Skip to main content
ေနတိုးထိပ္သီးအစည္းအေ၀း၌ သတင္းစာရွင္းမည့္အစီအစဥ္ ေဒၚနယ္ထရမ့္ ဖ်က္သိမ္း
Ads Block

ေနတိုးထိပ္သီးအစည္းအေ၀း၌ သတင္းစာရွင္းမည့္အစီအစဥ္ ေဒၚနယ္ထရမ့္ ဖ်က္သိမ္း

 

ျဗိတိန္ႏိုင္ငံ လန္ဒန္ျမိဳ႔တြင္ NATO ေနတိုး ထိပ္သီးအစည္းအေ၀း၏ ၂ ရက္တာ က်င္းပစဥ္အတြင္း အဖြဲ႔၀င္ အခ်င္းခ်င္း ကသိကေအာင့္ တင္းမာမွဳမ်ားျဖစ္ပြားခဲ့ရျပီးေနာက္ အေမရိကန္သမၼတ၏ ေနာက္ဆံုးရက္ သတင္းစာရွင္းလင္းမည့္အစီအစဥ္ကို ေဒၚနယ္ထရမ့္က ရုတ္တရက္ဖ်က္သိမ္းလိုက္သည္ဟု Russia Today က ယေန႔ေရးသားသည္။
လြန္ခဲ့ေသာရက္မ်ားအတြင္း အေတာ္မ်ားမ်ား ေျပာဆိုျပီးစီးခဲ့၍ အစည္းအေ၀းျပီးဆံုးသည့္အခါ သတင္းစာရွင္း မေနေတာ့ပဲ ၀ါရွင္တန္သို႔ တိုက္ရိုက္ျပန္မည္ျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ၄င္း၏ Twitter စာမ်က္ႏွာတြင္ ယမန္ေန႔ ေရးသားထားသည္ကို ေတြ႔ျမင္ရသည္။
သို႔ေသာ္ ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖြဲ႔ၾကီး ( NATO ) ၏ အၾကိမ္ ၇၀ ေျမာက္ ႏွစ္ပတ္လည္အစည္းအေ၀းအၿပီး ေဒၚနယ္ထရမ့္ ေစာစီးစြာျပန္လည္ထြက္ခြာရျခင္းတြင္ အေၾကာင္းရွိလိမ့္မည္ဟု ထင္မွတ္ရသည္။ ကြယ္ရာတြင္ အမည္နာမ မေဖာ္ျပၾကပဲ ျပင္သစ္ႏွင့္ ကေနဒါေခါင္းေဆာင္မ်ားက ေဒၚနယ္ထရမ့္အား ေစာင္းခ်ိတ္ ေလွာင္ေျပာဆိုျခင္း၊ အစည္းအေ၀းမတိုင္မီ ထရမ့္က ကေနဒါ၀န္ၾကီးခ်ဳပ္ ထရူးဒိုးကို ရည္ညႊန္းလွ်က္ “ မ်က္ႏွာ ႏွစ္ဖက္နဲ႔ ေကာင္ “ ဟု သတင္းေထာက္မ်ားအား ေျပာဆိုျခင္းတို႔မွာ ေဒၚနယ္ထရမ့္ေစာေစာအိမ္ ျပန္ရျခင္းတြင္ ပါ၀င္ဖြယ္ရွိသည္။
ထိပ္သီးအစည္းအေ၀းမွာ အဖြဲ႔၀င္ႏိုင္ငံမ်ားအတြင္း အေျခအတင္ျဖစ္ျခင္း၊ အခက္ၾကံဳရျခင္းမ်ားျဖင့္ ပတ္ခ်ာ၀ိုင္းလွ်က္ရွိခဲ့သည္။ ေနတိုးအဖြဲ႔သို႔ GDP ၏ ၂ ရာခိုင္ႏွဳန္း တိုးျမွင့္ေပးျခင္းမရွိေသာ ႏိုင္ငံမ်ားအား ေဒၚနယ္ထရမ့္က အျပစ္တင္ၿမဲ တင္ခဲ့သည္။ အေရွ႔အလယ္ပိုင္း၌ အေမရိကန္ဖမ္းဆီးရမိထားေသာ ဥေရာပႏိုင္ငံသား အိုင္အက္စ္အၾကမ္းဖက္ တိုက္ခိုက္ေရးသမားမ်ားအား သက္ဆိုင္ရာႏိုင္ငံတို႔က ျပန္လည္လက္ခံရန္ ထရမ့္က နားပူနားဆာလုပ္ခဲ့သည္။
ျပင္သစ္သမၼတက “ ၄င္းအၾကမ္းဖက္သမားမ်ားမွာ အေရအတြက္ အနည္းငယ္သာရွိ၍ အိုင္အက္စ္ ေခ်မွဳန္းေရး အဆံုးသတ္ရန္ေလာက္ အႏၱရာယ္မၾကီးက်ယ္ေၾကာင္း၊ ေနတိုးမွာ ဦးေႏွာက္ေသေနေသာအဖြဲ႔ၾကီး” ဟုေျပာဆိုျခင္းတို႔အေပၚ “ တစ္သက္ ၾကားဖူးသမွ် အဆီအေငၚ မတည့္ဆံုးေတြထဲ အဆိုးတကာ့ ထိပ္ေခါင္ပဲ “ ဟု ေဒၚနယ္ထရမ့္က အေငၚတူးခဲ့သည္။"ေနတိုးတစ္ဖြဲ႔လံုး ေမႊေႏွာက္ရွာေတာင္ ဒီလိုခ်ာလပတ္ရမ္း အျမင္အေတြးမ်ိဳး ရွာေတြ႔ႏိုင္မည္မဟုတ္ " ဟုလည္း သတင္းေထာက္မ်ားအား ရြဲ႔တဲ့တဲ့ ေဖာက္သည္ခ်ခဲ့သည္။
ေဒၚနယ္ထမ့္ေျပာဆိုသမွ်ကို အေလးအနက္မထားပဲ ေသာင္စဥ္ေရမရ အဓိပၸါယ္မရွိေျပာဆိုလာေသာ ျဗိတိန္၀န္ၾကီးခ်ဳပ္ ဘိုဂ်ိဳေခၚ ေဘာရစ္ဂၽြန္ဆင္ကိုမူ သတင္းေထာက္မ်ားက စကားစျဖတ္ခဲ့သည္။
ယခုတစ္ၾကိမ္ ႏွစ္ပတ္လည္အစည္းအေ၀းက်င္းပခ်ိန္သည္ ေနတိုးအဖြဲ႔၀င္ အေမရိကန္ႏွင့္ တူရကီတို႔အၾကား တင္းမာမွဳျမင့္တက္ေနခိုက္ျဖစ္သည္။
ဆီးရီးယားေျမာက္ပိုင္းသို႔ ၀င္ေရာက္က်ဴးေက်ာ္ျခင္း၊ ရုရွားထံမွ လက္နက္၀ယ္ယူျခင္းျဖင့္ တူရကီသည္ မဟာမိတ္တို႔ကို ေက်ာခိုင္းရာေရာက္ေနသည္ဟု အေမရိကန္က သတိေပးသည္။ ထိုသို႔ေသာ အခိုက္အတန္႔တြင္ ရုရွားႏွင့္ မိတ္ေဆြျဖစ္ျခင္းကို ေနတိုးအုပ္စုက မဟန္႔တားရန္ႏွင့္ ေထာက္ခံမွဳေပးၾကရန္ တူရကီသမၼတ ရီဆက္ေတရစ္အာဒိုဂန္က ေတာင္းဆိုသည္။ အာဒိုဂန္ႏွင့္ပတ္သက္၍ "ေနတိုးအတြက္ တကယ့္အဖြဲ႔၀င္ေကာင္းႀကီး၊ စံနမူနာပဲ “ ဟု ေဒၚနယ္ထရမ့္က ရြဲ႔ေလသည္။


- Htay Oung (အကုန္သိ သတင္းဌာန)

Unicode Version

 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် NATO နေတိုး ထိပ်သီးအစည်းအဝေး၏ ၂ ရက်တာ ကျင်းပစဉ်အတွင်း အဖွဲ့ဝင် အချင်းချင်း ကသိကအောင့် တင်းမာမှုများဖြစ်ပွားခဲ့ရပြီးနောက် အမေရိကန်သမ္မတ၏ နောက်ဆုံးရက် သတင်းစာရှင်းလင်းမည့်အစီအစဉ်ကို ဒေါ်နယ်ထရမ့်က ရုတ်တရက်ဖျက်သိမ်းလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။
လွန်ခဲ့သောရက်များအတွင်း အတော်များများ ပြောဆိုပြီးစီးခဲ့၍ အစည်းအဝေးပြီးဆုံးသည့်အခါ သတင်းစာရှင်း မနေတော့ပဲ ဝါရှင်တန်သို့ တိုက်ရိုက်ပြန်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ Twitter စာမျက်နှာတွင် ယမန်နေ့ ရေးသားထားသည်ကို တွေ့မြင်ရသည်။
သို့သော် မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ကြီး ( NATO ) ၏ အကြိမ် ၇၀ မြောက် နှစ်ပတ်လည်အစည်းအဝေးအပြီး ဒေါ်နယ်ထရမ့် စောစီးစွာပြန်လည်ထွက်ခွာရခြင်းတွင် အကြောင်းရှိလိမ့်မည်ဟု ထင်မှတ်ရသည်။ ကွယ်ရာတွင် အမည်နာမ မဖော်ပြကြပဲ ပြင်သစ်နှင့် ကနေဒါခေါင်းဆောင်များက ဒေါ်နယ်ထရမ့်အား စောင်းချိတ် လှောင်ပြောဆိုခြင်း၊ အစည်းအဝေးမတိုင်မီ ထရမ့်က ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကို ရည်ညွှန်းလျှက် “ မျက်နှာ နှစ်ဖက်နဲ့ ကောင် “ ဟု သတင်းထောက်များအား ပြောဆိုခြင်းတို့မှာ ဒေါ်နယ်ထရမ့်စောစောအိမ် ပြန်ရခြင်းတွင် ပါဝင်ဖွယ်ရှိသည်။
ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံများအတွင်း အခြေအတင်ဖြစ်ခြင်း၊ အခက်ကြုံရခြင်းများဖြင့် ပတ်ချာဝိုင်းလျှက်ရှိခဲ့သည်။ နေတိုးအဖွဲ့သို့ GDP ၏ ၂ ရာခိုင်နှုန်း တိုးမြှင့်ပေးခြင်းမရှိသော နိုင်ငံများအား ဒေါ်နယ်ထရမ့်က အပြစ်တင်မြဲ တင်ခဲ့သည်။ အရှေ့အလယ်ပိုင်း၌ အမေရိကန်ဖမ်းဆီးရမိထားသော ဥရောပနိုင်ငံသား အိုင်အက်စ်အကြမ်းဖက် တိုက်ခိုက်ရေးသမားများအား သက်ဆိုင်ရာနိုင်ငံတို့က ပြန်လည်လက်ခံရန် ထရမ့်က နားပူနားဆာလုပ်ခဲ့သည်။
ပြင်သစ်သမ္မတက “ ၎င်းအကြမ်းဖက်သမားများမှာ အရေအတွက် အနည်းငယ်သာရှိ၍ အိုင်အက်စ် ချေမှုန်းရေး အဆုံးသတ်ရန်လောက် အန္တရာယ်မကြီးကျယ်ကြောင်း၊ နေတိုးမှာ ဦးနှောက်သေနေသောအဖွဲ့ကြီး” ဟုပြောဆိုခြင်းတို့အပေါ် “ တစ်သက် ကြားဖူးသမျှ အဆီအငေါ် မတည့်ဆုံးတွေထဲ အဆိုးတကာ့ ထိပ်ခေါင်ပဲ “ ဟု ဒေါ်နယ်ထရမ့်က အငေါ်တူးခဲ့သည်။"နေတိုးတစ်ဖွဲ့လုံး မွှေနှောက်ရှာတောင် ဒီလိုချာလပတ်ရမ်း အမြင်အတွေးမျိုး ရှာတွေ့နိုင်မည်မဟုတ် " ဟုလည်း သတင်းထောက်များအား ရွဲ့တဲ့တဲ့ ဖောက်သည်ချခဲ့သည်။
ဒေါ်နယ်ထမ့်ပြောဆိုသမျှကို အလေးအနက်မထားပဲ သောင်စဉ်ရေမရ အဓိပ္ပါယ်မရှိပြောဆိုလာသော ဗြိတိန်ဝန်ကြီးချုပ် ဘိုဂျိုခေါ် ဘောရစ်ဂျွန်ဆင်ကိုမူ သတင်းထောက်များက စကားစဖြတ်ခဲ့သည်။
ယခုတစ်ကြိမ် နှစ်ပတ်လည်အစည်းအဝေးကျင်းပချိန်သည် နေတိုးအဖွဲ့ဝင် အမေရိကန်နှင့် တူရကီတို့အကြား တင်းမာမှုမြင့်တက်နေခိုက်ဖြစ်သည်။
ဆီးရီးယားမြောက်ပိုင်းသို့ ဝင်ရောက်ကျူးကျော်ခြင်း၊ ရုရှားထံမှ လက်နက်ဝယ်ယူခြင်းဖြင့် တူရကီသည် မဟာမိတ်တို့ကို ကျောခိုင်းရာရောက်နေသည်ဟု အမေရိကန်က သတိပေးသည်။ ထိုသို့သော အခိုက်အတန့်တွင် ရုရှားနှင့် မိတ်ဆွေဖြစ်ခြင်းကို နေတိုးအုပ်စုက မဟန့်တားရန်နှင့် ထောက်ခံမှုပေးကြရန် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က တောင်းဆိုသည်။ အာဒိုဂန်နှင့်ပတ်သက်၍ "နေတိုးအတွက် တကယ့်အဖွဲ့ဝင်ကောင်းကြီး၊ စံနမူနာပဲ “ ဟု ဒေါ်နယ်ထရမ့်က ရွဲ့လေသည်။

- Htay Oung (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။