Skip to main content
ေအာ္တစ္ဇင္ကေလးငယ္အား ကုိယ္ထိလက္ေရာက္က်ဴးလြန္မႈႏွင့္ပတ္သက္၍ ဆရာ၂ ဦးအား အမႈဖြင့္ထား
Ads Block

ေအာ္တစ္ဇင္ကေလးငယ္အား ကုိယ္ထိလက္ေရာက္က်ဴးလြန္မႈႏွင့္ပတ္သက္၍ ဆရာ၂ ဦးအား အမႈဖြင့္ထား

 

New word therapeutic training center တြင္တက္ေရာက္ေနသည့္ ေအာ္တစ္ဇင္ကေလးငယ္ ၁ ဦး ကုိယ္ထိလက္ေရာက္က်ဴးလြန္ခံရမႈႏွင့္ပတ္သက္၍ ဆရာ၂ ဦးအားအမႈဖြင့္ထားၿပီး ဥပေဒရုံးတြင္ အမႈတြဲေရာက္ရွိေနေၾကာင္း သိရသည္။
အဆိုပါအမႈႏွင့္ပတ္သက္၍ က်ဳးလြန္ခံရသည့္ကေလးငယ္၏မိခင္ျဖစ္သူ ေဒါက္တာခန္႔ခန္႔၀င္းေရႊက အကုန္သိသတင္းဌာနသုိ႔ အတည္ျပဳေျပာၾကားျခင္းျဖစ္သည္။
“ ကြ်န္မတုိ႔ ေျမာက္ဒဂုံရဲစခန္းမွာ ၃၁ ရက္၊ ၁၀ လ၊ ၂၀၁၉ ကတည္းက ကြ်န္မသားကုိကုိယ္ထိလက္ေရာက္ က်ဴးလြန္တဲ့ဆရာ၂ေယာက္ကုိ ပုဒ္မ ၁၀၃(က)နဲ႔အမႈဖြင့္ထားပါတယ္။ ေက်ာင္းကုိေတာ့တရားမစြဲရေသးပါဘူး။ ဆရာ ၂ ေယာက္ကုိပဲစြဲရပါေသးတယ္။ ဒါေပမဲ့အဲဒီတရားရုံးကုိတရားစြဲတဲ့ဟာမွာ အခုေျမာက္ဒဂုံဥပေဒရုံးက ဥပေဒအရာရွိ၊ ဥပေဒအႀကံေတာင္းဆီေရာက္ေနပါၿပီ။ ရဲစခန္းကေနအဲဒီကုိတင္လုိက္ၿပီ။ အဲဒီကစာရြက္စာတမ္းေလးေတြလုိေနလုိ႔ ရဲကစုေနတယ္။ ၿပီးရင္ျပန္တင္ဖုိ႔လုပ္ေနတယ္။ ကြ်န္မသားက စင္တာနဲ႔လုိက္ေအာင္ပညာမရဘဲ ဒီလုိျဖစ္သြားတဲ့အတြက္ ကြ်န္မတုိင္ၾကားျခင္းျဖစ္တယ္။ ဘယ္လုိမွခြင့္မလႊတ္ႏုိင္တဲ့ အျပဳအမူေတြအတြက္ ကြ်န္မတုိင္ပါတယ္” ဟု ၄င္းက ေျပာသည္။
ျဖစ္စဥ္မွာ New word therapeutic training center တြင္ တက္ေရာက္ေနသည့္ ေအာ္တစ္ဇင္ကေလးငယ္အား ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာ ၃၀ ရက္၌ အိမ္မွ မိသားစုက သြားေရာက္ႀကိဳရာတြင္ ကေလး၏ ညာဖက္မ်က္လုံးဖုေနၿပီး ကေလးမ်က္လုံးပြတ္၍ ေရာင္ေနေၾကာင္း ေက်ာင္းမွ ဆရာအခ်ိဳ႕က ေျပာၾကားခဲ့သည္။ 
သို႔ေသာ္ အဆိုပါကေလးငယ္၏ မိခင္ျဖစ္သူ ေဒါက္တာခန္႔ခန္႔၀င္းေရႊက ေနာက္ရက္တြင္ ေက်ာင္းသို႔ လိုက္လံစံုစမ္းကာ CCTV ၾကည့္ရႈရာ၌ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈမ်ားကို သိရွိခဲ့ျခင္းျဖစ္သည္။ 
“ ေက်ာင္းမွာထားတာက အသက္၂ ႏွစ္ေက်ာ္ကစထားတာ။ အခု ၁၀ ႏွစ္ေက်ာ္၊ ၈ ႏွစ္နီးပါးမွ ကြ်န္မသိရတာ။ ဒဏ္ရာမေပၚတဲ့ဟာေတြဘယ္တုန္းကတည္းကလုပ္ေနတယ္ဆုိတာမသိရဘူး။အခု ကေလးကုိ ကြ်န္မေက်ာင္းက ၃၁ ရက္ကတည္းကထုတ္လုိက္ၿပီ။ အိမ္မွာပဲကြ်န္မကုိယ္တုိင္အနီးကပ္ျပဳစုေပးေနပါတယ္။ အခုကကေလးစိတ္အေျခအေနကအရမ္းဒဏ္ရာရသြားလုိ႔ပါ” ဟု ေဒါက္တာခန္႔ခန္႔၀င္းေရႊက ဆက္လက္ေျပာသည္။
အဆုိပါကိစၥႏွင့္စပ္လ်ဥ္း၍ အကုန္သိသတင္းဌာနမွ ေက်ာင္းဘက္သုိ႔ ဒီဇင္ဘာ ၄ ရက္၌ ဆက္သြယ္ေမးျမန္းေသာ္လည္း ဖုန္းဆက္သြယ္၍မရရွိခဲ့ေပ။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

New word therapeutic training center တွင်တက်ရောက်နေသည့် အော်တစ်ဇင်ကလေးငယ် ၁ ဦး ကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုနှင့်ပတ်သက်၍ ဆရာ၂ ဦးအားအမှုဖွင့်ထားပြီး ဥပဒေရုံးတွင် အမှုတွဲရောက်ရှိနေကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကျုးလွန်ခံရသည့်ကလေးငယ်၏မိခင်ဖြစ်သူ ဒေါက်တာခန့်ခန့်ဝင်းရွှေက အကုန်သိသတင်းဌာနသို့ အတည်ပြုပြောကြားခြင်းဖြစ်သည်။
“ ကျွန်မတို့ မြောက်ဒဂုံရဲစခန်းမှာ ၃၁ ရက်၊ ၁၀ လ၊ ၂၀၁၉ ကတည်းက ကျွန်မသားကိုကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ဆရာ၂ယောက်ကို ပုဒ်မ ၁၀၃(က)နဲ့အမှုဖွင့်ထားပါတယ်။ ကျောင်းကိုတော့တရားမစွဲရသေးပါဘူး။ ဆရာ ၂ ယောက်ကိုပဲစွဲရပါသေးတယ်။ ဒါပေမဲ့အဲဒီတရားရုံးကိုတရားစွဲတဲ့ဟာမှာ အခုမြောက်ဒဂုံဥပဒေရုံးက ဥပဒေအရာရှိ၊ ဥပဒေအကြံတောင်းဆီရောက်နေပါပြီ။ ရဲစခန်းကနေအဲဒီကိုတင်လိုက်ပြီ။ အဲဒီကစာရွက်စာတမ်းလေးတွေလိုနေလို့ ရဲကစုနေတယ်။ ပြီးရင်ပြန်တင်ဖို့လုပ်နေတယ်။ ကျွန်မသားက စင်တာနဲ့လိုက်အောင်ပညာမရဘဲ ဒီလိုဖြစ်သွားတဲ့အတွက် ကျွန်မတိုင်ကြားခြင်းဖြစ်တယ်။ ဘယ်လိုမှခွင့်မလွှတ်နိုင်တဲ့ အပြုအမူတွေအတွက် ကျွန်မတိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဖြစ်စဉ်မှာ New word therapeutic training center တွင် တက်ရောက်နေသည့် အော်တစ်ဇင်ကလေးငယ်အား ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်၌ အိမ်မှ မိသားစုက သွားရောက်ကြိုရာတွင် ကလေး၏ ညာဖက်မျက်လုံးဖုနေပြီး ကလေးမျက်လုံးပွတ်၍ ရောင်နေကြောင်း ကျောင်းမှ ဆရာအချို့က ပြောကြားခဲ့သည်။ 
သို့သော် အဆိုပါကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာခန့်ခန့်ဝင်းရွှေက နောက်ရက်တွင် ကျောင်းသို့ လိုက်လံစုံစမ်းကာ CCTV ကြည့်ရှုရာ၌ ကိုယ်ထိလက်ရောက်ကျူးလွန်မှုများကို သိရှိခဲ့ခြင်းဖြစ်သည်။ 
“ ကျောင်းမှာထားတာက အသက်၂ နှစ်ကျော်ကစထားတာ။ အခု ၁၀ နှစ်ကျော်၊ ၈ နှစ်နီးပါးမှ ကျွန်မသိရတာ။ ဒဏ်ရာမပေါ်တဲ့ဟာတွေဘယ်တုန်းကတည်းကလုပ်နေတယ်ဆိုတာမသိရဘူး။အခု ကလေးကို ကျွန်မကျောင်းက ၃၁ ရက်ကတည်းကထုတ်လိုက်ပြီ။ အိမ်မှာပဲကျွန်မကိုယ်တိုင်အနီးကပ်ပြုစုပေးနေပါတယ်။ အခုကကလေးစိတ်အခြေအနေကအရမ်းဒဏ်ရာရသွားလို့ပါ” ဟု ဒေါက်တာခန့်ခန့်ဝင်းရွှေက ဆက်လက်ပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အကုန်သိသတင်းဌာနမှ ကျောင်းဘက်သို့ ဒီဇင်ဘာ ၄ ရက်၌ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းဆက်သွယ်၍မရရှိခဲ့ပေ။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။