)နှစ်၊ ဇိုင်းတောင်ရပ်ကွက်၊ ကွက်သစ်(၄)လမ်းနေ မျိုးထက်အောင်(၂၈)နှစ်နှင့် ဇိုင်းတောင်ရပ်ကွက်၊ ပုဏ္ဏားစု(၆)လမ်းနေသီဟစိုး(၁၉)နှစ်တို့ သူငယ်ချင်း ၃ ဦးတို့သည် ခေါင်ရည်သောက်ကြကြောင်း သိရသည်။
ထို့နောက် ည ၁၁ နာရီ၌ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်းဆိုင်ကယ်တစ်စီးလျှင် ၃ ဦးစီး၍ပြန်လာကြစဉ် ပိုလန်ဧည့်ရိပ်သာအနီးသို့ ရောက်ရှိလာခဲ့ရာ ၎င်းတို့၏ဝဲဘက်ခြမ်းမှကပ်၍စီးနင်းလာသော ပက်ကွန်လက်ကိုင်အကောက်ဆိုင်ကယ်ပေါ်ပါ လူ ၃ ဦးတို့က ကပ်လိုက်လာပြီးနောက် အသင့်ပါလာသောဓားဖြင့် သက်စိုးဦးပါ ၎င်းတို့သူငယ်ချင်း ၃ ဦးကို ထိုး၍ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် သက်စိုးဦး(၁၇)နှစ်မှာ ဝဲဘက်ချိုင်းအောက်ထိုးသွင်းဒဏ်ရာဖြင့်သေဆုံးသွားခဲ့ရပြီး မျိုးထက်အောင်(၂၈နှစ်)တွင် ယာလက်မောင်းထိုးသွင်းဒဏ်ရာနှင့် သီဟစိုး(၁၉နှစ်)တွင် ဝဲလက်မောင်းရင်းထိုးသွင်းဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ သေဆုံးသူသက်စိုးဦး၊ (၁၇)နှစ်ကိုပဲခူးပြည်သူ့ဆေးရုံရင်ခွဲရုံသို့လည်းကောင်း၊ ကျန် ၂ ဦးကို အထွေထွေကုသဆောင်ဌာနသို့လည်းကောင်း ပို့ဆောင်ကုသစေခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ ပဲခူးမြို့မရဲစခန်း၌ (ပ)၃၃၈၉/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၄ တို့ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။  

- ဒါးဇ(အကုန်သိသတင်းဌာန) | Source - ဖြိုးကိုလင်း(ညောင်ဝိုင်း)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။