Skip to main content
ဆူဒန္မွာ ေၾကြထည္ေျမထည္စက္ရံု မီးေလာင္မူေျကာင္႔  လူ ၂၃ ဦး ေသဆံုး
Ads Block

ဆူဒန္မွာ ေၾကြထည္ေျမထည္စက္ရံု မီးေလာင္မူေျကာင္႔  လူ ၂၃ ဦး ေသဆံုး

 

ဆူဒန္ႏုိင္ငံ ၿမိဳ႕ေတာ္ ခါတြန္က ေၾကြထည္ေျမထည္စက္ရံုတစ္ရုံမွာ အဂၤါေန ့က ဆီတင္ကားတစ္စီး ဆီခ်ေနစဥ္ ေပါက္ကြဲမီးေလာင္ခဲ့တာေျကာင္႔ လူ ၂၃ ဦး ေသဆံုးကာ ၁၃၀ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ဆူဒန္အစုိးရက ထုတ္ျပန္ခဲ႔ပါတယ္။ 
အခင္းျဖစ္စဥ္ ရုိက္ထားတဲ့ဗြီဒီယိုဖုိင္မွာ  စက္ရံုကေန မီးခိုးေတြ အူထြက္ေနျပီး လူေတြရဲ႕ ေအာ္ဟစ္အကူအညီေတာင္းသံေတြ၊ ကယ္ဆယ္ေရးေရာက္လာၿပီး မီးထဲမွ ကယ္ဆယ္ပံုေတြကို ေတြ႕ရပါတယ္။ စက္ရံုတစ္ခုလံုး မီးေလာင္ခဲ့တယ္လို႔ အစိုးရက ထုတ္ျပန္ပါတယ္။ “ဘယ္လိုေတြျဖစ္သြားတာလဲေတာ့ ကၽြန္ေတာ္မသိဘူး။ ေပါက္ကြဲသံံကို ၾကားလိုက္တယ္။ ကၽြန္ေတာ္ေနာက္မွာ ဒဏ္ရာအျပင္းအထန္ရေနတဲ႔ လူတစ္ေယာက္ ေျပးလာတာေတြ႕လိုက္တယ္။ အဲဒီ အခ်ိန္မွာ ကၽြန္ေတာ္႔ လက္ေမာင္းမွာလဲ ဒဏ္ရာတစ္ခု ရေနတယ္”လို႔ ၀ီလီယံ (စက္ရံုအလုပ္သမား) က ေျပာခဲ႔ပါတယ္။ “တစ္ကိုယ္လံုးမီးေလာင္ေနတဲ႔ လူေသအေလာင္း ၁၄  ေလာင္းကို ကၽြန္ေတာ္ဆြဲထုတ္ခဲ႔ရတယ္”လို႔ လည္း ကယ္ဆယ္ေရးသမားတစ္ဦးျဖစ္တဲ့ ဟူစိန္အိုမာက ေျပာပါတယ္။ 
ဒဏ္ရာရခဲ့သူေတြအတြက္ ေသြးလွဴဒါန္းေပးၾကဖုိ ့ အစုိးရက ေဆာ္ၾသပါတယ္။ ေသဆံုး၊ဒဏ္ရာ ရရွိသူေတြမွာ အာရွေဒသက လာေရာက္အလုပ္လုပ္ကိုင္ေနသူမ်ားလည္း ပါ၀င္တယ္လို႔ ေဆးဘက္ဆုိင္ရာ သတင္းရင္းျမစ္ေတြက ေျပာခဲ႔ပါတယ္။ ဒဏ္ရာရရွိသူေတြကို ၿမိဳ႕ေတာ္ေဆးရံုကိုပို႔ေဆာင္ခဲ႔ၿပီး တခ်ဳိ႕ ဒဏ္ရာရသူေတြဟာဆိုရင္ အသက္အႏၱရာယ္စုိးရိမ္ရေလာက္ေအာင္ ဒဏ္ရာျပင္းထန္ေၾကာင္း ေဒသဆိုင္ရာ ရဲအရာရွိတစ္ဦးက ေျပာျကားခဲ႔ပါတယ္။

- ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန ) | Ref : bdnews24 

Unicode Version

 

ဆူဒန်နိုင်ငံ မြို့တော် ခါတွန်က ကြွေထည်မြေထည်စက်ရုံတစ်ရုံမှာ အင်္ဂါနေ့က ဆီတင်ကားတစ်စီး ဆီချနေစဉ် ပေါက်ကွဲမီးလောင်ခဲ့တာကြောင့် လူ ၂၃ ဦး သေဆုံးကာ ၁၃၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆူဒန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ 
အခင်းဖြစ်စဉ် ရိုက်ထားတဲ့ဗွီဒီယိုဖိုင်မှာ  စက်ရုံကနေ မီးခိုးတွေ အူထွက်နေပြီး လူတွေရဲ့ အော်ဟစ်အကူအညီတောင်းသံတွေ၊ ကယ်ဆယ်ရေးရောက်လာပြီး မီးထဲမှ ကယ်ဆယ်ပုံတွေကို တွေ့ရပါတယ်။ စက်ရုံတစ်ခုလုံး မီးလောင်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ “ဘယ်လိုတွေဖြစ်သွားတာလဲတော့ ကျွန်တော်မသိဘူး။ ပေါက်ကွဲသံံကို ကြားလိုက်တယ်။ ကျွန်တော်နောက်မှာ ဒဏ်ရာအပြင်းအထန်ရနေတဲ့ လူတစ်ယောက် ပြေးလာတာတွေ့လိုက်တယ်။ အဲဒီ အချိန်မှာ ကျွန်တော့် လက်မောင်းမှာလဲ ဒဏ်ရာတစ်ခု ရနေတယ်”လို့ ဝီလီယံ (စက်ရုံအလုပ်သမား) က ပြောခဲ့ပါတယ်။ “တစ်ကိုယ်လုံးမီးလောင်နေတဲ့ လူသေအလောင်း ၁၄  လောင်းကို ကျွန်တော်ဆွဲထုတ်ခဲ့ရတယ်”လို့ လည်း ကယ်ဆယ်ရေးသမားတစ်ဦးဖြစ်တဲ့ ဟူစိန်အိုမာက ပြောပါတယ်။ 
ဒဏ်ရာရခဲ့သူတွေအတွက် သွေးလှူဒါန်းပေးကြဖို့ အစိုးရက ဆော်သြပါတယ်။ သေဆုံး၊ဒဏ်ရာ ရရှိသူတွေမှာ အာရှဒေသက လာရောက်အလုပ်လုပ်ကိုင်နေသူများလည်း ပါဝင်တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို မြို့တော်ဆေးရုံကိုပို့ဆောင်ခဲ့ပြီး တချို့ ဒဏ်ရာရသူတွေဟာဆိုရင် အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ဒဏ်ရာပြင်းထန်ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : bdnews24 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။