Skip to main content
ေအာက္လႊတ္ေတာ္က ၀ီဂါမြတ္ဆလင္ဆုိင္ရာ ဥပေဒၾကမ္း အတည္ျပဳလုိက္တာေၾကာင့္ ကုန္သြယ္ေရး သေဘာတူညီခ်က္အေပၚ ထိခုိက္လာႏုိင္ဟု ထရန္ ့ေျပာဆုိ 
Ads Block

ေအာက္လႊတ္ေတာ္က ၀ီဂါမြတ္ဆလင္ဆုိင္ရာ ဥပေဒၾကမ္း အတည္ျပဳလုိက္တာေၾကာင့္ ကုန္သြယ္ေရး သေဘာတူညီခ်က္အေပၚ ထိခုိက္လာႏုိင္ဟု ထရန္ ့ေျပာဆုိ 

 

တရုတ္ႏုိင္ငံ ရွင္က်န္ျပည္နယ္မွာ ထိန္းသိမ္းေရးစခန္းေတြေရာက္ ၀ီဂါမြတ္ဆလင္အေရးနဲ႕ ပတ္သက္တဲ့ ဥပေဒၾကမ္းကုိ အေမရိကန္ ေအာက္လႊတ္ေတာ္က အတည္ျပဳလုိက္တာေၾကာင့္ တရုတ္ကုိ ေဒါသထြက္ေစမွာျဖစ္လုိ ့ ကုန္သြယ္ေရးဆုိင္ရာေဆြးေႏြးမႈေတြအေပၚ ထိခုိက္လာ ႏုိင္ေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရန္ ့က ေျပာဆုိပါတယ္။ တရုတ္နဲ႕ ကုန္သြယ္ေရး သေဘာတူညီခ်က္တစ္ခုရဖုိ ့ ၂၀၂၀ ေလာက္အထိ ေစာင့္ရႏုိင္ေျခရွိတဲ့ အေနအထားဟာ အျငင္းပြားမႈေတြနဲ႕ အဆုံးသတ္သြားမယ့္ သံသယသစ္ေတြ ျမင့္တက္လာေၾကာင္း ထရန္ ့က ေျပာဆုိခဲ့ပါတယ္။ 
ေအာက္လႊတ္ေတာ္က မဲခြဲေထာက္ခံလုိက္တဲ့ ဥပေဒၾကမ္းအရ တရုတ္ႏုိင္ငံ အေနာက္ပုိင္း ေဒသ ရွင္က်န္ရွိ ၀ီဂါမြတ္ဆလင္ေတြ ဖိႏွိပ္ခံရမႈအေပၚ ထရန္ ့အစုိးရအဖြဲ႕က ထိေရာက္ျပင္းထန္တဲ့ တုံ႔ျပန္ေဆာင္ရြက္မႈေတြ လုပ္ေဆာင္ဖုိ ့ လုိအပ္မွာျဖစ္ၿပီး ယင္းအတြက္ေၾကာင့္ ကုန္သြယ္ေရးေစ့စပ္ ေဆြးေႏြးမႈေတြမွာ သေဘာတူညီခ်က္ထြက္ေပၚလာေရး ေနာက္ထပ္ အေႏွာင့္အယွက္တစ္ခု ျဖစ္လာႏုိင္ပါတယ္။ 
ဒီမုိကရက္ေတြ လႊမ္းမုိးတဲ့ ေအာက္လႊတ္ေတာ္မွာ ၄၀၇ မဲ ၁ မဲနဲ႕ ၀ီဂါဥပေဒၾကမ္းကုိ အတည္ျပဳလုိက္တာျဖစ္ၿပီး အေမရိကန္ သမၼတအေနနဲ႕ မြတ္ဆလင္ေတြ အခြင့္အေရးခ်ဳိးေဖာက္ခံေန ရတဲ့အေပၚ ရႈတ္ခ်ဖုိ ့နဲ႕ ရွင္က်န္ရွိ ႀကီးမားတဲ့ ထိန္းသိမ္းေရးစခန္းေတြကုိ ပိတ္ပင္ပစ္ဖုိ ့ တုိက္တြန္း ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ တရုတ္ရဲ႕ ၾသဇာႀကီး ေပၚလစ္ဗ်ဳယုိအဖြဲ႕၀င္တစ္ဦးျဖစ္ကာ ရွင္က်န္ျပည္နယ္ ကြန္ျမဴနစ္ပါတီ အတြင္းေရးမွဴးျဖစ္သူ ခ်န္ကြမ္က်ဳိ အေပၚ ပထမဆုံးအႀကိမ္အျဖစ္ ပိတ္ဆုိ႕ဒဏ္ခတ္မႈ ေတြလုပ္ေစဖုိ ့ ထရန္ ့ကုိ ေတာင္းဆုိထားပါတယ္။ 
ယခု ဥပေဒၾကမ္းဟာ တရုတ္ႏုိင္ငံအေပၚ ရန္ၿငိဳးထားတုိက္ခုိက္မႈတစ္ခုျဖစ္ေၾကာင္းနဲ႕ ယင္းကုိ ဥပေဒတစ္ခုအျဖစ္ သက္၀င္မလာေစဖုိ ့ အေမရိကန္ျပည္ေထာင္စုကုိ ေတာင္းဆုိေၾကာင္း မိမိတုိ ့ အက်ဳိစီးပြား ကာကြယ္ေရးအတြက္ လုပ္စရာရွိတာ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေပက်င္း က တုံ႔ျပန္ေျပာဆုိခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters 

 

Unicode Version

 

တရုတ်နိုင်ငံ ရှင်ကျန်ပြည်နယ်မှာ ထိန်းသိမ်းရေးစခန်းတွေရောက် ဝီဂါမွတ်ဆလင်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်တာကြောင့် တရုတ်ကို ဒေါသထွက်စေမှာဖြစ်လို့ ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုတွေအပေါ် ထိခိုက်လာ နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုပါတယ်။ တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုရဖို့ ၂၀၂၀ လောက်အထိ စောင့်ရနိုင်ခြေရှိတဲ့ အနေအထားဟာ အငြင်းပွားမှုတွေနဲ့ အဆုံးသတ်သွားမယ့် သံသယသစ်တွေ မြင့်တက်လာကြောင်း ထရန့်က ပြောဆိုခဲ့ပါတယ်။ 
အောက်လွှတ်တော်က မဲခွဲထောက်ခံလိုက်တဲ့ ဥပဒေကြမ်းအရ တရုတ်နိုင်ငံ အနောက်ပိုင်း ဒေသ ရှင်ကျန်ရှိ ဝီဂါမွတ်ဆလင်တွေ ဖိနှိပ်ခံရမှုအပေါ် ထရန့်အစိုးရအဖွဲ့က ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပြီး ယင်းအတွက်ကြောင့် ကုန်သွယ်ရေးစေ့စပ် ဆွေးနွေးမှုတွေမှာ သဘောတူညီချက်ထွက်ပေါ်လာရေး နောက်ထပ် အနှောင့်အယှက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ 
ဒီမိုကရက်တွေ လွှမ်းမိုးတဲ့ အောက်လွှတ်တော်မှာ ၄၀၇ မဲ ၁ မဲနဲ့ ဝီဂါဥပဒေကြမ်းကို အတည်ပြုလိုက်တာဖြစ်ပြီး အမေရိကန် သမ္မတအနေနဲ့ မွတ်ဆလင်တွေ အခွင့်အရေးချိုးဖောက်ခံနေ ရတဲ့အပေါ် ရှုတ်ချဖို့နဲ့ ရှင်ကျန်ရှိ ကြီးမားတဲ့ ထိန်းသိမ်းရေးစခန်းတွေကို ပိတ်ပင်ပစ်ဖို့ တိုက်တွန်း ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ သြဇာကြီး ပေါ်လစ်ဗျုယိုအဖွဲ့ဝင်တစ်ဦးဖြစ်ကာ ရှင်ကျန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဖြစ်သူ ချန်ကွမ်ကျို အပေါ် ပထမဆုံးအကြိမ်အဖြစ် ပိတ်ဆို့ဒဏ်ခတ်မှု တွေလုပ်စေဖို့ ထရန့်ကို တောင်းဆိုထားပါတယ်။ 
ယခု ဥပဒေကြမ်းဟာ တရုတ်နိုင်ငံအပေါ် ရန်ငြိုးထားတိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်းနဲ့ ယင်းကို ဥပဒေတစ်ခုအဖြစ် သက်ဝင်မလာစေဖို့ အမေရိကန်ပြည်ထောင်စုကို တောင်းဆိုကြောင်း မိမိတို့ အကျိုစီးပွား ကာကွယ်ရေးအတွက် လုပ်စရာရှိတာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပေကျင်း က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။