Skip to main content
အိမ္နီးခ်င္း မြတ္ဆလင္ႏုိင္ငံေတြမွာ ဖိႏွိပ္ခံရမႈေၾကာင့္ ထြက္ေျပးလာခဲ့တဲ့ လူနည္းစု ဘာသာ၀င္ေတြကုိ ႏုိင္ငံသားေပးေရး ဥပေဒၾကမ္းအား အိႏၵိယအစုိးရက ပါလီမန္သုိ ့ တင္သြင္း 
Ads Block

အိမ္နီးခ်င္း မြတ္ဆလင္ႏုိင္ငံေတြမွာ ဖိႏွိပ္ခံရမႈေၾကာင့္ ထြက္ေျပးလာခဲ့တဲ့ လူနည္းစု ဘာသာ၀င္ေတြကုိ ႏုိင္ငံသားေပးေရး ဥပေဒၾကမ္းအား အိႏၵိယအစုိးရက ပါလီမန္သုိ ့ တင္သြင္း 

 

အိမ္နီးခ်င္း မြတ္ဆလင္ႏုိင္ငံေတြမွာ ဖိႏွိပ္ရက္စက္ခံရမႈေတြေၾကာင့္ ထြက္ေျပးေရာက္ရွိလာၾကတဲ့ လူနည္းစု ဘာသာ၀င္ေတြကုိ ႏုိင္ငံသားေပးမယ့္ ဥပေဒၾကမ္းအား အိႏၵိယ ကက္ဘိနက္က ဗုဒၶဟူးေန ့မွာ ေထာက္ခံခ်က္ေပးလုိက္ေၾကာင္း သိရပါတယ္။ ဒါဟာ အိႏၵိယအစုိးရက ဘာသာေရးအေပၚ အေျခခံကာ ႏုိင္ငံသားေပးဖုိ ့ႀကိဳးစားတဲ့ ပထမဆုံးေျခလွမ္းျဖစ္ပါတယ္။ 
ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ အာဖဂန္နစၥတန္ႏုိင္ငံေတြကေန ထြက္ေျပးေရာက္ရွိလာၾကတဲ့ မြတ္ဆလင္မဟုတ္ေသာ လူနည္းစုေတြျဖစ္တဲ့ ဟိႏၵဴ၊ ဗုဒၶဘာသာ၊ ဂ်ိန္းစ္၊ ခရစ္ယာန္၊ ဆစ္ခ္၊ ပါစစ္ ဘာသာ၀င္ ေတြကုိ တင္သြင္းခဲ့တဲ့ ဥပေဒအရ အိႏၵိယႏုိင္ငံသား ေပးသြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့လမွာ အိႏၵိယရဲ႕ ဖက္ဒရယ္ ျပည္ထဲေရး၀န္ႀကီးက ပါလီမန္ ေျပာဆုိခဲ့ပါတယ္။ 
ႏုိင္ငံသားအခြင့္အေရး ျပင္ဆင္ခ်က္ဥပေဒၾကမ္း (CAB) ကုိ ၀န္ႀကီးခ်ဳပ္ နာရင္ျဒာမုိဒီရဲ႕ အစုိးရက ၂၀၁၆ ခုႏွစ္မွာ ပထမဆုံးအႀကိမ္ တင္သြင္းဖုိ ့လုပ္ခဲ့ေသးေပမယ့္ မဟာမိတ္ပါတီတစ္ခုက ေထာက္ခံမႈ ျပန္ရုပ္သိမ္းခဲ့သလုိ အိႏၵိယရဲ႕ ေက်းလက္နဲ႕ လူမ်ဳိးစုေရးရာ ကြဲျပားမႈေတြရွိတဲ့ အေရွ႕ေျမာက္ပုိင္းေဒသေတြမွာ ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့တာေၾကာင့္ အစီအစဥ္ကုိ လက္ေလွ်ာ့ခဲ့ရပါတယ္။ ဖိႏွိပ္ရက္စက္မႈေတြကေန ထြက္ေျပးလာခဲ့ၾကတဲ့ ဟိႏၵဴ၊ ဗုဒၶဘာသာ၊ ဂ်ိန္းစ္၊ ဆစ္ခ္ ဘာသာ၀င္တုိ ့အား အိႏၵိယႏုိင္ငံသား ေပးအပ္ေရး အစီအစဥ္ဟာ ၂၀၁၉ ခုႏွစ္ ေမလ ေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ မုိဒီရဲ႕ အာဏာရပါတီ BJP ရဲ႕ မူ၀ါဒ လမ္းစဥ္တစ္ခုျဖစ္ခဲ့ပါတယ္။ 
ေ၀ဖန္သူေတြကေတာ့ တင္သြင္းခဲ့တဲ့ ဥပေဒဟာ မြတ္ဆလင္ဆန္ ့က်င္ေရး ဥပေဒျဖစ္တယ္လုိ ့ တံဆိပ္ကပ္ၾကသလုိ အတုိက္အခံပါတီအခ်ဳိ႕ကလည္း ဘာသာေရးအေပၚ အေျခခံၿပီး ႏုိင္ငံသားမေပးရဘူးလုိ ့ ေ၀ဖန္ျငင္းခုံၾကပါတယ္။ 
ယခုသီတင္းပတ္အတြင္း ပါလီမန္မွာ ေဆြးေႏြးဖြယ္ရွိတဲ့ ဥပေဒၾကမ္းဟာ BJP ပါတီအတြက္ စမ္းသပ္ခ်က္တစ္ခုလည္း ျဖစ္လာမွာပါ။ အာဏာရပါတီ လႊမ္းမုိးတဲ့ ေအာက္လႊတ္ေတာ္မွာေတာ့ အေျခအေန ေကာင္းႏုိင္ေပမယ့္ အထက္လႊတ္ေတာ္မွာေတာ့ BJP အမတ္အေရအတြက္က အင္အားနည္းပါတယ္။ မည္သည့္ ဥပေဒၾကမ္းမဆုိ ဥပေဒအျဖစ္ အသက္၀င္လာဖုိ ့ဆုိရင္ အိႏၵိယပါလီမန္ရဲ႕ လႊတ္ေတာ္ႏွစ္ရပ္စလုံးက အတည္ျပဳေထာက္ခံဖုိ ့ လုိအပ္ေၾကာင္း သိရပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : Reuters 

Unicode Version

 

အိမ်နီးချင်း မွတ်ဆလင်နိုင်ငံတွေမှာ ဖိနှိပ်ရက်စက်ခံရမှုတွေကြောင့် ထွက်ပြေးရောက်ရှိလာကြတဲ့ လူနည်းစု ဘာသာဝင်တွေကို နိုင်ငံသားပေးမယ့် ဥပဒေကြမ်းအား အိန္ဒိယ ကက်ဘိနက်က ဗုဒ္ဓဟူးနေ့မှာ ထောက်ခံချက်ပေးလိုက်ကြောင်း သိရပါတယ်။ ဒါဟာ အိန္ဒိယအစိုးရက ဘာသာရေးအပေါ် အခြေခံကာ နိုင်ငံသားပေးဖို့ကြိုးစားတဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ 
ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နိုင်ငံတွေကနေ ထွက်ပြေးရောက်ရှိလာကြတဲ့ မွတ်ဆလင်မဟုတ်သော လူနည်းစုတွေဖြစ်တဲ့ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းစ်၊ ခရစ်ယာန်၊ ဆစ်ခ်၊ ပါစစ် ဘာသာဝင် တွေကို တင်သွင်းခဲ့တဲ့ ဥပဒေအရ အိန္ဒိယနိုင်ငံသား ပေးသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့လမှာ အိန္ဒိယရဲ့ ဖက်ဒရယ် ပြည်ထဲရေးဝန်ကြီးက ပါလီမန် ပြောဆိုခဲ့ပါတယ်။ 
နိုင်ငံသားအခွင့်အရေး ပြင်ဆင်ချက်ဥပဒေကြမ်း (CAB) ကို ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ အစိုးရက ၂၀၁၆ ခုနှစ်မှာ ပထမဆုံးအကြိမ် တင်သွင်းဖို့လုပ်ခဲ့သေးပေမယ့် မဟာမိတ်ပါတီတစ်ခုက ထောက်ခံမှု ပြန်ရုပ်သိမ်းခဲ့သလို အိန္ဒိယရဲ့ ကျေးလက်နဲ့ လူမျိုးစုရေးရာ ကွဲပြားမှုတွေရှိတဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာကြောင့် အစီအစဉ်ကို လက်လျှော့ခဲ့ရပါတယ်။ ဖိနှိပ်ရက်စက်မှုတွေကနေ ထွက်ပြေးလာခဲ့ကြတဲ့ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းစ်၊ ဆစ်ခ် ဘာသာဝင်တို့အား အိန္ဒိယနိုင်ငံသား ပေးအပ်ရေး အစီအစဉ်ဟာ ၂၀၁၉ ခုနှစ် မေလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မိုဒီရဲ့ အာဏာရပါတီ BJP ရဲ့ မူဝါဒ လမ်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ 
ဝေဖန်သူတွေကတော့ တင်သွင်းခဲ့တဲ့ ဥပဒေဟာ မွတ်ဆလင်ဆန့်ကျင်ရေး ဥပဒေဖြစ်တယ်လို့ တံဆိပ်ကပ်ကြသလို အတိုက်အခံပါတီအချို့ကလည်း ဘာသာရေးအပေါ် အခြေခံပြီး နိုင်ငံသားမပေးရဘူးလို့ ဝေဖန်ငြင်းခုံကြပါတယ်။ 
ယခုသီတင်းပတ်အတွင်း ပါလီမန်မှာ ဆွေးနွေးဖွယ်ရှိတဲ့ ဥပဒေကြမ်းဟာ BJP ပါတီအတွက် စမ်းသပ်ချက်တစ်ခုလည်း ဖြစ်လာမှာပါ။ အာဏာရပါတီ လွှမ်းမိုးတဲ့ အောက်လွှတ်တော်မှာတော့ အခြေအနေ ကောင်းနိုင်ပေမယ့် အထက်လွှတ်တော်မှာတော့ BJP အမတ်အရေအတွက်က အင်အားနည်းပါတယ်။ မည်သည့် ဥပဒေကြမ်းမဆို ဥပဒေအဖြစ် အသက်ဝင်လာဖို့ဆိုရင် အိန္ဒိယပါလီမန်ရဲ့ လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထောက်ခံဖို့ လိုအပ်ကြောင်း သိရပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။