Skip to main content
လူပျိုကြီး ခန့်စည်သူကို အိမ်ထောင်ပြုဖို့အတွက် တိုက်တွန်းလိုက်တဲ့ ရွှေသမီး
Ads Block

လူပျိုကြီး ခန့်စည်သူကို အိမ်ထောင်ပြုဖို့အတွက် တိုက်တွန်းလိုက်တဲ့ ရွှေသမီး

 

သရုပ်ဆောင် ရွှေသမီး က ဒါရိုက်တာ ခင်လှိုင်(ဥာဏ်ကြီးရှင်) ရိုက်ကူးထားတဲ့ တောက်ချလိုက်မယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မြင့်မြတ်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ပက်ထရစ် ရှာ၊ တက္ကသိုလ်ဂွမ်းပုံတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ရုံကြီးတွေမှာရုံတင်ပြသတော့မှာလည်းဖြစ်ပါတယ်။ 



Unicode Version

 

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးဖြစ်တဲ့သရုပ်ဆောင်ရွှေသမီးက ဆရာဖြစ်သူ ခန့်စည်သူ ကို  လူပျိုကြီးစာရင်းထဲကို အဝင်လွန်နေပြီဖြစ်တဲ့ အိမ်ထောင်ပြုဖို့အတွက် တိုက်တွန်းထားသလို မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုချင်နေပါပြီလို့ ပြောလာပါတယ်။ 
အနုပညာပျိုးခင်းရဲ့ ဆရာတွေထဲမှာ လူပျိုကြီး တစ်ဦး ဖြစ်တဲ့ သရုပ်ဆောင်ခန့်စည်သူ က မကြာသေးမီကပဲ သူကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘုတ်စာမျက်နှာ ကနေ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကို ဝှက်ထားပြီး မင်္ဂလာပွဲဆောင်ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီးနောက် သရုပ်ဆောင် ရွှေသမီးက အကယ်ဒမီခန့်စည်သူတစ်ယောက် လူပျိုကြီးဘဝမှ လွတ်မြောက် ရေးအတွက် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
“ ကိုခန့်ရဲ့မင်္ဂလာသတင်းကိုတော့ ကြားချင်နေပြီ။ ဒါပေမဲ့ ဆုံးဖြတ်ရမှာက ကာယကံရှင်တွေကိုယ်တိုင်ပဲလေ။ ကိုယ်တွေက ကိုခန့်ရေ ယူတော့ ယူတော့ဆိုပြီး ပြောလို့ကလည်းမရဘူးလေနော်။ ကိုခန့်စိတ်သဘောအတိုင်း ပဲပေါ့။ ကိုခန့်လည်း သူနဲ့ကိုက်ညီတဲ့သူ မတွေ့သေးလို့နေမှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုခန့်မင်္ဂလာပွဲကို တက်ချင်နေပါပြီ။ ကိုယ်တွေလည်း နောက်ကနေ သတို့သမီးအရံဖြစ်ဖြစ် ပန်းကြဲပဲဖြစ်ဖြစ် လုပ်ချင်ပြီ။ ကိုခန့် အိမ်ထောင်ပြုဖို့အတွက် အကြံပေးချင်တာတွေမရှိပါဘူး။ ဘာလို့လဲဆို အိမ်ထောင်ရေးတွေမှာမြင်နေ၊ ကြားနေရ တာကိုကြည့်ရင် အိမ်ထောင်ရေးတစ်ခုမှာ မတူညီတာတွေကအများကြီးပဲလေ။ အိမ်ထောင်ရေးတစ်ခု တစ်ခု ချင်းစီမှာ မတူညီတဲ့အရာတွေကအများကြီးဆိုတော့ အကြံပေးပါဆိုရင် အကြံမပေးတတ်ဘူး” လို့ သရုပ်ဆောင် ရွှေသမီး က ဆိုပါတယ်။ 
သရုပ်ဆောင် ခန့်စည်သူ  ကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်အကောင့်ကနေ သူ့နဲ့အတူ တွဲရိုက်ထားတဲ့ မိန်းကလေးရဲ့မျက်နှာအား ကွယ်ဝှက်ထားတဲ့မင်္ဂလာဆောင်ဓါတ်ပုံတွေကိုတင်ခဲ့တဲ့ ပုံ က သူမနဲ့တောက်ချလိုက်မယ်ရုပ်ရှင်ဇာတ်ကားအတွက်ရိုက်ခဲ့တဲ့ ပုံတစ်ပုံဖြစ်တယ်လို့လည်းရွှေသမီးကဆက်လက်ပြောပြခဲ့ပါတယ်။ 
သရုပ်ဆောင် ရွှေသမီး က ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်) ရိုက်ကူးထားတဲ့ တောက်ချလိုက်မယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မြင့်မြတ်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ပက်ထရစ် ရှာ၊ တက္ကသိုလ်ဂွမ်းပုံတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ရုံကြီးတွေမှာရုံတင်ပြသတော့မှာလည်းဖြစ်ပါတယ်။ 

ပိုစ့်စတာအသစ်ပြန်ရိုက်ကြတဲ့အချိန် ကိုခန့်က ပဟေဋိတွေဆန်ပြီး အဲဒီလိုလေးရိုက်ကြရအောင်ဆိုပြီးတော့ ပြောတယ်။ ပဟေဋိတွေဆန်ပြီးတော့မှ ကိုခန့်က တင်လိုက်တာ။ ပရိသတ်တွေကလည်း အရမ်းကိုမှ ထင်ကြေး တွေအမျိုးမျိုးပေးကြတာပေါ့နော်။ ပရိသတ်တွေထင်ကြတဲ့အတိုင်း ကိုယ့်ဆရာ အမြန်ဆုံး အဲဒီလိုသတင်းလေး တွေထွက်ပါစေ။ အဲဒီလိုလေး ဖြစ်ပါစေလို့ ဆုတောင်းပေးနေပါတယ်။ ဒါပေမဲ့ ကိုခန့်မှာက အဲလိုတော့လည်း မရှိဘူး။ ကိုခန့်က သူ့ပရိသတ်တွေကိုကျီစယ်ချင်လို့၊ ပြီးတော့ ကိုခန့်က သူ့အသိတွေကိုလည်း ကျီစယ်ချင်လို့တင်လိုက်တာဖြစ်တဲ့အတွက် ဘာမှပြောစရာတော့ရှိဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အဲဒီလောက်အထိလူပြောများသွားလိမ့်မယ်လို့မထင်ဘူး။ ဒါပေမဲ့ ပရိသတ်အတွက် နည်းနည်းလေးစိတ်ဝင်စားစရာဖြစ်သွားတယ်ပေါ့လေနော်။ 
ကိုခန့်ရဲ့မင်္ဂလာသတင်းကိုတော့ ကြားချင်နေပြီ။ အဲဒီလိုတွေတော့လည်း မပြောတတ်ပါဘူး။ ဒါပေမဲ့ ဆုံးဖြတ်ရမှာက ကာယကံရှင်တွေကိုယ်တိုင်ပဲလေ။ ကိုယ်တွေက ကိုခန့်ရေ ယူတော့ယူတော့ဆိုပြီး ပြောလို့ကလည်းမရဘူးလေနော်။ ကိုခန့်စိတ်သဘောအတိုင်းပဲပေါ့။ ကိုခန့်လည်း သူနဲ့ကိုက်ညီတဲ့သူ မတွေ့သေးလို့နေမှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုခန့်မင်္ဂလာပွဲကို တက်ချင်နေပါပြီ။ ကိုယ်တွေလည်း နောက်ကနေ သတို့သမီးအရံဖြစ်ဖြစ် ပန်းကြဲပဲဖြစ်ဖြစ် အဲဒီလိုမျိုးလေးရှိစေချင်ပါပြီ။ ကိုခန့်ကို အိမ်ထောင်ပြုဖို့အတွက် အကြံပေးချင်တာတွေမရှိပါဘူး။ ဘာလို့လဲဆို အိမ်ထောင်ရေးမှာမြင်နေကြားနေရတာက အိမ်ထောင်ရေးတစ်ခုမှာမတူညီတာတွေက အများကြီးပဲ။ အိမ်ထောင်ရေးတစ်ခု တစ်ခုချင်းစီမှာမတူညီတဲ့အရာတွေကအများကြီးဆိုတော့ အကြံပေးပါဆိုရင် အကြံမပေးတတ်ဘူး။

-- အိဖြူသိမ့် ( အကုန်သိ သတင်းဌာန )

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။