Skip to main content
ေျမာက္ကုိရီးယားႏုိင္ငံရဲ႕ လူ႔အခြင့္အေရးအေၾကာင္း မေဆြးေႏြးဖုိ ့ ကုလ လုံၿခဳံေရးေကာင္စီကုိ ေျမာက္ကုိရီးယား သတိေပး 
Ads Block

ေျမာက္ကုိရီးယားႏုိင္ငံရဲ႕ လူ႔အခြင့္အေရးအေၾကာင္း မေဆြးေႏြးဖုိ ့ ကုလ လုံၿခဳံေရးေကာင္စီကုိ ေျမာက္ကုိရီးယား သတိေပး 

 

ကုလသမဂၢ လုံၿခဳံေရးေကာင္စီအေနနဲ႕ မိမိတုိ ့ႏုိင္ငံရဲ႕ လူ႕အခြင့္အေရး အေျခအေနနဲ႕ ပတ္သက္ၿပီး ေဆြးေႏြးေျပာဆုိျခင္းလုပ္တာဟာ ႀကီးမားတဲ့ ရန္စမႈတစ္ခုျဖစ္လာမွာျဖစ္ၿပီး ၿပဳံယမ္းက ျပင္းထန္စြာ တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း ေျမာက္ကုိရီးယားက ဗုဒၶဟူးေန ့မွာ သတိေပးခဲ့ပါတယ္။ 
ကုလသမဂၢဆုိင္ရာ ေျမာက္ကုိရီးယားသံအမတ္ ကင္ဆြန္းက ေပးပုိ ့ခဲ့တဲ့စာမွာ ယင္းသုိ ့ သတိေပးထားတာျဖစ္တယ္လုိ ့ ရုိက္တာသတင္းဌာနက ေဖာ္ျပခဲ့တာပါ။ သံတမန္ေတြရဲ႕ အေျပာအရ အဖြဲ႕၀င္ ၁၅ ႏုိင္ငံပါ လုံၿခဳံေရးေကာင္စီရဲ႕ အဖြဲ႕၀င္အမ်ားစုက ေျမာက္ကုိရီးယားႏုိင္ငံမွာ ျဖစ္ေနတဲ့ လူ႕အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႕ပတ္သက္လုိ ့ ယခုလအတြင္း အစည္းအေ၀းလုပ္သြားဖုိ ့ ေတာင္းဆုိရန္ စီစဥ္ေနတယ္လုိ ့ သိရပါတယ္။ 
ယင္းကဲ့သုိ ့ ေဆြးေႏြးပြဲမ်ဳိးဟာ ႏ်ဴကလီးယား ျပႆနာ အေျဖရွာေရး၊ ကုိရီးယား ကၽြန္းဆြယ္ တင္းမာမႈေလ်ာ့က်ေရးေတြအတြက္ အေထာက္အကူမျဖစ္တဲ့အျပင္ ပ်က္စီးယုိယြင္းသြားမယ့္ဆီ ဦးတည္ေနတဲ့ အေမရိကန္ရဲ႕ ရန္လုိတဲ့ ေပၚလစီအေပၚ ဘက္လုိက္သလုိျဖစ္ေနကာ မသိက်ဳိးကၽြံ႕လုပ္ရပ္တစ္ခုလည္း ျဖစ္လိမ့္မယ္လုိ ့ ကင္ရဲ႕ စာမွာ ေရးသားခဲ့ပါတယ္။ 
ယမန္ေန ့ကေတာ့ ေျမာက္ကုိရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္ဟာ အထြတ္အျမတ္ေတာင္ကုန္း တစ္ခုေပၚမွာ ျမင္းစီးသြားလာေနခဲ့တဲ့ ဓါတ္ပုံေတြကုိ ႏုိင္ငံပုိင္သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ သေကၤတအရမ္းဆန္တဲ့ ယင္းေတာင္ကုန္းေဒသမွာ ကင္ဂ်ဳံအန္ သြားေရာက္ခဲ့တာဟာ အေရးပါတဲ့ မူ၀ါဒတစ္ခု ထုတ္ျပန္ေၾကညာေတာ့မယ္ဆုိတာ ညႊန္ျပျခင္းျဖစ္ႏုိင္ေၾကာင္း သုံးသပ္မႈေတြ ရွိေနပါတယ္။ အေမရိကန္နဲ႕ ႏ်ဴကလီးယားေဆြးေႏြးပြဲေတြ ရပ္တန္ ့ေနကာ ၀ါရွင္တန္အေနနဲ႕ ယခုႏွစ္ကုန္အမီ လုိက္ေလ်ာခ်က္ေတြ အလ်င္အျမန္ျပသဖုိ ့ ေျမာက္ကုိရီးယားက အခ်ိန္ေပးထားစဥ္ ယင္း ဓါတ္ပုံေတြ ထုတ္ျပန္လာျခင္းျဖစ္ပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန)  | Ref :  Reuters 

Unicode Version

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မိမိတို့နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုခြင်းလုပ်တာဟာ ကြီးမားတဲ့ ရန်စမှုတစ်ခုဖြစ်လာမှာဖြစ်ပြီး ပြုံယမ်းက ပြင်းထန်စွာ တုံ့ပြန်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့မှာ သတိပေးခဲ့ပါတယ်။ 
ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကင်ဆွန်းက ပေးပို့ခဲ့တဲ့စာမှာ ယင်းသို့ သတိပေးထားတာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့တာပါ။ သံတမန်တွေရဲ့ အပြောအရ အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်အများစုက မြောက်ကိုရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ယခုလအတွင်း အစည်းအဝေးလုပ်သွားဖို့ တောင်းဆိုရန် စီစဉ်နေတယ်လို့ သိရပါတယ်။ 
ယင်းကဲ့သို့ ဆွေးနွေးပွဲမျိုးဟာ နျူကလီးယား ပြဿနာ အဖြေရှာရေး၊ ကိုရီးယား ကျွန်းဆွယ် တင်းမာမှုလျော့ကျရေးတွေအတွက် အထောက်အကူမဖြစ်တဲ့အပြင် ပျက်စီးယိုယွင်းသွားမယ့်ဆီ ဦးတည်နေတဲ့ အမေရိကန်ရဲ့ ရန်လိုတဲ့ ပေါ်လစီအပေါ် ဘက်လိုက်သလိုဖြစ်နေကာ မသိကျိုးကျွံ့လုပ်ရပ်တစ်ခုလည်း ဖြစ်လိမ့်မယ်လို့ ကင်ရဲ့ စာမှာ ရေးသားခဲ့ပါတယ်။ 
ယမန်နေ့ကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ အထွတ်အမြတ်တောင်ကုန်း တစ်ခုပေါ်မှာ မြင်းစီးသွားလာနေခဲ့တဲ့ ဓါတ်ပုံတွေကို နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သင်္ကေတအရမ်းဆန်တဲ့ ယင်းတောင်ကုန်းဒေသမှာ ကင်ဂျုံအန် သွားရောက်ခဲ့တာဟာ အရေးပါတဲ့ မူဝါဒတစ်ခု ထုတ်ပြန်ကြေညာတော့မယ်ဆိုတာ ညွှန်ပြခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ရပ်တန့်နေကာ ဝါရှင်တန်အနေနဲ့ ယခုနှစ်ကုန်အမီ လိုက်လျောချက်တွေ အလျင်အမြန်ပြသဖို့ မြောက်ကိုရီးယားက အချိန်ပေးထားစဉ် ယင်း ဓါတ်ပုံတွေ ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။

-- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref :  Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။