Skip to main content
ေသာၾကာေန ့ ၀တ္ျပဳအစီအစဥ္တြကုိ မလာေရာက္ခဲ့တဲ့ မေလးရွား မြတ္ဆလင္ ေျခာက္ဦးကုိ ေထာင္ တစ္လစီ ခ်မွတ္ 
Ads Block

ေသာၾကာေန ့ ၀တ္ျပဳအစီအစဥ္တြကုိ မလာေရာက္ခဲ့တဲ့ မေလးရွား မြတ္ဆလင္ ေျခာက္ဦးကုိ ေထာင္ တစ္လစီ ခ်မွတ္ 

 

ေသာၾကာေန ့ ၀တ္ျပဳအစီအစဥ္ေတြကုိ မလာေရာက္ဘဲ ေရွာင္ရွားခဲ့ၾကတဲ့ မေလးရွား မြတ္ဆလင္ ေျခာက္ဦးကုိ အစၥလာမ္မစ္ ဥပေဒခ်ဳိးေဖာက္မႈနဲ႕ ဗုဒၶဟူးေန ့(ဒီဇင္ဘာ ၄) က ေထာင္ဒဏ္ တစ္လစီ ခ်မွတ္ ခဲ့ေၾကာင္း သိရၿပီး လူမ်ဳိးစုမ်ားစြာ ေနထုိင္ၾကတဲ့ ႏုိင္ငံမွာ ဘာသာေရး ေရွးရုိးဆန္၀ါဒျမင့္တက္လာမႈနဲ႕ ပတ္သက္လုိ ့ စုိးရိမ္ပူပန္မႈသစ္ေတြ ေပၚထြက္ခဲ့ပါတယ္။ 
မေလးရွားႏုိင္ငံမွာ ေသာၾကာေန ့ ၀တ္ျပဳပြဲေတြကုိ မြတ္ဆလင္အမ်ဳိးသားတုိင္း တက္ေရာက္ရမယ့္ တာ၀န္ရွိပါတယ္။ ဒါေပမဲ့ ၀တ္ျပဳပြဲေတြကုိ မလာေရာက္လုိ ့ ဒဏ္ခတ္တဲ့အေနနဲ႕ အခုလုိ ျပင္းထန္တဲ့ အျပစ္ေပးမႈမ်ဳိးေတာ့ ရွားပါးပါတယ္။ 
အသက္ ၁၇ ႏွစ္ကေန ၃၅ အၾကားရွိၾကတဲ့ အမ်ဳိးသားေျခာက္ဦးဟာ မြတ္ဆလင္တုိ ့အတြက္ သီတင္းပတ္ရဲ႕ အထြတ္အျမတ္ေန ့တစ္ခုျဖစ္တဲ့ ေသာၾကာေန ့၀တ္ျပဳပြဲကုိ မတက္ေရာက္ၾကဘဲ ေရတံခြန္ တစ္ခုမွာ ေပ်ာ္ပြဲစားထြက္ေနခဲ့ၾကတာျဖစ္ေၾကာင္း Harian Metro သတင္းစာက ေရးသားပါတယ္။ 
ကြန္ဆာေဗးတစ္ျပည္နယ္တစ္ခုျဖစ္တဲ့ ႏုိင္ငံအေရွ႕ေျမာက္ပုိင္း တီရန္ဂါႏုျပည္နယ္မွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန ့က ရွာရီယာတရားရုံးတစ္ခု ၾကားနာမႈအတြင္း ၄င္းတုိ ့မွာ အျပစ္ရွိေၾကာင္း အမ်ဳိးသား ေျခာက္ဦးက ၀န္ခံထားခဲ့ပါတယ္။ ၄င္းတုိ ့ဟာ ဒဏ္ေငြအျဖစ္ မေလးရွား ရင္းဂစ္ ၂၄၀၀နဲ႕ ၂၅၀၀ အၾကား အသီးသီး ခ်မွတ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ျပစ္ဒဏ္ေတြအတြက္ အယူခံခြင့္နဲ႕အတူ ၄င္းတုိ ့ကုိ အာမခံနဲ႕ လႊတ္ေပးထားခဲ့ပါတယ္။ မေလးရွားႏုိင္ငံရဲ႕ ရွာရီယာ ဥပေဒအရ ၄င္းတုိ ့ဟာ အျမင့္ဆုံး ျပစ္ဒဏ္ ေထာင္ ၂ ႏွစ္စီအထိ က်ခံရႏုိင္ခဲ့တာျဖစ္ပါတယ္။ 
ေ၀ဖန္သူေတြကေတာ့ ယခုအမႈဟာ အစဥ္အလာအရ သည္းခံေထာက္ထားမႈရွိေသာ မေလးရွား ႏုိင္ငံရဲ႕ အစၥလာမ္ပုံရိပ္ တုိက္စားခံေနရၿပီဆုိတာကုိ မီးေမာင္းထုိးျပခဲ့ေၾကာင္း ေျပာဆုိခဲ့ပါတယ္။  
ၿပီးခဲ့တဲ့ သီတင္းပတ္က လိင္တူ(ေဂး) ဆက္ဆံျခင္းျဖင့္ အစၥလာမ္မစ္ဥပေဒေတြကုိ ခ်ဳိးေဖာက္မႈနဲ႕ အမ်ဳိးသားေလးဦးကုိ ႀကိမ္ဒဏ္အျပစ္ေပးခဲ့တဲ့ ျဖစ္စဥ္အၿပီး ယခု အမႈ ေပၚထြက္လာတာျဖစ္ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : CNA

Unicode Version

 

သောကြာနေ့ ဝတ်ပြုအစီအစဉ်တွေကို မလာရောက်ဘဲ ရှောင်ရှားခဲ့ကြတဲ့ မလေးရှား မွတ်ဆလင် ခြောက်ဦးကို အစ္စလာမ်မစ် ဥပဒေချိုးဖောက်မှုနဲ့ ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၄) က ထောင်ဒဏ် တစ်လစီ ချမှတ် ခဲ့ကြောင်း သိရပြီး လူမျိုးစုများစွာ နေထိုင်ကြတဲ့ နိုင်ငံမှာ ဘာသာရေး ရှေးရိုးဆန်ဝါဒမြင့်တက်လာမှုနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုသစ်တွေ ပေါ်ထွက်ခဲ့ပါတယ်။ 
မလေးရှားနိုင်ငံမှာ သောကြာနေ့ ဝတ်ပြုပွဲတွေကို မွတ်ဆလင်အမျိုးသားတိုင်း တက်ရောက်ရမယ့် တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဝတ်ပြုပွဲတွေကို မလာရောက်လို့ ဒဏ်ခတ်တဲ့အနေနဲ့ အခုလို ပြင်းထန်တဲ့ အပြစ်ပေးမှုမျိုးတော့ ရှားပါးပါတယ်။ 
အသက် ၁၇ နှစ်ကနေ ၃၅ အကြားရှိကြတဲ့ အမျိုးသားခြောက်ဦးဟာ မွတ်ဆလင်တို့အတွက် သီတင်းပတ်ရဲ့ အထွတ်အမြတ်နေ့တစ်ခုဖြစ်တဲ့ သောကြာနေ့ဝတ်ပြုပွဲကို မတက်ရောက်ကြဘဲ ရေတံခွန် တစ်ခုမှာ ပျော်ပွဲစားထွက်နေခဲ့ကြတာဖြစ်ကြောင်း Harian Metro သတင်းစာက ရေးသားပါတယ်။ 
ကွန်ဆာဗေးတစ်ပြည်နယ်တစ်ခုဖြစ်တဲ့ နိုင်ငံအရှေ့မြောက်ပိုင်း တီရန်ဂါနုပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရှာရီယာတရားရုံးတစ်ခု ကြားနာမှုအတွင်း ၎င်းတို့မှာ အပြစ်ရှိကြောင်း အမျိုးသား ခြောက်ဦးက ဝန်ခံထားခဲ့ပါတယ်။ ၎င်းတို့ဟာ ဒဏ်ငွေအဖြစ် မလေးရှား ရင်းဂစ် ၂၄၀၀နဲ့ ၂၅၀၀ အကြား အသီးသီး ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပြစ်ဒဏ်တွေအတွက် အယူခံခွင့်နဲ့အတူ ၎င်းတို့ကို အာမခံနဲ့ လွှတ်ပေးထားခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ ရှာရီယာ ဥပဒေအရ ၎င်းတို့ဟာ အမြင့်ဆုံး ပြစ်ဒဏ် ထောင် ၂ နှစ်စီအထိ ကျခံရနိုင်ခဲ့တာဖြစ်ပါတယ်။ 
ဝေဖန်သူတွေကတော့ ယခုအမှုဟာ အစဉ်အလာအရ သည်းခံထောက်ထားမှုရှိသော မလေးရှား နိုင်ငံရဲ့ အစ္စလာမ်ပုံရိပ် တိုက်စားခံနေရပြီဆိုတာကို မီးမောင်းထိုးပြခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။  
ပြီးခဲ့တဲ့ သီတင်းပတ်က လိင်တူ(ဂေး) ဆက်ဆံခြင်းဖြင့် အစ္စလာမ်မစ်ဥပဒေတွေကို ချိုးဖောက်မှုနဲ့ အမျိုးသားလေးဦးကို ကြိမ်ဒဏ်အပြစ်ပေးခဲ့တဲ့ ဖြစ်စဉ်အပြီး ယခု အမှု ပေါ်ထွက်လာတာဖြစ်ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန )  | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။