Skip to main content
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔အစည္းအေ၀းတြင္ JICM အစည္းအေ၀းက်င္းပမည့္ရက္သတ္မွတ္ႏုိင္ခဲ့
Ads Block

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔အစည္းအေ၀းတြင္ JICM အစည္းအေ၀းက်င္းပမည့္ရက္သတ္မွတ္ႏုိင္ခဲ့

 

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔အစည္းအေ၀းတြင္ အစုိးရကုိ ျပန္လည္အဆုိျပဳႏုိင္ရန္ JICM အစည္းအေ၀းက်င္းပမည့္ရက္ကုိသတ္မွတ္ႏုိင္ခဲ့ေၾကာင္းဗုိလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာၾကားခ်က္အရ သိရသည္။ 
အဆိုပါၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔အစည္းအေ၀ကို  ထုိင္းႏုိင္ငံ၊ ခ်င္းမုိင္ၿမိဳ႕တြင္ ဒီဇင္ဘာလ ၄ ရက္က က်င္းပခဲ့ျခင္းျဖစ္သည္။ 
“ ဒီအစည္းအေ၀းက အားလုံးအတြက္အေရးပါတဲ့အစည္းအေ၀းျဖစ္သလုိ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အလွည့္အေျပာင္းျဖစ္ေစတဲ့အစည္းအေ၀းျဖစ္လုိ႔အားလုံးအတြက္ အဆင္ေျပေစတဲ့၊ မွ်မွ်တတျဖစ္ေစတဲ့ ရလဒ္ေကာင္းေတြကုိရရွိေအာင္ ေဆာင္ရြက္ႏုိင္ခဲ့တာဟာအားလုံးအက်ိဳးကုိအဓိကထားနိုိင္ၾကလုိ႔ျဖစ္ပါတယ္။ NCA EAOေတြရဲ႕စုဖြဲ႕မႈ၊ စုစည္းမႈနဲ႔သက္ဆုိင္တဲ့လုပ္ငန္းလမ္းညႊန္ေတြကုိအတည္ျပဳႏုိင္ခဲ့ျခင္း၊ အစုိးရကုိ ျပန္လည္အဆုိျပဳဖုိ႔ JICM အစည္းအေ၀း က်င္းပမယ့္ရက္ကုိသက္မွတ္ႏုိင္ခဲ့ျခင္း၊ ညွိနႈိင္းေရးအဖြဲ႔ကုိ ထပ္မံအားျဖည့္တုိးခ်ဲ႔ႏုိင္ျခင္း၊ လက္ရွိ ႏုိင္ငံေရး၊ ၿငိမ္းခ်မ္းေရး၊ စစ္ေရး အေရးအရာေတြကုိ လက္ေတြ႔က်က်သုံးသပ္ခဲ့ျခင္းနဲ႔ မွန္ကန္တဲ့ေရွ႕လုပ္ငန္းစဥ္ေတြခ်မွတ္ႏုိင္ခဲ့ျခင္းစတာေတြကုိ ဒီအစည္းအေ၀းမွာ ေဆာင္ရြက္ႏုိင္ခဲ့ပါတယ္’’ဟု ဗုိလ္ခ်ဳပ္ႀကီးယြက္စစ္ကေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၅ ခုနွစ္တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာသေဘာတူစာခ်ဳပ္ NCA ကို ေအာက္တုိဘာလ ၁၅ ရက္တြင္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔မွလက္မွတ္ေရးထုိးခဲ့ၿပီး ၂၀၁၇ ခုနွစ္တြင္ မြန္ျပည္သစ္ပါတီႏွင့္လားဟူဒီမုိကရက္တစ္ပါတီတုိ႔ထပ္မံလက္မွတ္ေရးထုိးခဲ့သည္။
လက္ရွိတြင္ အပစ္ရပ္တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားအားလုံးမွ JICM အစည္းအေ၀းမ်ား ျပန္လည္စတင္ရန္ အစုိးရႏွင့္သေဘာတူညီမႈရရွိထားၿပီး ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံအား ၂၀၂၀ ခုႏွစ္တြင္ က်င္းပရန္သေဘာတူညီထားေၾကာင္း ၿငိမ္းခ်မ္းေရးေကာ္မရွင္မွဦးလွေမာင္ေရႊကလည္း ေျပာၾကားထားသည္။
အပစ္ရပ္လက္မွတ္ထုိးရန္က်န္ရွိေနေသာအဖြဲ႔မ်ားမွာ AA ၊TNLA ၊KIO၊ SSPP ၊KNPP ၊MNNDA စသည့္အဖြဲ႔တုိ႔ ျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့အစည်းအဝေးတွင် အစိုးရကို ပြန်လည်အဆိုပြုနိုင်ရန် JICM အစည်းအဝေးကျင်းပမည့်ရက်ကိုသတ်မှတ်နိုင်ခဲ့ကြောင်းဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားချက်အရ သိရသည်။ 
အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့အစည်းအဝေကို  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၄ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။ 
“ ဒီအစည်းအဝေးက အားလုံးအတွက်အရေးပါတဲ့အစည်းအဝေးဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလှည့်အပြောင်းဖြစ်စေတဲ့အစည်းအဝေးဖြစ်လို့အားလုံးအတွက် အဆင်ပြေစေတဲ့၊ မျှမျှတတဖြစ်စေတဲ့ ရလဒ်ကောင်းတွေကိုရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာဟာအားလုံးအကျိုးကိုအဓိကထားနိုင်ကြလို့ဖြစ်ပါတယ်။ NCA EAOတွေရဲ့စုဖွဲ့မှု၊ စုစည်းမှုနဲ့သက်ဆိုင်တဲ့လုပ်ငန်းလမ်းညွှန်တွေကိုအတည်ပြုနိုင်ခဲ့ခြင်း၊ အစိုးရကို ပြန်လည်အဆိုပြုဖို့ JICM အစည်းအဝေး ကျင်းပမယ့်ရက်ကိုသက်မှတ်နိုင်ခဲ့ခြင်း၊ ညှိနှိုင်းရေးအဖွဲ့ကို ထပ်မံအားဖြည့်တိုးချဲ့နိုင်ခြင်း၊ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး အရေးအရာတွေကို လက်တွေ့ကျကျသုံးသပ်ခဲ့ခြင်းနဲ့ မှန်ကန်တဲ့ရှေ့လုပ်ငန်းစဉ်တွေချမှတ်နိုင်ခဲ့ခြင်းစတာတွေကို ဒီအစည်းအဝေးမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်’’ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA ကို အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်ပါတီတို့ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးမှ JICM အစည်းအဝေးများ ပြန်လည်စတင်ရန် အစိုးရနှင့်သဘောတူညီမှုရရှိထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ၂၀၂၀ ခုနှစ်တွင် ကျင်းပရန်သဘောတူညီထားကြောင်း ငြိမ်းချမ်းရေးကော်မရှင်မှဦးလှမောင်ရွှေကလည်း ပြောကြားထားသည်။
အပစ်ရပ်လက်မှတ်ထိုးရန်ကျန်ရှိနေသောအဖွဲ့များမှာ AA ၊TNLA ၊KIO၊ SSPP ၊KNPP ၊MNNDA စသည့်အဖွဲ့တို့ ဖြစ်သည်။

 

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။