Skip to main content
၀ါးအျပည့္တင္ေဆာင္လာသည့္ လူ ၂၅ ဦးပါ၀င္ေသာယာဥ္ ေခ်ာက္အတြင္းထိုးက်ရာ ၄ ဦးေသဆံုး 
Ads Block

၀ါးအျပည့္တင္ေဆာင္လာသည့္ လူ ၂၅ ဦးပါ၀င္ေသာယာဥ္ ေခ်ာက္အတြင္းထိုးက်ရာ ၄ ဦးေသဆံုး 

 

လူ ၂၅ ဦးလိုက္ပါလာသည့္ ၀ါးတင္ယာဥ္သည္ ဘရိတ္ေပါက္ကာ ေပ ၁၀၀ အနက္ေခ်ာက္အတြင္းသို႔ ထိုးက်မႈေၾကာင့္ ၄ ဦးေသဆံုးၿပီး ၂၁ ဦးဒဏ္ရာရရွိမႈ အုတ္တြင္းၿမိဳ႕နယ္၌ျဖစ္ပြားေၾကာင္းသတင္းရရွိသည္။
ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္၊ ေပါက္ေတာေက်းရြာအုပ္စု၊ ေျပာင္ေခါင္းေက်းရြာအနီး အုတ္တြင္း -ေပါက္ေခါင္းသြားကားလမ္း၌ ဒီဇင္ဘာလ ၄ ရက္၊ ည ၈ နာရီခန္႔က ကားေမွာက္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသျဖင့္ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
အခင္းျဖစ္ေနရာမွာ အုတ္တြင္းႏွင့္ေပါက္ေခါင္းသြားကားလမ္းမိုင္တိုင္အမွတ္ ၁၀၅/၅-၆ ၾကားတြင္ တိမ္းေမွာက္ေနေသာ PE အမ်ိဳးအစား ၆ ဘီးယာဥ္ျဖစ္ၿပီးလမ္း၏၀ဲဘက္ထဲ ေပ ၁၀၀ အနက္ရွိေခ်ာက္အတြင္းသို႔ အရွိန္လြန္တိမ္းေမွာက္သြားသည္ကိုေတြ႔ရွိခဲ့ၾကသည္။
ယင္းအတြက္ေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာယာဥ္ေပၚလိုက္ပါလာသူ ၂၅ ဦးအနက္ ဦးေခ်ာႀကီး၊ အငယ္ေလး၊ ေက်ာ္ႏိုင္ႏွင့္ ထြန္းေအးတို႔ ၄ ဦးမွာေသဆံုးၿပီး က်န္ ၂၁ ဦးမွာ ဒဏ္ရာအသီးသီးရရွိသြားခဲ့သျဖင့္ ေဆးရံုသို႔တင္ပို႔ေပးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ အဆိုပါယာဥ္ကို ေမာင္ဆန္းမင္းဦး၊ ၃၆ ႏွစ္က သစ္၀ါးခုတ္သူ ၂၅ ဦးတို႔ႏွင့္အတူ ၀ါး ၂၅၀ လံုးကိုတင္ေဆာင္လာသည့္အဆိုပါယာဥ္ကိုေမာင္းႏွင္လာရာမွ အခင္းျဖစ္ေနရာအေရာက္၌ ဘရိတ္ေပါက္သြားသျဖင့္ ေပ ၁၀၀ အနက္ေခ်ာက္အတြင္း ထိုးက်တိမ္းေမွာက္သြားရျခင္း စစ္ေဆးေပၚေပါက္ခဲ့ဟည္။
ထို႔ေၾကာင့္ ယာဥ္ေမာင္းယာဥ္ေမာင္းဆန္းမင္းဦးကို အုတ္တြင္းၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ ၃၀၄/၃၃၇/၃၃၈ တို႔ျဖင့္အမႈဖြင့္ကာစစ္ေဆးေနေၾကာင္း သတင္းရရွိသည္။ 

- ဒါးဇ ( အကုန္သိ သတင္းဌာန ) | Source - ဗန္းေမာ္ပြင့္သစ္

 

Unicode Version

 

လူ ၂၅ ဦးလိုက်ပါလာသည့် ဝါးတင်ယာဉ်သည် ဘရိတ်ပေါက်ကာ ပေ ၁၀၀ အနက်ချောက်အတွင်းသို့ ထိုးကျမှုကြောင့် ၄ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိမှု အုတ်တွင်းမြို့နယ်၌ဖြစ်ပွားကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပြောင်ခေါင်းကျေးရွာအနီး အုတ်တွင်း -ပေါက်ခေါင်းသွားကားလမ်း၌ ဒီဇင်ဘာလ ၄ ရက်၊ ည ၈ နာရီခန့်က ကားမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
အခင်းဖြစ်နေရာမှာ အုတ်တွင်းနှင့်ပေါက်ခေါင်းသွားကားလမ်းမိုင်တိုင်အမှတ် ၁၀၅/၅-၆ ကြားတွင် တိမ်းမှောက်နေသော PE အမျိုးအစား ၆ ဘီးယာဉ်ဖြစ်ပြီးလမ်း၏ဝဲဘက်ထဲ ပေ ၁၀၀ အနက်ရှိချောက်အတွင်းသို့ အရှိန်လွန်တိမ်းမှောက်သွားသည်ကိုတွေ့ရှိခဲ့ကြသည်။
ယင်းအတွက်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာယာဉ်ပေါ်လိုက်ပါလာသူ ၂၅ ဦးအနက် ဦးချောကြီး၊ အငယ်လေး၊ ကျော်နိုင်နှင့် ထွန်းအေးတို့ ၄ ဦးမှာသေဆုံးပြီး ကျန် ၂၁ ဦးမှာ ဒဏ်ရာအသီးသီးရရှိသွားခဲ့သဖြင့် ဆေးရုံသို့တင်ပို့ပေးခဲ့ကြသည်။
စစ်ဆေးချက်အရ အဆိုပါယာဉ်ကို မောင်ဆန်းမင်းဦး၊ ၃၆ နှစ်က သစ်ဝါးခုတ်သူ ၂၅ ဦးတို့နှင့်အတူ ဝါး ၂၅၀ လုံးကိုတင်ဆောင်လာသည့်အဆိုပါယာဉ်ကိုမောင်းနှင်လာရာမှ အခင်းဖြစ်နေရာအရောက်၌ ဘရိတ်ပေါက်သွားသဖြင့် ပေ ၁၀၀ အနက်ချောက်အတွင်း ထိုးကျတိမ်းမှောက်သွားရခြင်း စစ်ဆေးပေါ်ပေါက်ခဲ့ဟည်။
ထို့ကြောင့် ယာဉ်မောင်းယာဉ်မောင်းဆန်းမင်းဦးကို အုတ်တွင်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၄/၃၃၇/၃၃၈ တို့ဖြင့်အမှုဖွင့်ကာစစ်ဆေးနေကြောင်း သတင်းရရှိသည်။ 

- ဒါးဇ ( အကုန်သိ သတင်းဌာန ) | Source - ဗန်းမော်ပွင့်သစ်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။