Skip to main content
အာဏာအလြဲသုံးစားမႈကို ဟန္႔တားရန္ ၀န္ႀကီးခ်ဳပ္သက္တမ္းကုိ ႏွစ္ႀကိမ္သာ ထမ္းေဆာင္ရေစမည့္ ဥပေဒၾကမ္း တင္သြင္း 
Ads Block

အာဏာအလြဲသုံးစားမႈကို ဟန္႔တားရန္ ၀န္ႀကီးခ်ဳပ္သက္တမ္းကုိ ႏွစ္ႀကိမ္သာ ထမ္းေဆာင္ရေစမည့္ ဥပေဒၾကမ္း တင္သြင္း 

 

မေလးရွားႏုိင္ငံရဲ႕ ၀န္ႀကီးခ်ဳပ္ေတြကုိ သက္တမ္း ႏွစ္ႀကိမ္သာထမ္းေဆာင္ဖုိ ့ ကန္ ့သတ္ထားတဲ့ လႊတ္ေတာ္ဆုိင္ရာ ဥပေဒၾကမ္းအား မေလးရွားအစုိးရက အဂၤါေန ့မွာ တင္သြင္းလုိက္ပါတယ္။ ဒါဟာ အာဏာအလြဲသုံးစားမႈေတြ ျဖစ္လာႏုိင္ေျခကုိ ဟန္႕တားဖုိ ့ရည္ရြယ္တဲ့ ေရြးေကာက္ပြဲဆုိင္ရာ ကတိက၀တ္ကုိ ၀န္ႀကီးခ်ဳပ္ မဟာသီယာ မုိဟာမက္ရဲ႕ အစုိးရအဖြဲ႕က ျဖည့္ဆည္းဖုိ ့ႀကိဳးပမ္းလာတာျဖစ္ပါတယ္။  
လူေနမႈစရိတ္ေတြ ျမင့္မားလာမႈ၊ အက်င့္ပ်က္ျခစားမႈေတြ ႀကီးထြားလာမႈ၊ ၀န္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇတ္ ထူေထာင္ခဲ့တဲ့ ႏုိင္ငံပုိင္ ေငြေၾကးရန္ပုံေငြအဖြဲ႕အစည္း 1MDB မွ ေဒၚလာဘီလီယံမ်ားစြာ လက္စေဖ်ာက္ခံရဖြယ္ရွိမႈတုိ ့အေပၚ ေဒါသထြက္မႈေတြေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ ေမလမွာ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ မဟာသီယာရဲ႕ Pakatan Harapan ညြန္ ့ေပါင္းအေပၚ လူထုေထာက္ခံမႈျပန္ရခဲ့ကာ အံ့အားသင့္ဖြယ္ အႏုိင္ရခဲ့ပါတယ္။ 
၀န္ႀကီးခ်ဳပ္တစ္ဦးရဲ႕ တာ၀န္ထမ္းေဆာင္ သက္တမ္းကုိ အမ်ားဆုံး ႏွစ္ႀကိမ္သာ သတ္မွတ္ေရးအတြက္ ဖက္ဒရယ္ဖြဲ႕စည္းပုံကုိ ျပင္ဆင္ေျပာင္းလဲႏုိင္ဖုိ ့ ဥပေဒၾကမ္းက ရည္ရြယ္ပါတယ္။ ပါလီမန္မွာ ဥပေဒၾကမ္းကုိ အတည္ျပဳႏုိင္ဖုိ ့ ေရြးေကာက္ခံအမတ္ ၂၂၂ ဦးရဲ႕ သုံးပုံ ႏွစ္ပုံက ေထာက္ခံရမွာျဖစ္ပါတယ္။ ယင္း ဥပေဒၾကမ္းအေပၚ ေနာက္ႏွစ္ မတ္လမွာ ေဆြးေႏြးသြားၾကဖုိ ့ စီစဥ္ထားပါတယ္။ 
ဖြဲ႕စည္းပုံဥပေဒျပင္ဆင္ေရးဟာ ၀န္ႀကီးခ်ဳပ္ရဲ႕ လုပ္ပုိင္ခြင့္အာဏာ ကန္ ့သတ္ေရး၊ အက်င့္ပ်က္ျခစားမႈ အျမစ္လွန္ေရး ရည္ရြယ္တဲ့ မဟာသီယာရဲ႕ ညြန္ ့ေပါင္းက ေပးခဲ့တဲ့ ေရြးေကာက္ပြဲ ကတိေတြထဲက တစ္ခုျဖစ္ပါတယ္။ 
၀န္ႀကီးခ်ဳပ္သက္တမ္း ၃ ဆက္နီးပါး အာဏာရယူခဲ့တဲ့ နာဂ်စ္ဟာ အခုအခ်ိန္မွာေတာ့ 1MDB ကေန ကန္ေဒၚလာ ၁ ဘီလီယံခန္ ့ လက္ခံရရွိခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြနဲ႕ ပတ္သက္ၿပီး လာဘ္စားမႈ၊ ေငြေၾကးခ၀ါခ်မႈဆုိင္ရာ စြဲခ်က္ ဒါဇင္ခ်ီနဲ႕ အမႈရင္ဆုိင္ေနခဲ့ရပါတယ္။ ၄င္းကေတာ့ စြဲခ်က္အားလုံးမွာ အျပစ္မရွိေၾကာင္း ျငင္းဆုိထားခဲ့ပါတယ္။ 

-- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : CNA

 

Unicode Version

 

မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်တွေကို သက်တမ်း နှစ်ကြိမ်သာထမ်းဆောင်ဖို့ ကန့်သတ်ထားတဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းအား မလေးရှားအစိုးရက အင်္ဂါနေ့မှာ တင်သွင်းလိုက်ပါတယ်။ ဒါဟာ အာဏာအလွဲသုံးစားမှုတွေ ဖြစ်လာနိုင်ခြေကို ဟန့်တားဖို့ရည်ရွယ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်ကို ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ရဲ့ အစိုးရအဖွဲ့က ဖြည့်ဆည်းဖို့ကြိုးပမ်းလာတာဖြစ်ပါတယ်။  
လူနေမှုစရိတ်တွေ မြင့်မားလာမှု၊ အကျင့်ပျက်ခြစားမှုတွေ ကြီးထွားလာမှု၊ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ထူထောင်ခဲ့တဲ့ နိုင်ငံပိုင် ငွေကြေးရန်ပုံငွေအဖွဲ့အစည်း 1MDB မှ ဒေါ်လာဘီလီယံများစွာ လက်စဖျောက်ခံရဖွယ်ရှိမှုတို့အပေါ် ဒေါသထွက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် မေလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဟာသီယာရဲ့ Pakatan Harapan ညွန့်ပေါင်းအပေါ် လူထုထောက်ခံမှုပြန်ရခဲ့ကာ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပါတယ်။ 
ဝန်ကြီးချုပ်တစ်ဦးရဲ့ တာဝန်ထမ်းဆောင် သက်တမ်းကို အများဆုံး နှစ်ကြိမ်သာ သတ်မှတ်ရေးအတွက် ဖက်ဒရယ်ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲနိုင်ဖို့ ဥပဒေကြမ်းက ရည်ရွယ်ပါတယ်။ ပါလီမန်မှာ ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ရွေးကောက်ခံအမတ် ၂၂၂ ဦးရဲ့ သုံးပုံ နှစ်ပုံက ထောက်ခံရမှာဖြစ်ပါတယ်။ ယင်း ဥပဒေကြမ်းအပေါ် နောက်နှစ် မတ်လမှာ ဆွေးနွေးသွားကြဖို့ စီစဉ်ထားပါတယ်။ 
ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးဟာ ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ရေး၊ အကျင့်ပျက်ခြစားမှု အမြစ်လှန်ရေး ရည်ရွယ်တဲ့ မဟာသီယာရဲ့ ညွန့်ပေါင်းက ပေးခဲ့တဲ့ ရွေးကောက်ပွဲ ကတိတွေထဲက တစ်ခုဖြစ်ပါတယ်။ 
ဝန်ကြီးချုပ်သက်တမ်း ၃ ဆက်နီးပါး အာဏာရယူခဲ့တဲ့ နာဂျစ်ဟာ အခုအချိန်မှာတော့ 1MDB ကနေ ကန်ဒေါ်လာ ၁ ဘီလီယံခန့် လက်ခံရရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လာဘ်စားမှု၊ ငွေကြေးခဝါချမှုဆိုင်ရာ စွဲချက် ဒါဇင်ချီနဲ့ အမှုရင်ဆိုင်နေခဲ့ရပါတယ်။ ၎င်းကတော့ စွဲချက်အားလုံးမှာ အပြစ်မရှိကြောင်း ငြင်းဆိုထားခဲ့ပါတယ်။ 

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။