Skip to main content
ICJ ေထာက္ခံပြဲမ်ားက်င္းပရန္ NLD ပါတီက အလွဴေငြမ်ားေကာက္ခံခုိင္းျခင္းမရွိဟု ဆို 
Ads Block

ICJ ေထာက္ခံပြဲမ်ားက်င္းပရန္ NLD ပါတီက အလွဴေငြမ်ားေကာက္ခံခုိင္းျခင္းမရွိဟု ဆို 

 

ICJ တရားရုံးသုိ႔ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ေျဖရွင္းမည့္ကိစၥႏွင့္ စပ္လ်ဥ္း၍ ေထာက္ခံပြဲမ်ားက်င္းပရန္ အလွဴေငြေကာက္ခံခုိင္းျခင္းမရွိေၾကာင္း NLD ပါတီဗဟုိျပန္ၾကားေရးမွ အတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္က ေျပာသည္။
 ICJ ေထာက္ခံပြဲမ်ားလုပ္ရန္ အလွဴေငြျဖတ္ပုိင္းမ်ားနွင့္ေကာက္ခံေနသည္ဟု သတင္းမ်ားထြက္ေပၚေနမႈႏွင့္ ပတ္သက္၍ အကုန္သိသတင္းဌာနက ဒီဇင္ဘာလ ၅ ရက္၌ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“အဲဒါကမဟုတ္ပါဘူးဗ်ာ။ ကြ်န္ေတာ္သေဘာေပါက္တာကေတာ့ ပါတီကေငြေၾကးနဲ႔ပတ္သက္လုိ႔ လုပ္ခုိင္းထားတာဘာမွမရွိဘူးလုိ႔ယုံၾကည္တယ္။ ေရြးေကာက္ပြဲနီးလုိ႔ေကာလာဟလလုိလႊင့္ၿပီး ပါတီကုိတုိက္ခုိက္တာကေတာ့ ဒီလုိေလ။ တစ္ႏုိင္ငံလုံးကလူထုကသေဘာတူတယ္။ တုိင္းရင္းသားပါတီေတြကလည္းသေဘာတူတယ္။ အဖြဲ႔အစည္းေတြကလည္းသေဘာတူပါတယ္ဆုိတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ICJ သြားမယ့္ကိစၥေတာင္မွအတုိက္အခံလုပ္ၿပီးေတာ့ ကန္႔ကြက္တာဟုတ္လား။ ဒါကေတာ့သိပ္ၿပီးမဆန္းဘူးလုိ႔ ကြ်န္ေတာ္ထင္တယ္’’ဟု NLD ပါတီဗဟုိျပန္ၾကားေရးမွ အတြင္းေရးမွဴး မုံရြာဦးေအာင္ရွင္က ေျပာသည္။
ျမန္မာႏုိင္ငံ၊ ရခုိင္ျပည္နယ္တြင္ လူမ်ိဳးတုန္းသတ္ျဖတ္သည္ဟုဆုိကာစြပ္စြဲကာ ႏုိ၀င္ဘာလဆန္းအတြင္း ႏုိင္ငံေပါင္း ၅၇ ႏုိင္ငံကုိယ္စား ဂမ္ဘီယာႏုိင္ငံက အျပည္ျပည္ဆုိင္ရာတရားရုံး ICJ တြင္ တရားစြဲဆုိခဲ့ျခင္းျဖစ္ၿပီး အမႈကုိ ဒီဇင္ဘာလအတြင္းစတင္စစ္ေဆးမည္ျဖစ္ေၾကာင္းသိရသည္။
အဆုိပါအမႈကို ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္က ႏုိင္ငံျခားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးအျဖစ္သြားေရာက္ေျဖရွင္းမည္ဟု သတင္းထုတ္ျပန္ထားသည္။ 

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ICJ တရားရုံးသို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းမည့်ကိစ္စနှင့် စပ်လျဉ်း၍ ထောက်ခံပွဲများကျင်းပရန် အလှူငွေကောက်ခံခိုင်းခြင်းမရှိကြောင်း NLD ပါတီဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောသည်။
 ICJ ထောက်ခံပွဲများလုပ်ရန် အလှူငွေဖြတ်ပိုင်းများနှင့်ကောက်ခံနေသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍ အကုန်သိသတင်းဌာနက ဒီဇင်ဘာလ ၅ ရက်၌ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အဲဒါကမဟုတ်ပါဘူးဗျာ။ ကျွန်တော်သဘောပေါက်တာကတော့ ပါတီကငွေကြေးနဲ့ပတ်သက်လို့ လုပ်ခိုင်းထားတာဘာမှမရှိဘူးလို့ယုံကြည်တယ်။ ရွေးကောက်ပွဲနီးလို့ကောလာဟလလိုလွှင့်ပြီး ပါတီကိုတိုက်ခိုက်တာကတော့ ဒီလိုလေ။ တစ်နိုင်ငံလုံးကလူထုကသဘောတူတယ်။ တိုင်းရင်းသားပါတီတွေကလည်းသဘောတူတယ်။ အဖွဲ့အစည်းတွေကလည်းသဘောတူပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ICJ သွားမယ့်ကိစ္စတောင်မှအတိုက်အခံလုပ်ပြီးတော့ ကန့်ကွက်တာဟုတ်လား။ ဒါကတော့သိပ်ပြီးမဆန်းဘူးလို့ ကျွန်တော်ထင်တယ်’’ဟု NLD ပါတီဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်သည်ဟုဆိုကာစွပ်စွဲကာ နိုဝင်ဘာလဆန်းအတွင်း နိုင်ငံပေါင်း ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အမှုကို ဒီဇင်ဘာလအတွင်းစတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်သွားရောက်ဖြေရှင်းမည်ဟု သတင်းထုတ်ပြန်ထားသည်။ 

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။