Skip to main content
ကေမာၻဒီးယား ဘုရားေက်ာင္းတစ္ခုမွာ ေဆာက္လက္စ ဆြမ္းစားေဆာင္ ၿပိဳက်မူေၾကာင္႔ လူ ၃ ဦး ေသဆံုး
Ads Block

ကေမာၻဒီးယား ဘုရားေက်ာင္းတစ္ခုမွာ ေဆာက္လက္စ ဆြမ္းစားေဆာင္ ၿပိဳက်မူေၾကာင္႔ လူ ၃ ဦး ေသဆံုး

 

ကေမၻာဒီးယားႏုိင္ငံမွာ တနလၤာေန႔က ဘုရားေက်ာင္း၀န္းတစ္ခုအတြင္း ေဆာက္လက္စ ဆြမ္းစား ေဆာင္ ၿပိဳက်ခဲ့မူေၾကာင့္ အလုပ္သမား ၃ ဦး ေသဆံုးၿပီး ၁၂ ဦး အျပင္းအထန္ ဒဏ္ရာရခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိပါတယ္။ 
ဆီရမ္ရိျပည္နယ္ရွိ ဘုရား၀န္းအတြင္းက အေဆာက္အံုအသစ္ရဲ႕ ပထမထပ္မွာ ဘိလပ္ေျမ ေဖ်ာ္စပ္ေနၾကတဲ့ အလုပ္သမားေတြအေပၚ အေဆာက္အအုံ ၿပိဳက်ခဲ႔ျခင္းျဖစ္တယ္လို႔ ေဒသဆိုင္ရာရဲေတြက ေျပာပါတယ္။  ဘုန္းႀကီး၂ ပါး အပါအ၀င္လူ ၁၂ ေယာက္အား အပ်က္အစီးေတြၾကား ပိတ္မိေနရာမွ ကယ္ဆယ္ ႏိုင္ခဲ့ၿပီး ေနာက္ထပ္ေပ်ာက္ဆံုးေနသူေတြကို ဆက္လက္ရွာေဖြေနပါတယ္လို႔ ေဒသဆိုင္ရာ ကယ္ဆယ္ေရး အဖြဲ႕ က ေျပာၾကားခဲ႔ပါတယ္။ 
အလုပ္သမား ၂၀ ေက်ာ္ေလာက္ဟာ ယင္း ၿပိဳက် အေဆာက္အအံုမွာ အလုပ္လုပ္ေနခဲ့ ၾကတာျဖစ္တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။ 
ဇြန္လအတြင္းကလည္း ကေမာၻဒီးယားႏုိင္ငံ သီဟာႏုေဗးလ္ၿမိဳ႕မွာ ေဆာက္လက္စအေဆာက္အအံု ၿပိဳက်ခဲ့မႈေၾကာင့္ လူအေယာက္ ၃၀ ခန္႔ ေသဆံုးခဲ့ပါတယ္။ ကေမၻာဒီးယားမွာ အေဆာက္အအုံၿပိဳက်မႈေတြ မၾကာခဏဆိုသလို ျဖစ္ပြားခဲ့ပါတယ္။ ဒါေပမဲ့ ဒီျဖစ္ရပ္ေတြဟာ  ဥပေဒအရ လ်စ္လ်ဴရွဳထားျခင္း ခံေနရပါတယ္။ ႏုိင္ငံတြင္း ေဆာက္လုပ္ေရးအလုပ္သမား ၂ သိန္းခန္႔ရွိျပီး အမ်ားစု ကၽြမ္းက်င္လုပ္သားေတြ မဟုတ္ၾကသလုိ ေန႔စားလုပ္ခအေပၚမွာ မွီခိုေနရသူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ ကမၻာ့အလုပ္သမားအဖြဲ႕အစည္းဥပေဒအရ အျပည့္အ၀ ကာကြယ္မႈ မေပးႏိုင္ေသဘူးလို႔ ဆုိပါတယ္။

- ခုိင္ခုိင္ ( အကုန္သိ သတင္းဌာန )  | Ref : CNA

 

Unicode Version

 

ကမ္ဘောဒီးယားနိုင်ငံမှာ တနင်္လာနေ့က ဘုရားကျောင်းဝန်းတစ်ခုအတွင်း ဆောက်လက်စ ဆွမ်းစား ဆောင် ပြိုကျခဲ့မူကြောင့် အလုပ်သမား ၃ ဦး သေဆုံးပြီး ၁၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ 
ဆီရမ်ရိပြည်နယ်ရှိ ဘုရားဝန်းအတွင်းက အဆောက်အုံအသစ်ရဲ့ ပထမထပ်မှာ ဘိလပ်မြေ ဖျော်စပ်နေကြတဲ့ အလုပ်သမားတွေအပေါ် အဆောက်အအုံ ပြိုကျခဲ့ခြင်းဖြစ်တယ်လို့ ဒေသဆိုင်ရာရဲတွေက ပြောပါတယ်။  ဘုန်းကြီး၂ ပါး အပါအဝင်လူ ၁၂ ယောက်အား အပျက်အစီးတွေကြား ပိတ်မိနေရာမှ ကယ်ဆယ် နိုင်ခဲ့ပြီး နောက်ထပ်ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်လို့ ဒေသဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ က ပြောကြားခဲ့ပါတယ်။ 
အလုပ်သမား ၂၀ ကျော်လောက်ဟာ ယင်း ပြိုကျ အဆောက်အအုံမှာ အလုပ်လုပ်နေခဲ့ ကြတာဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ 
ဇွန်လအတွင်းကလည်း ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗေးလ်မြို့မှာ ဆောက်လက်စအဆောက်အအုံ ပြိုကျခဲ့မှုကြောင့် လူအယောက် ၃၀ ခန့် သေဆုံးခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာ အဆောက်အအုံပြိုကျမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေဟာ  ဥပဒေအရ လျစ်လျူရှုထားခြင်း ခံနေရပါတယ်။ နိုင်ငံတွင်း ဆောက်လုပ်ရေးအလုပ်သမား ၂ သိန်းခန့်ရှိပြီး အများစု ကျွမ်းကျင်လုပ်သားတွေ မဟုတ်ကြသလို နေ့စားလုပ်ခအပေါ်မှာ မှီခိုနေရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အပြည့်အ၀ ကာကွယ်မှု မပေးနိုင်သေဘူးလို့ ဆိုပါတယ်။

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။