Skip to main content
သမၼတႏွင့္ႏိုင္ငံေတာ္အႀကီးအကဲမ်ားအတြက္ က်ည္ကာကား ၆ စီး၀ယ္ယူရာတြင္အခြန္ကင္းလြတ္ခြင့္ျပဳရန္ တင္ျပ
Ads Block

သမၼတႏွင့္ႏိုင္ငံေတာ္အႀကီးအကဲမ်ားအတြက္ က်ည္ကာကား ၆ စီး၀ယ္ယူရာတြင္အခြန္ကင္းလြတ္ခြင့္ျပဳရန္ တင္ျပ

 

ႏိုင္ငံေတာ္သမၼတႏွင့္ႏိုင္ငံေတာ္အႀကီးအကဲမ်ားအတြက္ က်ည္ကာကား ၆ စီး၀ယ္ယူရာတြင္ အခြန္ကင္းလြတ္ခြင့္ျပဳရန္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈ၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး ဦးေမာင္ေမာင္၀င္းက တင္ျပလိုက္သည္။
ဒီဇင္ဘာလ ၅ ရက္က က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ယခုကဲ့သို႔တင္ျပလိုက္ျခင္း ျဖစ္သည္။
“၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္မွာ၀ယ္ယူမယ့္ေမာ္ေတာ္ယာဥ္ ၆ စီး၀ယ္ယူရာတြင္ က်သင့္သည့္ အထူးကုန္စည္ခြန္ႏွင့္ကုန္သြယ္လုပ္ငန္းခြန္တို႔ကင္းလြတ္ခြင့္ရရိွေရးတို႔အတြက္ လႊတ္ေတာ္ရဲ႕အတည္ျပဳခ်က္ ရယူႏုိင္ရန္ရွင္းလင္းတင္ျပျခင္းျဖစ္ပါတယ္။ အဆိုပါေမာ္ေတာ္ယာဥ္ ၆ စီးကို၀ယ္ယူရာတြင္ ဂ်ပန္ႏိုင္ငံရိွ ေမာ္ေတာ္ယာဥ္ထုတ္လုပ္သည့္ႏုိင္ငံမွ ရန္ကုန္ဆိပ္ကမ္းအေရာက္တန္ဖိုး၊ တိုက္႐ိုက္မွာယူသည့္စနစ္ျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ပါတယ္။ ယင္းသို႔၀ယ္ယူျခင္းျဖင့္ ႏုိင္ငံေတာ္အႀကီးအကဲမ်ားရဲ႕ ျပည္တြင္းခရီးစဥ္မ်ား သြားလာရာတြင္ လံုျခံဳစိတ္ခ်ရမႈရိွစြာႏွင့္ အႏၱရာယ္ကင္းစြာျဖင့္အဆင္ေျပေခ်ာေမြ႔စြာအသံုးျပဳႏုိင္ျခင္း၊ ႏိုင္ငံေတာ္အဆင့္ ဧည့္သည္ေတာ္မ်ား၏ ျပည္တြင္းခရီးစဥ္မ်ားတြင္လည္း ႏုိင္ငံေတာ္ဧည့္ယာဥ္ျဖင့္ အသံုးျပဳႏုိင္ျခင္းစတဲ့အက်ိဳးေက်းဇူးမ်ားကိုရရိွႏိုင္မွာျဖစ္ပါတယ္” ဟု စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈ၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး ဦးေမာင္ေမာင္၀င္းက ေျပာသည္။ 
၀ယ္ယူမည့္ ေမာ္ေတာ္ယာဥ္အမ်ိဳးအစားမွာ တိုယိုတာ လန္ခ႐ူဆာ ၂၀၁၉၊ ၂၀၂၀ တို႔ျဖစ္ၿပီး စုစုေပါင္း ၆ စီး ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ဆိပ္ကမ္းအေရာက္တန္ဖိုးအေနျဖင့္အေမရိကန္ေဒၚလာ ၇.၃၅၉၂ သိန္းျဖစ္ကာ ၎အေပၚတြင္ အထူးကုန္စည္အျဖစ္သည့္ ျပည္ေထာင္စုအခြန္အေကာက္ဥပေဒ၊ ပုဒ္မ- ၁၁ ပါျပဌာန္းခ်က္အရ ကုန္းေပၚေရာက္တန္ဖိုး၏ ၅၀ ရာခိုင္ႏႈန္းျဖစ္ေသာ အေမရိကန္ေဒၚလာ ၃. ၆၇၉၆ သိန္းက်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
ကုန္သြယ္လုပ္ငန္းခြန္အျဖစ္ ယင္းဥပေဒပုဒ္မ-၁၄ ပါျပ႒ာန္းခ်က္အရ အထူးကုန္စည္ခြန္အပါအ၀င္ျဖစ္ေသာ ကုန္းေပၚေရာက္တန္ဖိုး၏ ၅ ရာခိုင္ႏႈန္းျဖစ္သည့္အေမရိကန္ေဒၚလာ ၀. ၅၅၁၉ သိန္းက်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေမာ္ေတာ္ယာဥ္ေျခာက္စီးအတြက္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈ၀န္ႀကီးဌာန၊ ဗဟိုစက္ပစၥည္း စစ္ေဆးေရး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ဘ႑ာေရးႏွစ္ ေငြလံုးေငြရင္းအသံုးစရိတ္က်ပ္ ၇၄၉. ၉၉၈ သန္း ခြင့္ျပဳပါရိွၿပီးျဖစ္ေၾကာင္း သိရသည္။

-- အံ့ညီညီ- ေနျပည္ေတာ္(အကုန္သိသတင္းဌာန)

Unicode Version

 

နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော်အကြီးအကဲများအတွက် ကျည်ကာကား ၆ စီးဝယ်ယူရာတွင် အခွန်ကင်းလွတ်ခွင့်ပြုရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြလိုက်သည်။
ဒီဇင်ဘာလ ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ယခုကဲ့သို့တင်ပြလိုက်ခြင်း ဖြစ်သည်။
“၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာဝယ်ယူမယ့်မော်တော်ယာဉ် ၆ စီးဝယ်ယူရာတွင် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်တို့ကင်းလွတ်ခွင့်ရရှိရေးတို့အတွက် လွှတ်တော်ရဲ့အတည်ပြုချက် ရယူနိုင်ရန်ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်။ အဆိုပါမော်တော်ယာဉ် ၆ စီးကိုဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိ မော်တော်ယာဉ်ထုတ်လုပ်သည့်နိုင်ငံမှ ရန်ကုန်ဆိပ်ကမ်းအရောက်တန်ဖိုး၊ တိုက်ရိုက်မှာယူသည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ယင်းသို့ဝယ်ယူခြင်းဖြင့် နိုင်ငံတော်အကြီးအကဲများရဲ့ ပြည်တွင်းခရီးစဉ်များ သွားလာရာတွင် လုံခြုံစိတ်ချရမှုရှိစွာနှင့် အန္တရာယ်ကင်းစွာဖြင့်အဆင်ပြေချောမွေ့စွာအသုံးပြုနိုင်ခြင်း၊ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ပြည်တွင်းခရီးစဉ်များတွင်လည်း နိုင်ငံတော်ဧည့်ယာဉ်ဖြင့် အသုံးပြုနိုင်ခြင်းစတဲ့အကျိုးကျေးဇူးများကိုရရှိနိုင်မှာဖြစ်ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။ 
ဝယ်ယူမည့် မော်တော်ယာဉ်အမျိုးအစားမှာ တိုယိုတာ လန်ခရူဆာ ၂၀၁၉၊ ၂၀၂၀ တို့ဖြစ်ပြီး စုစုပေါင်း ၆ စီး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းအရောက်တန်ဖိုးအနေဖြင့်အမေရိကန်ဒေါ်လာ ၇.၃၅၉၂ သိန်းဖြစ်ကာ ၎င်းအပေါ်တွင် အထူးကုန်စည်အဖြစ်သည့် ပြည်ထောင်စုအခွန်အကောက်ဥပဒေ၊ ပုဒ်မ- ၁၁ ပါပြဌာန်းချက်အရ ကုန်းပေါ်ရောက်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၃. ၆၇၉၆ သိန်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ယင်းဥပဒေပုဒ်မ-၁၄ ပါပြဋ္ဌာန်းချက်အရ အထူးကုန်စည်ခွန်အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုး၏ ၅ ရာခိုင်နှုန်းဖြစ်သည့်အမေရိကန်ဒေါ်လာ ဝ. ၅၅၁၉ သိန်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမော်တော်ယာဉ်ခြောက်စီးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စစ်ဆေးရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ကျပ် ၇၄၉. ၉၉၈ သန်း ခွင့်ပြုပါရှိပြီးဖြစ်ကြောင်း သိရသည်။

- အံ့ညီညီ- နေပြည်တော်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။