Skip to main content
အမ်ိဳးသား ၂ ဦးအား ဖ်ာပံုၿမိဳ႕နယ္ရွိငါးဖမ္းေဖာင္သို႔လူကုန္ကူးခဲ့သူအမ်ိဳးသမီးကုိ ဖမ္းဆီးအမႈဖြင့္ထား
Ads Block

အမ်ိဳးသား ၂ ဦးအား ဖ်ာပံုၿမိဳ႕နယ္ရွိငါးဖမ္းေဖာင္သို႔လူကုန္ကူးခဲ့သူအမ်ိဳးသမီးကုိ ဖမ္းဆီးအမႈဖြင့္ထား

 

အမ်ိဳးသား ၂ ဦးအား ဖ်ာပံုၿမိဳ႕နယ္ရွိငါးဖမ္းေဖာင္သို႔လူကုန္ကူးခဲ့သူအမ်ိဳးသမီးကုိ ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာၿပီးခဲ့သည့္ စက္တင္ဘာလ(ရက္မမွတ္မိ)က ေနသူရဦး၊ ၂၃ ႏွစ္ႏွင့္ေအာင္ကိုကို၊ ၂၇ ႏွစ္တို႔ သူငယ္ခ်င္း ၂ ဦးတို႔သည္ အလုပ္ရွာရန္ ရန္ကုန္တုိင္း၊ ဒလၿမိဳ႕နယ္ေနခ်စ္ေအာင္၊ ၂၈ ႏွစ္၏ေနအိမ္သို႔ ေရာက္ရွိကာ တည္းခိုေနထိုင္ခဲ့ၾကေၾကာင္းရဲမွတ္တမ္းအရ သိရသည္။
ထို႔ေနာက္ အိမ္ရွင္ခ်စ္ေအာင္၏ရွာေဖြခ်ိတ္ဆက္ေပးမႈေၾကာင့္ ဧရာ၀တီတိုင္း၊ ဖ်ာပံုၿမိဳ႕နယ္ရွိေရလုပ္ငန္းမ်ားသို႔ အလုပ္သြင္းေပးေနသူျဖစ္ေသာ ပြဲစားယဥ္သန္း(ခ)မေအး၊ ၃၉ ႏွစ္ႏွင့္ စက္တင္ဘာလ ၁၉ ရက္၌ အလုပ္ကိစၥျဖင့္ေတြ႔ဆံုစကားေျပာဆိုခဲ့ၾကေၾကာင္းသိရသည္။
ယဥ္သန္း(ခ)မေအး၏ေျပာျပခ်က္အရ ငါးဖမ္းေဖာင္၌ တစ္လလွ်င္ ၁၈၀,၀၀၀ က်ပ္ျဖင့္အလုပ္ရွိေၾကာင္း၊ ႀကိဳတင္ေငြ ၇၀၀,၀၀၀  လည္းႀကိဳထုတ္ႏိုင္ေၾကာင္း၊ ယင္းအလုပ္ကိုလက္ခံခဲ့ပါကပြဲစားခအျဖစ္ တစ္ဦးလွ်င္ ၅၀၀,၀၀ က်ပ္ေပးေဆာင္ရမည္ျဖစ္ေၾကာင္းစသျဖင့္ေျပာဆိုခဲ့သည္ဟု ေနသူရဦး၏ထြက္ဆိုခ်က္အရ သိရသည္။ 
ယင္းေနာက္သေဘာတူညီခဲ့ၾကသျဖင့္ စက္တင္ဘာလ ၂၁ ရက္တြင္ ဖ်ာပံုၿမိဳ႕သို႔သြားေရာက္ခဲ့ၾကၿပီး စာရြက္တစ္ရြက္ေပၚ၌ လက္ေဗြလက္မွတ္ျဖင့္ေရးထုိးခဲ့ရကာ ေနသူရဦးႏွင့္ေအာင္ကိုကိုတို႔ ၂ ဦးကို ပင္လယ္ျပင္ငါးဖမ္းေဖာင္သို႔ တစ္ေနရာစီလူခြဲပို႔ေဆာင္သျဖင့္ ငါးဖမ္းျခင္းလုပ္ငန္းကို ေန႔/ညမေရြး လုပ္ေဆာင္ခဲ့ရေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။
ေနသူရဦးသည္ အဘိုးႀကီးဆိုသည့္ငါးဖမ္းစက္ေလွ၌ ၂ လေက်ာ္ၾကာလုပ္ကိုင္ခဲ့ရအၿပီး၌ ထြက္ေျပးလြတ္ေျမာက္လာကာ ၎တို႔အတြက္ႀကိဳတင္ေငြရရွိမည့္ ၇ သိန္းက်ပ္ကုိပြဲစားျဖစ္သည့္ ယဥ္သန္း(ခ)မေအး(၃၉)ႏွစ္က ထုတ္ယူသြားခဲ့ေၾကာင္း ေနသူရဦးကစစ္ေဆးသိရွိသြားခဲ့သည္။
ထို႔အျပင္ ၎ႏွင့္အတူငါးဖမ္းေလွသို႔ အလုပ္အတူတူ၀င္ခဲ့သည့္ ေအာင္ကိုကို၊ ၂၇ ႏွစ္သည္ မည္သည့္ေနရာသို႔ေရာက္ရွိသည္ကုိ မသိရွိေၾကာင္းႏွင့္ ယင္းျဖစ္စဥ္အေပၚ၎တုိ႔အားလိမ္လည္သြားသူ ပြဲစားယဥ္သန္း(ခ)မေအး(၃၉)ႏွစ္ကိုအေရးယူေပးပါရန္ရဲတပ္ဖြဲ႔ထံသို႔ တိုင္ၾကားခဲ့ျခင္းျဖစ္သည္။
တိုင္ၾကားခ်က္ေၾကာင့္ ယဥ္သန္း(ခ)မေအး(၃၉)ႏွစ္ကိုဒလၿမိဳ႕မရဲတပ္ဖြ႔ဲကဖမ္းဆီးၿပီး ဒလၿမိဳ႕မရဲစခန္း၌ (ပ)၂၁၉၁/၂၀၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ-၂၅ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

- ဒါးဇ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

အမျိုးသား ၂ ဦးအား ဖျာပုံမြို့နယ်ရှိငါးဖမ်းဖောင်သို့လူကုန်ကူးခဲ့သူအမျိုးသမီးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။ 
ဖြစ်စဉ်မှာပြီးခဲ့သည့် စက်တင်ဘာလ(ရက်မမှတ်မိ)က နေသူရဦး၊ ၂၃ နှစ်နှင့်အောင်ကိုကို၊ ၂၇ နှစ်တို့ သူငယ်ချင်း ၂ ဦးတို့သည် အလုပ်ရှာရန် ရန်ကုန်တိုင်း၊ ဒလမြို့နယ်နေချစ်အောင်၊ ၂၈ နှစ်၏နေအိမ်သို့ ရောက်ရှိကာ တည်းခိုနေထိုင်ခဲ့ကြကြောင်းရဲမှတ်တမ်းအရ သိရသည်။
ထို့နောက် အိမ်ရှင်ချစ်အောင်၏ရှာဖွေချိတ်ဆက်ပေးမှုကြောင့် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိရေလုပ်ငန်းများသို့ အလုပ်သွင်းပေးနေသူဖြစ်သော ပွဲစားယဉ်သန်း(ခ)မအေး၊ ၃၉ နှစ်နှင့် စက်တင်ဘာလ ၁၉ ရက်၌ အလုပ်ကိစ္စဖြင့်တွေ့ဆုံစကားပြောဆိုခဲ့ကြကြောင်းသိရသည်။
ယဉ်သန်း(ခ)မအေး၏ပြောပြချက်အရ ငါးဖမ်းဖောင်၌ တစ်လလျှင် ၁၈၀,၀၀၀ ကျပ်ဖြင့်အလုပ်ရှိကြောင်း၊ ကြိုတင်ငွေ ၇၀၀,၀၀၀  လည်းကြိုထုတ်နိုင်ကြောင်း၊ ယင်းအလုပ်ကိုလက်ခံခဲ့ပါကပွဲစားခအဖြစ် တစ်ဦးလျှင် ၅၀၀,၀၀ ကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်းစသဖြင့်ပြောဆိုခဲ့သည်ဟု နေသူရဦး၏ထွက်ဆိုချက်အရ သိရသည်။ 
ယင်းနောက်သဘောတူညီခဲ့ကြသဖြင့် စက်တင်ဘာလ ၂၁ ရက်တွင် ဖျာပုံမြို့သို့သွားရောက်ခဲ့ကြပြီး စာရွက်တစ်ရွက်ပေါ်၌ လက်ဗွေလက်မှတ်ဖြင့်ရေးထိုးခဲ့ရကာ နေသူရဦးနှင့်အောင်ကိုကိုတို့ ၂ ဦးကို ပင်လယ်ပြင်ငါးဖမ်းဖောင်သို့ တစ်နေရာစီလူခွဲပို့ဆောင်သဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို နေ့/ညမရွေး လုပ်ဆောင်ခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
နေသူရဦးသည် အဘိုးကြီးဆိုသည့်ငါးဖမ်းစက်လှေ၌ ၂ လကျော်ကြာလုပ်ကိုင်ခဲ့ရအပြီး၌ ထွက်ပြေးလွတ်မြောက်လာကာ ၎င်းတို့အတွက်ကြိုတင်ငွေရရှိမည့် ၇ သိန်းကျပ်ကိုပွဲစားဖြစ်သည့် ယဉ်သန်း(ခ)မအေး(၃၉)နှစ်က ထုတ်ယူသွားခဲ့ကြောင်း နေသူရဦးကစစ်ဆေးသိရှိသွားခဲ့သည်။
ထို့အပြင် ၎င်းနှင့်အတူငါးဖမ်းလှေသို့ အလုပ်အတူတူဝင်ခဲ့သည့် အောင်ကိုကို၊ ၂၇ နှစ်သည် မည်သည့်နေရာသို့ရောက်ရှိသည်ကို မသိရှိကြောင်းနှင့် ယင်းဖြစ်စဉ်အပေါ်၎င်းတို့အားလိမ်လည်သွားသူ ပွဲစားယဉ်သန်း(ခ)မအေး(၃၉)နှစ်ကိုအရေးယူပေးပါရန်ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားချက်ကြောင့် ယဉ်သန်း(ခ)မအေး(၃၉)နှစ်ကိုဒလမြို့မရဲတပ်ဖွ့ဲကဖမ်းဆီးပြီး ဒလမြို့မရဲစခန်း၌ (ပ)၂၁၉၁/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၅ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။