Skip to main content
တုိင္ဖြန္း ကမ္မူရီေၾကာင့္ ဖိလစ္ပုိင္မွာ ေသဆုံးသူ ၁၇ ဦးအထိ ရွိလာ 
Ads Block

တုိင္ဖြန္း ကမ္မူရီေၾကာင့္ ဖိလစ္ပုိင္မွာ ေသဆုံးသူ ၁၇ ဦးအထိ ရွိလာ 

 

ဖိလစ္ပုိင္ႏုိင္ငံမွာ တုိင္ဖြန္း ကမ္မူရီ ၀င္ေရာက္တုိက္ခတ္ခဲ့မႈေၾကာင့္ လူေနအိမ္ေတြ ပ်က္စီးကာ လူ သိန္းခ်ီၿပီး ေဘးလြတ္ရာေရႊ႕ေျပာင္းေနထုိင္ခဲ့ရစဥ္ မုန္တုိင္ေၾကာင့္ ေသဆုံးသူဦးေရဟာ ၁၇ ဦးသုိ ့ ေရာက္ရွိ လာေၾကာင္း သိရပါတယ္။ 
ယခုအခ်ိန္မွာေတာ့ မုန္တုိင္းအားေပ်ာ့သြားၿပီျဖစ္ကာ ဖိလစ္ပုိင္ကုန္းေျမကေန ထြက္ခြာေနၿပီး ယခုသီတင္းပတ္အတြင္းက မုန္တုိင္းသတိေပးခ်က္ ထုတ္ျပန္ထားတဲ့ ေနရာ ၁၀၀ ေလာက္အနက္ ဗုဒၶဟူးေန႔မွာ ေနရာ ၁၀ ခုေလာက္ကုိ မုန္တုိင္းသတိေပးခ်က္ေတြ ျပန္လည္ရုပ္သိမ္းခဲ့ၿပီလုိ ့ ႏုိင္ငံရဲ႕ မုိးေလ၀သဗ်ဴယုိက ေျပာဆုိပါတယ္။ 
လူဇုံကၽြန္းရဲ႕ ေတာင္ဖ်ားေဒသ ဘီကုိလ္ျပည္နယ္မွာ လူ ၅ ဦး ေသဆုံးခဲ့ၿပီး ယင္းကၽြန္းရဲ႕ အျခား ဧရိယာေတြမွာ ၁၁ ဦး ေသဆုံးခဲ့ကာ တစ္ဦးကေတာ့ ဗစ္ဆာယတ္စ္ေဒသမွာ ေသဆုံးခဲ့တာျဖစ္တယ္လုိ ့ ရဲတပ္ဖြဲ႕နဲ႕ ေဒသဆုိင္ရာ သဘာ၀ေဘး စီမံခန္ ့ခြဲေရးေအဂ်င္စီေတြရဲ႕  အစီရင္ခံမႈေတြအရ သိရပါတယ္။ စုိက္ပ်ဳိးသီးႏွံ ပ်က္စီးဆုံးရႈံးမႈ ပီဆုိ သန္း ၈၀၀ (ကန္ေဒၚလာ ၁၅.၇ သန္း) နီးပါးရွိခဲ့ၿပီး ဘီကုိလ္နဲ႕ အေနာက္ေတာင္ပုိင္း တာဂါေလာ့ေဒသတုိ ့မွာ ပ်က္စီးဆုံးရႈံးမႈျဖစ္ခဲ့တာလုိ ့ သဘာ၀ေဘးေအဂ်င္စီ တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ 
အမ်ဳိးသား သဘာ၀ေဘး စီမံခန္ ့ခြဲေရးေကာင္စီရဲ႕ ေနာက္ဆုံး ထုတ္ျပန္ခ်က္အရ လမ္းေပါင္း ၁၂ ခုရဲ႕ အပုိင္းေတြနဲ႕ တံတားသုံးစင္းကုိ ပိတ္ထားရဆဲျဖစ္တယ္လုိ ့ ဆုိပါတယ္။ 
ကမ္မူရီဟာ ၂၀၁၉ ခုႏွစ္အတြင္း ဖိလစ္ပုိင္ႏုိင္ငံကုိ ၀င္ေရာက္ခဲ့တဲ့ အလုံး ၂၀ ေျမာက္ မုန္တုိင္းျဖစ္ပါတယ္။ ဖိလစ္ပုိင္မွာ ႏွစ္စဥ္ မုန္တုိင္း အလုံး ၂၀ ေလာက္ ၀င္ေရာက္တုိက္ခတ္ေလ့ရွိတာပါ။ ၂၀၁၃ ခုႏွစ္က ၀င္ေရာက္တုိက္ခတ္ခဲ့တဲ့ တုိင္ဖြန္း ဟုိင္ယန္ေၾကာင့္ လူ ၆၃၀၀ ေက်ာ္ ေသဆုံးခဲ့ရပါတယ္။ 
- ကုိလင္း (အကုန္သိ သတင္းဌာန)  | Ref :  jt

Unicode Version

 

ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်း ကမ်မူရီ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်တွေ ပျက်စီးကာ လူ သိန်းချီပြီး ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ခဲ့ရစဉ် မုန်တိုင်ကြောင့် သေဆုံးသူဦးရေဟာ ၁၇ ဦးသို့ ရောက်ရှိ လာကြောင်း သိရပါတယ်။ 
ယခုအချိန်မှာတော့ မုန်တိုင်းအားပျော့သွားပြီဖြစ်ကာ ဖိလစ်ပိုင်ကုန်းမြေကနေ ထွက်ခွာနေပြီး ယခုသီတင်းပတ်အတွင်းက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားတဲ့ နေရာ ၁၀၀ လောက်အနက် ဗုဒ္ဓဟူးနေ့မှာ နေရာ ၁၀ ခုလောက်ကို မုန်တိုင်းသတိပေးချက်တွေ ပြန်လည်ရုပ်သိမ်းခဲ့ပြီလို့ နိုင်ငံရဲ့ မိုးလေဝသဗျူယိုက ပြောဆိုပါတယ်။ 
လူဇုံကျွန်းရဲ့ တောင်ဖျားဒေသ ဘီကိုလ်ပြည်နယ်မှာ လူ ၅ ဦး သေဆုံးခဲ့ပြီး ယင်းကျွန်းရဲ့ အခြား ဧရိယာတွေမှာ ၁၁ ဦး သေဆုံးခဲ့ကာ တစ်ဦးကတော့ ဗစ်ဆာယတ်စ်ဒေသမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ သဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီတွေရဲ့  အစီရင်ခံမှုတွေအရ သိရပါတယ်။ စိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးမှု ပီဆို သန်း ၈၀၀ (ကန်ဒေါ်လာ ၁၅.၇ သန်း) နီးပါးရှိခဲ့ပြီး ဘီကိုလ်နဲ့ အနောက်တောင်ပိုင်း တာဂါလော့ဒေသတို့မှာ ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့တာလို့ သဘာဝဘေးအေဂျင်စီ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ 
အမျိုးသား သဘာဝဘေး စီမံခန့်ခွဲရေးကောင်စီရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ လမ်းပေါင်း ၁၂ ခုရဲ့ အပိုင်းတွေနဲ့ တံတားသုံးစင်းကို ပိတ်ထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 
ကမ်မူရီဟာ ၂၀၁၉ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အလုံး ၂၀ မြောက် မုန်တိုင်းဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ နှစ်စဉ် မုန်တိုင်း အလုံး ၂၀ လောက် ဝင်ရောက်တိုက်ခတ်လေ့ရှိတာပါ။ ၂၀၁၃ ခုနှစ်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း ဟိုင်ယန်ကြောင့် လူ ၆၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ 

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref :  jt

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။