Skip to main content
NLD ပါတီအေနျဖင့္ ဥပေဒႏွင့္အညီေဆာင္ရြက္ႏုိင္ရန္အၿမဲတမ္းႀကိဳးစားေနဟု ဆို 
Ads Block

NLD ပါတီအေနျဖင့္ ဥပေဒႏွင့္အညီေဆာင္ရြက္ႏုိင္ရန္အၿမဲတမ္းႀကိဳးစားေနဟု ဆို 

 

NLD ပါတီအေနျဖင့္ ဥပေဒႏွင့္အညီေဆာင္ရြက္ႏုိင္ရန္အၿမဲတမ္းႀကိဳးစားေနေၾကာင္း ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာၾကားသည္။
ျပန္ၾကားေရး၀န္ႀကီးေဟာင္းဦးရဲထြဋ္က ၄င္း၏ Facebook စာမ်က္ႏွာတြင္ “ေခ်ာင္းဦးၿမဳိ႔ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၏ ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ ၁၉ ရက္၊ ေခ်ာင္းဦးၿမိဳ႕နယ္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအားလုံးသုိ႔ ျဖန္႔ေ၀သည့္မဲစာရင္းအတြက္ အိမ္ေထာင္စုစာရင္းေတာင္းခံသည့္အေပၚကူညီေဆာင္ရြက္ရန္ ညႊန္ၾကားသည့္စာ” အေပၚ ေ၀ဖန္ထားျခင္းႏွင့္ပတ္သက္၍ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ လုပ္ထုံးလုပ္နည္းကေတာ့နာမည္နဲ႔ေဖာ္ၿပီးေတာ့ေျပာေလ့မရွိပါဘူး။ ရုံးစာက ဥပမာ- ႏုိင္ငံေတာ္အတုိင္ပင္ခံရုံးက စာအမွတ္ဘယ္ေလာက္၊ ေန႔စြဲအရ ညႊန္ၾကားခ်က္အရဆုိရင္ေတာ့ေျပာေပါ့ေလ။ ပုဂၢဳိလ္ေရးအရေရးတာေတာ့မသင့္ေတာ္ဘူးလုိ႔ထင္ပါတယ္။ ေရြးေကာက္ပြဲနီးလုိ႔ေ၀ဖန္ေထာက္ျပတာကေတာ့ ဒါကေတာ့ ကြ်န္ေတာ္တုိ႔ကေတာ့တရားဥပေဒစုိးမုိးေရးကုိလုိလားတဲ့သူျဖစ္တယ္။ မိမိတုိ႔ကုိယ္တုိင္ကလည္း ဥပေဒနဲ႔အညိလုပ္ႏုိင္ဖုိ႔ေတာ့အၿမဲတမ္းႀကဳိးစားရမွာပဲဗ်” ဟု NLD ပါတီမွေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။
ျပန္ၾကားေရး၀န္ႀကီးေဟာင္းဦးရဲထြဋ္၏ ေဖ့စ္ဘုတ္တြင္ ေထြအုပ္ႏွင့္ႏုိင္ငံေရးပါတီေခါင္းစဥ္ျဖင့္ “ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္နွင့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတုိ႔အားမဲစာရင္းေတာင္းခံသည့္ ညႊန္ၾကားလႊာ” ႏွင့္ပတ္သက္ၿပီး ေ၀ဖန္ထားျခင္းျဖစ္သည္။ 
၄င္း၏ေဖာ္ျပခ်က္တြင္ “ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ လမ္းညႊန္ခ်က္အရထုတ္သည့္စာျဖစ္ပါက ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုသည္ ႏုိင္ငံေရး၀န္ႀကီးျဖစ္၍ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပ႒ာန္းနွင့္ညီ/မညီ ၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသည္ ႏုိင္ငံ၀န္ထမ္းျဖစ္၍ ပါတီလုပ္ငန္းမဲစာရင္းတြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၀င္ပါေနျခင္းသည္ ပါတီလုပ္ငန္းနွင့္ဆက္စပ္ျခင္းရွိမရွိ” စသည္တုိ႔ ေရးသားထားျခင္းျဖစ္သည္။ 

-- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

NLD ပါတီအနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်အမြဲတမ်းကြိုးစားနေကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် “ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်၊ ချောင်းဦးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူးအားလုံးသို့ ဖြန့်ဝေသည့်မဲစာရင်းအတွက် အိမ်ထောင်စုစာရင်းတောင်းခံသည့်အပေါ်ကူညီဆောင်ရွက်ရန် ညွှန်ကြားသည့်စာ” အပေါ် ဝေဖန်ထားခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ လုပ်ထုံးလုပ်နည်းကတော့နာမည်နဲ့ဖော်ပြီးတော့ပြောလေ့မရှိပါဘူး။ ရုံးစာက ဥပမာ- နိုင်ငံတော်အတိုင်ပင်ခံရုံးက စာအမှတ်ဘယ်လောက်၊ နေ့စွဲအရ ညွှန်ကြားချက်အရဆိုရင်တော့ပြောပေါ့လေ။ ပုဂ္ဂိုလ်ရေးအရရေးတာတော့မသင့်တော်ဘူးလို့ထင်ပါတယ်။ ရွေးကောက်ပွဲနီးလို့ဝေဖန်ထောက်ပြတာကတော့ ဒါကတော့ ကျွန်တော်တို့ကတော့တရားဥပဒေစိုးမိုးရေးကိုလိုလားတဲ့သူဖြစ်တယ်။ မိမိတို့ကိုယ်တိုင်ကလည်း ဥပဒေနဲ့အညိလုပ်နိုင်ဖို့တော့အမြဲတမ်းကြိုးစားရမှာပဲဗျ” ဟု NLD ပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်၏ ဖေ့စ်ဘုတ်တွင် ထွေအုပ်နှင့်နိုင်ငံရေးပါတီခေါင်းစဉ်ဖြင့် “ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အားမဲစာရင်းတောင်းခံသည့် ညွှန်ကြားလွှာ” နှင့်ပတ်သက်ပြီး ဝေဖန်ထားခြင်းဖြစ်သည်။ 
၎င်း၏ဖော်ပြချက်တွင် “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရထုတ်သည့်စာဖြစ်ပါက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုသည် နိုင်ငံရေးဝန်ကြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းနှင့်ညီ/မညီ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံဝန်ထမ်းဖြစ်၍ ပါတီလုပ်ငန်းမဲစာရင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝင်ပါနေခြင်းသည် ပါတီလုပ်ငန်းနှင့်ဆက်စပ်ခြင်းရှိမရှိ” စသည်တို့ ရေးသားထားခြင်းဖြစ်သည်။ 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။