Skip to main content
ခြဲထြက္ DKBA အဖြဲ႕မ်ား မိခင္ DKBA အဖြဲ႕ႏွင့္ျပန္လည္ေပါင္းစည္းသြားရန္ ေဆြးေႏြးေနၾကဟု ဆို 
Ads Block

ခြဲထြက္ DKBA အဖြဲ႕မ်ား မိခင္ DKBA အဖြဲ႕ႏွင့္ျပန္လည္ေပါင္းစည္းသြားရန္ ေဆြးေႏြးေနၾကဟု ဆို 

 

ခြဲထြက္ DKBA အဖြဲ႕မ်ားသည္ လာမည့္ ဒီဇင္ဘာ ၂၁ ရက္၌က်င္းပမည့္ ၂၅ ႏွစ္ေျမာက္ DKBA Day ေငြရတု အခမ္းအနားတြင္ မိခင္ DKBA အဖြဲ႕ႏွင့္ျပန္လည္ေပါင္းစည္းသြားရန္ ေဆြးေႏြးေနၾကေၾကာင္း သိရသည္။ 
ျမ၀တီ-ေကာ့ကရိတ္အာရွလမ္းသစ္ နယ္ေျမစိုးမိုးေရး၊ ၿမိဳင္ႀကီးငူ- မဲသေ၀ါေဒသနယ္ေျမစိုးမိုးေရး တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္ဦးေရ ၆၀၀၀ ေက်ာ္ရွိလာသည့္အတြက္ ေဒသတြင္း ကရင္ဆရာေတာ္မ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ား၊ နယ္ဘက္တာ၀န္ရွိသူမ်ား၏ ဆက္သြယ္ေဆြးေႏြးေပးမႈအရ ျမ၀တီၿမိဳ႕၊ ဆံုဆည္းၿမိဳင္(ေတာင္နီစခန္း)တြင္ လာမည့္ ဒီဇင္ဘာလ ၂၁ ရက္၌ က်င္းပမည့္ DKBA Day တြင္ ေပါင္းစည္းရန္ ယခုကဲ့သို႔စီစဥ္ေနျခင္းျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ 
“ ဗိုလ္ဆန္းေအာင္အဖြဲ႕ေတြကကၽြန္ေတာ္တို႔မူလ DKBA အဖြဲ႕နဲ႔ ျပန္ေပါင္းဖို႔ေဆြးေႏြးေနတာေတာ့သိရတယ္။ တပ္ပိုင္းဆိုင္ရာ၊ နယ္ေျမဆိုင္ရာအစိုးရ၊ စစ္တပ္၊ တပ္မေတာ္ပိုင္းကလူႀကီးေတြလည္း ထိုင္း- ျမန္မာနယ္စပ္မွာ လာေဆြးေႏြးတာေတြေတာ့ လုပ္ေနတယ္။ မီဇိုင္းေတာင္အဖြဲ႔ေတြလို မူလေနရာ ျပန္ေနမွာလား။ ျပန္အေျခခ်ဖို႔ကိစၥေတြ၊ ေနေရးထိုင္ေရးေတြေဆြးေႏြးေနၾကတယ္လို႔ေတာ့ သိရတယ္” ဟု ျမဝတီ DKBA ဆက္ဆံေရးအရာရွိေစာလွၿမိဳင္က ေျပာသည္။ 
ထို႔ေၾကာင့္ ၂၅ ႏွစ္ေျမာက္ DKBA Day ေငြရတုအခမ္းအနားတြင္ မိခင္ DKBA အဖြဲ႕အစည္းနွင့္ ျပန္လည္ေပါင္းစည္းျခင္းအခမ္းအနားကိုပါ တစ္ဆက္တည္းက်င္းပသြားဖြယ္ရွိေၾကာင္း သိရသည္။ 
“ ကရင္ညီအစ္ကိုေတြျပန္ဆံုေတာ့လည္း ေကာင္းတဲ့သတင္းေပါ့ဗ်ာ။ အခုဆိုေဒသေတြ သြားေရးလာေရး ေတာ္ေတာ္ေကာင္းလာေနၿပီ။ တည္ၿငိမ္လာေနၿပီဆိုေတာ့ ၿငိမ္းခ်မ္းေရးကလည္း သြားလို႔ရတဲ့လမ္းေၾကာင္းက သြားႏိုင္သေလာက္ေတာ့ ႏွစ္ဘက္လူႀကီးေတြလုပ္ေနၾကတာ မ်က္ျမင္ပဲေလ။ အျမင္မတူတာေတြေတာ့ နားလည္ေအာင္ ညွိၾကရမွာေပါ့ေနာ္” ဟု DKBA အဖြဲ႕ဝင္ ေစာတာကလဲ့က ေျပာသည္။
ထုိင္းႏုိင္ငံ၊ ခ်င္းမုိင္ၿမိဳ႕တြင္ ၿပီးခဲ့ေသာဒီဇင္ဘာလ ၄ ရက္ကက်င္းပခဲ့သည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔အစည္းအေ၀းတြင္ အစုိးရကုိ ျပန္လည္အဆုိျပဳႏုိင္ရန္ JICM အစည္းအေ၀းက်င္းပမည့္ရက္ကုိ သတ္မွတ္ႏုိင္ခဲ့သည္။
ၿပီးခဲ့ေသာ ၂၀၁၅ ခုနွစ္တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာသေဘာတူစာခ်ဳပ္ NCA ကို ေအာက္တုိဘာလ ၁၅ ရက္တြင္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔မွလက္မွတ္ေရးထုိးခဲ့ၿပီး ၂၀၁၇ ခုနွစ္တြင္ မြန္ျပည္သစ္ပါတီႏွင့္လားဟူဒီမုိကရက္တစ္ပါတီတုိ႔ထပ္မံလက္မွတ္ေရးထုိးခဲ့သည္။
အပစ္ရပ္လက္မွတ္ထုိးရန္က်န္ရွိေနေသာအဖြဲ႔မ်ားမွာ AA ၊TNLA ၊KIO၊ SSPP ၊KNPP ၊MNNDA စသည့္အဖြဲ႔တုိ႔ ျဖစ္သည္။
 

- ေစာေဘာသိုလ္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ခွဲထွက် DKBA အဖွဲ့များသည် လာမည့် ဒီဇင်ဘာ ၂၁ ရက်၌ကျင်းပမည့် ၂၅ နှစ်မြောက် DKBA Day ငွေရတု အခမ်းအနားတွင် မိခင် DKBA အဖွဲ့နှင့်ပြန်လည်ပေါင်းစည်းသွားရန် ဆွေးနွေးနေကြကြောင်း သိရသည်။ 
မြဝတီ-ကော့ကရိတ်အာရှလမ်းသစ် နယ်မြေစိုးမိုးရေး၊ မြိုင်ကြီးငူ- မဲသဝေါဒေသနယ်မြေစိုးမိုးရေး တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်ရှိလာသည့်အတွက် ဒေသတွင်း ကရင်ဆရာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နယ်ဘက်တာဝန်ရှိသူများ၏ ဆက်သွယ်ဆွေးနွေးပေးမှုအရ မြဝတီမြို့၊ ဆုံဆည်းမြိုင်(တောင်နီစခန်း)တွင် လာမည့် ဒီဇင်ဘာလ ၂၁ ရက်၌ ကျင်းပမည့် DKBA Day တွင် ပေါင်းစည်းရန် ယခုကဲ့သို့စီစဉ်နေခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ 
“ ဗိုလ်ဆန်းအောင်အဖွဲ့တွေကကျွန်တော်တို့မူလ DKBA အဖွဲ့နဲ့ ပြန်ပေါင်းဖို့ဆွေးနွေးနေတာတော့သိရတယ်။ တပ်ပိုင်းဆိုင်ရာ၊ နယ်မြေဆိုင်ရာအစိုးရ၊ စစ်တပ်၊ တပ်မတော်ပိုင်းကလူကြီးတွေလည်း ထိုင်း- မြန်မာနယ်စပ်မှာ လာဆွေးနွေးတာတွေတော့ လုပ်နေတယ်။ မီဇိုင်းတောင်အဖွဲ့တွေလို မူလနေရာ ပြန်နေမှာလား။ ပြန်အခြေချဖို့ကိစ္စတွေ၊ နေရေးထိုင်ရေးတွေဆွေးနွေးနေကြတယ်လို့တော့ သိရတယ်” ဟု မြဝတီ DKBA ဆက်ဆံရေးအရာရှိစောလှမြိုင်က ပြောသည်။ 
ထို့ကြောင့် ၂၅ နှစ်မြောက် DKBA Day ငွေရတုအခမ်းအနားတွင် မိခင် DKBA အဖွဲ့အစည်းနှင့် ပြန်လည်ပေါင်းစည်းခြင်းအခမ်းအနားကိုပါ တစ်ဆက်တည်းကျင်းပသွားဖွယ်ရှိကြောင်း သိရသည်။ 
“ ကရင်ညီအစ်ကိုတွေပြန်ဆုံတော့လည်း ကောင်းတဲ့သတင်းပေါ့ဗျာ။ အခုဆိုဒေသတွေ သွားရေးလာရေး တော်တော်ကောင်းလာနေပြီ။ တည်ငြိမ်လာနေပြီဆိုတော့ ငြိမ်းချမ်းရေးကလည်း သွားလို့ရတဲ့လမ်းကြောင်းက သွားနိုင်သလောက်တော့ နှစ်ဘက်လူကြီးတွေလုပ်နေကြတာ မျက်မြင်ပဲလေ။ အမြင်မတူတာတွေတော့ နားလည်အောင် ညှိကြရမှာပေါ့နော်” ဟု DKBA အဖွဲ့ဝင် စောတာကလဲ့က ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြီးခဲ့သောဒီဇင်ဘာလ ၄ ရက်ကကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေးတွင် အစိုးရကို ပြန်လည်အဆိုပြုနိုင်ရန် JICM အစည်းအဝေးကျင်းပမည့်ရက်ကို သတ်မှတ်နိုင်ခဲ့သည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA ကို အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်ပါတီတို့ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။
အပစ်ရပ်လက်မှတ်ထိုးရန်ကျန်ရှိနေသောအဖွဲ့များမှာ AA ၊TNLA ၊KIO၊ SSPP ၊KNPP ၊MNNDA စသည့်အဖွဲ့တို့ ဖြစ်သည်။
 

- စောဘောသိုလ် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။