Skip to main content
ဂိုဟာရာ သေဆုံးပြီး တစ်လမကြာခင် ကိုရီးယားသရုပ်ဆောင် ချားအင်ဟာ သေဆုံးခဲ့ပြန် 
Ads Block
ဂိုဟာရာ သေဆုံးပြီး တစ်လမကြာခင် ကိုရီးယားသရုပ်ဆောင် ချားအင်ဟာ သေဆုံးခဲ့ပြန် 
Unicode Version
တက်သစ်စ ကိုရီးယားသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ချားအင်ဟာ ( လီဂျေဟို ) အသက်၂၇နှစ် ဟာ ဒီဇင်ဘာလ ၃ ရက်နေ့ အစောပိုင်းက နေအိမ်မှာ သေဆုံးနေကြောင်း သတင်းရရှိပါတယ်။ 
ချားအင်ဟာသေဆုံးရတဲ့ အသေးစိတ် အကြောင်းရင်းကိုတော့ ရဲတွေ နေအိမ်ကို သွားရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ “ချားအင်ဟာ သေဆုံးသွားရခြင်းအတွက် တကယ်ပဲ ဝမ်းနည်းကြေကွဲရပါတယ်။ သေဆုံးရတဲ့ အကြောင်းအရင်းကို မသိရသေးဘဲ ကောလဟာလတွေ မဖြန့်ကြဖို့ မီဒီယာတွေကို မေတ္တာရပ်ခံပါတယ်၊ ချားအင်ဟာရဲ့ အသုဘအခန်းအနားကို သူရဲ့ မိသားစုဝင်တွေ သဘောအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ၎င်းရဲ့ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။ 
ချားအင်ဟာဟာ ၂၀၁၇ ခုနှစ်က အမျိုးသား သရုပ်ဆောင်အဖွဲ့တစ်ခုဖြစ်တဲ့ SURPRISE U အဖွဲ့နဲ့ အနုပညာလောကကို စတင်လျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ Love with Flow ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေခဲ့သူလည်း ဖြစ်ပါတယ်။ 
ချားအင်ဟာသေဆုံးသတင်းမှုဟာ အမျိုးသမီး ကေပေါ့ပ်အဆိုတော်ဟောင်းတစ်ဦးဖြစ်တဲ့ ဂိုဟာရာသေဆုံးပြီး ၂ပတ် အကြာမှာ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။
- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : Mothership 
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။