Skip to main content
ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္းအတြက္ ျမန္မာ၊ ထိုင္းလုပ္ငန္းရွင္မ်ားအျပင္ အျခားႏိုင္ငံမ်ားမွ ရင္းႏွီးျမွဳပ္ႏွံမႈဖိတ္ေခၚမည္
Ads Block

ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္းအတြက္ ျမန္မာ၊ ထိုင္းလုပ္ငန္းရွင္မ်ားအျပင္ အျခားႏိုင္ငံမ်ားမွ ရင္းႏွီးျမွဳပ္ႏွံမႈဖိတ္ေခၚမည္

 

ဝယ္အထူးစီးပြားေရးဇုန္စီမံကိန္းအတြက္ ရင္းႏွီးျမွဳပ္ႏွံမႈကို ျမန္မာႏွင့္ ထိုင္းလုပ္ငန္းရွင္မ်ားအျပင္ အျခားႏိုင္ငံမွ ရင္းႏွီးျမွဳပ္ႏွံလိုသူမ်ားကိုပါ ဖိတ္ေခၚသြားမည္ျဖစ္ေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန္႔ခြဲမႈေကာ္မတီမွ သိရသည္။
အဆိုပါ စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္ရြက္ရာတြင္ ကနဦးစီမံကိန္း၌ အီတာလ်ံ-ထိုင္းကုမၸဏီ ပါဝင္ႏိုင္ရန္ႏွစ္ဦးႏွစ္ဖက္ေဆြးေႏြးခဲ့ကာ စီမံကိန္းႀကီးတစ္ခုလံုးအေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္ ျပည္တြင္းလုပ္ငန္းရွင္မ်ားအပါအဝင္ ႏိုင္ငံတကာမွရင္းႏွီးျမွဳပ္ႏွံသူမ်ားကိုပါ လိုအပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ 
“စီမံကိန္းေဆာင္ရြက္ဖို႔အတြက္ ေဆြးေႏြးညွိႏိႈင္းမႈေတြကေတာက္ေလွ်ာက္လုပ္ေနတယ္။ ၿပီးေတာ့ ရင္းႏွီးျမွဳပ္ႏွံမႈကလည္း ဖိတ္ေခၚရဦးမယ္။ ျပည္တြင္းကလုပ္ငန္းရွင္နဲ႔ ထိုင္းကလုပ္ငန္းရွင္ေတြအျပင္ အျခားႏိုင္ငံက လုပ္ငန္းရွင္းေတြကိုပါဖိတ္ေခၚဖို႔အတြက္ လုပ္ေနတယ္။ ရပ္ထားတဲ့စီမံကိန္းကို ျပန္စတာဆိုေတာ့လည္း အခ်ိန္ေတာ့ယူရမွာပါ”ဟု ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန္႔ခြဲမႈေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါစီမံကိန္းကို ၁၀ ႏွစ္ေက်ာ္ၾကာရပ္နားထားခဲ့ရၿပီး လက္အစိုးရလက္ထက္တြင္ ျမန္မာ-ထိုင္း-ဂ်ပန္ ပူးေပါင္း၍  အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ယင္းစီမံကိန္းႀကီးစတင္ႏိုင္ရန္ ကနဦးတြင္ ထားဝယ္-ထီးခီးလမ္းေဖာက္လုပ္ရန္လိုအပ္သည့္အတြက္ အဆိုပါလမ္းပိုင္းေဖာက္လုပ္ရန္ ထိုင္းႏိုင္ငံမွေခ်းေငြ ဘတ္ေငြ ၄ ဒႆမ ၅ ဘီလ်ံရရွိထားၿပီး မၾကာမီေဖာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိ္ရသည္။

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို မြန်မာနှင့် ထိုင်းလုပ်ငန်းရှင်များအပြင် အခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကိုပါ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကနဦးစီမံကိန်း၌ အီတာလျံ-ထိုင်းကုမ္ပဏီ ပါဝင်နိုင်ရန်နှစ်ဦးနှစ်ဖက်ဆွေးနွေးခဲ့ကာ စီမံကိန်းကြီးတစ်ခုလုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်တွင်းလုပ်ငန်းရှင်များအပါအဝင် နိုင်ငံတကာမှရင်းနှီးမြှုပ်နှံသူများကိုပါ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။ 
“စီမံကိန်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကတောက်လျှောက်လုပ်နေတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုကလည်း ဖိတ်ခေါ်ရဦးမယ်။ ပြည်တွင်းကလုပ်ငန်းရှင်နဲ့ ထိုင်းကလုပ်ငန်းရှင်တွေအပြင် အခြားနိုင်ငံက လုပ်ငန်းရှင်းတွေကိုပါဖိတ်ခေါ်ဖို့အတွက် လုပ်နေတယ်။ ရပ်ထားတဲ့စီမံကိန်းကို ပြန်စတာဆိုတော့လည်း အချိန်တော့ယူရမှာပါ”ဟု ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါစီမံကိန်းကို ၁၀ နှစ်ကျော်ကြာရပ်နားထားခဲ့ရပြီး လက်အစိုးရလက်ထက်တွင် မြန်မာ-ထိုင်း-ဂျပန် ပူးပေါင်း၍  အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းစီမံကိန်းကြီးစတင်နိုင်ရန် ကနဦးတွင် ထားဝယ်-ထီးခီးလမ်းဖောက်လုပ်ရန်လိုအပ်သည့်အတွက် အဆိုပါလမ်းပိုင်းဖောက်လုပ်ရန် ထိုင်းနိုင်ငံမှချေးငွေ ဘတ်ငွေ ၄ ဒဿမ ၅ ဘီလျံရရှိထားပြီး မကြာမီဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။