Skip to main content
ျပည္ခုိင္ၿဖဳိးပါတီဌာနခ်ဳပ္တြင္က်င္းပမည့္ သမၼတေဟာင္းဦးသိန္းစိန္ဂါရ၀ျပဳပြဲတက္ေရာက္ရန္စာရင္းေပးသူဦးေရ မ်ားျပားေန
Ads Block

ျပည္ခုိင္ၿဖဳိးပါတီဌာနခ်ဳပ္တြင္က်င္းပမည့္ သမၼတေဟာင္းဦးသိန္းစိန္ဂါရ၀ျပဳပြဲတက္ေရာက္ရန္စာရင္းေပးသူဦးေရ မ်ားျပားေန

 

ေနျပည္ေတာ္ရွိ ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္ခန္းမတြင္က်င္းပမည့္ သမၼတေဟာင္းဦးသိန္းစိန္ဂါရ၀ျပဳပြဲတက္ေရာက္ရန္ စာရင္းေပးသူဦးေရမ်ားျပားေနေၾကာင္း သိရသည္။ 
အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္ၿပီး ပြဲဦးေဆာင္က်င္းပသည့္ ေရႊျပည္ေတာ္ဆုံမွတ္အသင္းမွ ဦးေအာင္ပုိင္မင္းအား အကုန္သိသတင္းဌာနမွ ဒီဇင္ဘာလ ၄ ရက္၌ဆက္သြယ္ေမးျမန္းရာမွ သိရျခင္းျဖစ္သည္။ 
“ ျပည္ခုိင္ၿဖဳိးပါတီဌာနခ်ဳပ္ခန္းမွာက်င္းပတယ္ဆုိတာက ေနျပည္ေတာ္မွာ လူေထာင္ဂဏန္းဆံ့တဲ့ခန္းမက ရွားပါတယ္။ နံပါတ္-၁ ကသမၼတအိမ္ေတာ္ထဲမွာ ကြ်န္းေရႊ၀ါခန္းမႀကီးဆုိတာ ျပည္ခုိင္ၿဖဳိးခန္းမနဲ႔အတူတူနီးပါး ရွိပါတယ္။ ေနာက္ထပ္က်ယ္တဲ့ခန္းမေတြက MICC- 1 တုိ႔၊ 2 တုိ႔မွာ ရွိႏုိင္တယ္။ ဒါေတာင္ ေထာင္ဂဏန္းေလာက္ဆံ့ႏုိင္မယ္မထင္ဘူး။ ေနာက္ထပ္ ဓမၼာရုံကက်ယ္ႏုိင္ေပမဲ့ ပြဲေတြဘာေတြ ရွိႏုိင္တယ္။ ခန္းမကေတာ့အစုိးရကပြဲေတြလုပ္ရင္သြားတုိက္မွာစုိးလုိ႔ ဒီဌာနခ်ဳပ္ညီလာခံခန္းမတစ္ခုပဲရွိတယ္။ ဇန္န၀ါရီ ၅ ရက္ေန႔ကေတာ့ ထပ္ေျပာင္းစရာမရွိေတာ့ဘူး။အခုေတာင္ လူေတြကစာရင္းေပးတာတစ္အားမ်ားတယ္။ ဒါေၾကာင့္ ကြ်န္ေတာ္တုိ႔အသင္းေပ့ခ်္မွာဒီခန္းမဟာလူ ၃၂၀၀ ပဲဆံ့တယ္ဆုိတာေၾကညာထားတယ္။အဓိက ျပည္ခုိင္ၿဖဳိးကပရိသတ္ကမ်ားေနတယ္။ဒါေၾကာင့္ လူထုကုိညွာပါလုိ႔ေျပာေနရတယ္” ဟု ေရႊျပည္ေတာ္ဆုံမွတ္အသင္းမွ ဦးေအာင္ပုိင္မင္းက ေျပာသည္။
ယခင္ႏွစ္မ်ားတြင္ သမၼတေဟာင္းဦးသိန္းစိန္အား ဂါရ၀ျပဳပြဲအခမ္းအနားတြင္လူ ၃၄၀၀ ဦးနီးပါးရွိခဲ့ေၾကာင္းလည္း ၄င္းက ဆက္လက္ေျပာသည္။ 
ႏုိင္ငံေတာ္သမၼတေဟာင္းဦးသိန္းစိန္သည္ ၂၀၁၀ ေရြးေကာက္ပြဲတြင္ ျပည္ခုိင္ၿဖဳိးပါတီမွယွဥ္ၿပဳိင္အႏုိင္ရရွိကာ ၂၀၁၁ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အထိ ႏုိင္ငံေတာ္သမၼတတာ၀န္ထမ္းေဆာင္ခဲ့သည္။
“ သမၼတႀကီးကမနွစ္ကေျပာတာကေတာ့ေနျပည္ေတာ္ဆုံမွတ္အသင္းက ႏုိင္ငံေရးကိုလုပ္ေနတာမဟုတ္ဘူး။ မလုပ္ရဘူးဟာမ်ိဳးေလာက္ပဲေျပာသြားတာပါ။ အေထြအထူးေျပာတာေတာ့ အမ်ားျပည္သူနဲ႔တန္းတူပဲ ကုိယ့္ႏုိင္ငံေကာင္းက်ိဳးကုိေဆာင္ေပးႏုိင္တဲ့ အစုိးရကုိ၀ုိင္းၿပီး ေရြးခ်ယ္ေပးၾကမယ့္ျပည္သူထဲက ျပည္သူပဲျဖစ္တယ္။ ဒါကုိရွင္းရွင္းလင္းလင္းသိထားဖုိ႔လုိတယ္။ဒါေလးပဲေျပာသြားတယ္” ဟု ကုိေအာင္ပုိင္မင္းက ထပ္မံေျပာသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ခန်းမတွင်ကျင်းပမည့် သမ္မတဟောင်းဦးသိန်းစိန်ဂါရဝပြုပွဲတက်ရောက်ရန် စာရင်းပေးသူဦးရေများပြားနေကြောင်း သိရသည်။ 
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ပွဲဦးဆောင်ကျင်းပသည့် ရွှေပြည်တော်ဆုံမှတ်အသင်းမှ ဦးအောင်ပိုင်မင်းအား အကုန်သိသတင်းဌာနမှ ဒီဇင်ဘာလ ၄ ရက်၌ဆက်သွယ်မေးမြန်းရာမှ သိရခြင်းဖြစ်သည်။ 
“ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ခန်းမှာကျင်းပတယ်ဆိုတာက နေပြည်တော်မှာ လူထောင်ဂဏန်းဆံ့တဲ့ခန်းမက ရှားပါတယ်။ နံပါတ်-၁ ကသမ္မတအိမ်တော်ထဲမှာ ကျွန်းရွှေဝါခန်းမကြီးဆိုတာ ပြည်ခိုင်ဖြိုးခန်းမနဲ့အတူတူနီးပါး ရှိပါတယ်။ နောက်ထပ်ကျယ်တဲ့ခန်းမတွေက MICC- 1 တို့၊ 2 တို့မှာ ရှိနိုင်တယ်။ ဒါတောင် ထောင်ဂဏန်းလောက်ဆံ့နိုင်မယ်မထင်ဘူး။ နောက်ထပ် ဓမ္မာရုံကကျယ်နိုင်ပေမဲ့ ပွဲတွေဘာတွေ ရှိနိုင်တယ်။ ခန်းမကတော့အစိုးရကပွဲတွေလုပ်ရင်သွားတိုက်မှာစိုးလို့ ဒီဌာနချုပ်ညီလာခံခန်းမတစ်ခုပဲရှိတယ်။ ဇန်နဝါရီ ၅ ရက်နေ့ကတော့ ထပ်ပြောင်းစရာမရှိတော့ဘူး။အခုတောင် လူတွေကစာရင်းပေးတာတစ်အားများတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းပေ့ချ်မှာဒီခန်းမဟာလူ ၃၂၀၀ ပဲဆံ့တယ်ဆိုတာကြေညာထားတယ်။အဓိက ပြည်ခိုင်ဖြိုးကပရိသတ်ကများနေတယ်။ဒါကြောင့် လူထုကိုညှာပါလို့ပြောနေရတယ်” ဟု ရွှေပြည်တော်ဆုံမှတ်အသင်းမှ ဦးအောင်ပိုင်မင်းက ပြောသည်။
ယခင်နှစ်များတွင် သမ္မတဟောင်းဦးသိန်းစိန်အား ဂါရဝပြုပွဲအခမ်းအနားတွင်လူ ၃၄၀၀ ဦးနီးပါးရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ 
နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှယှဉ်ပြိုင်အနိုင်ရရှိကာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သည်။
“ သမ္မတကြီးကမနှစ်ကပြောတာကတော့နေပြည်တော်ဆုံမှတ်အသင်းက နိုင်ငံရေးကိုလုပ်နေတာမဟုတ်ဘူး။ မလုပ်ရဘူးဟာမျိုးလောက်ပဲပြောသွားတာပါ။ အထွေအထူးပြောတာတော့ အများပြည်သူနဲ့တန်းတူပဲ ကိုယ့်နိုင်ငံကောင်းကျိုးကိုဆောင်ပေးနိုင်တဲ့ အစိုးရကိုဝိုင်းပြီး ရွေးချယ်ပေးကြမယ့်ပြည်သူထဲက ပြည်သူပဲဖြစ်တယ်။ ဒါကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်။ဒါလေးပဲပြောသွားတယ်” ဟု ကိုအောင်ပိုင်မင်းက ထပ်မံပြောသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။