Skip to main content
တပ္မေတာ္အက်ိဳးစီးပြားအတြက္ ဖြဲ႔စည္းပုံျပင္ဆင္ေရးေဆာင္ရြက္ေနျခင္းမဟုတ္ဟု ဆို 
Ads Block

တပ္မေတာ္အက်ိဳးစီးပြားအတြက္ ဖြဲ႔စည္းပုံျပင္ဆင္ေရးေဆာင္ရြက္ေနျခင္းမဟုတ္ဟု ဆို 

 

တပ္မေတာ္အက်ိဳးစီးပြားအတြက္ ဖြဲ႔စည္းပုံျပင္ဆင္ေရးေဆာင္ရြက္ေနျခင္းမဟုတ္သည့္အတြက္ အျမင္ေစာင္းေနျခင္းမ်ိဳးမျဖစ္သင့္ဟု တပ္မေတာ္သားအမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဗုိလ္မွဴးႀကီးခင္ေမာင္ႏုိင္က ေျပာသည္။
ျပည္ေထာင္စုလႊတ္ေတာ္တြင္ ဒီဇင္ဘာလ ၃ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ ၁၄ ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀းတြင္ ဖြဲ႔စည္းပုံျပင္ဆင္ေရးႏွင့္ပတ္သက္၍ ေဆြးေႏြးေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ေခတ္ကာလတစ္ခုေရာက္ရင္ ျပင္သင့္ျပင္ထုိက္တာေတြကုိျပင္ရမယ္ဆုိတာလက္ခံထားပါတယ္။ ျပင္ဆင္ဖုိ႔လည္း ေျပာထားၿပီးျဖစ္ပါတယ္။တပ္မေတာ္သားမ်ားကုိယ္တုိင္ ျပင္သင့္ျပင္ထုိက္တာကုိ ျပင္ဆင္ႏုိင္ေရး ဥပေဒနဲ႔အညီေဆာင္ရြက္ေနပါတယ္။ ဒါေၾကာင့္လည္းဗုိလ္မွဴးခ်ဳပ္ေအာင္စန္းခ်စ္က တုိင္းရင္းသားမ်ားရဲ႕အက်ိဳး၊ ဖက္ဒရယ္ဒီမုိကေရစီရဲ႔အက်ိဳးအတြက္ ပုဒ္မ ၂၆၂၊ ၂၆၄တို႔ကုိ ျပင္ဆင္ၿပီး ဥပေဒမူၾကမ္းတင္သြင္းခဲ့တာျဖစ္ပါတယ္။ တင္ျပထားတဲ့ျပင္ဆင္ေရးဥပေဒမူၾကမ္းေတြဟာ တပ္မေတာ္အက်ိဳးစီးပြားအတြက္လုပ္ေနတယ္ဆုိတာမဟုတ္ပါဘူး။ အျမင္ေစာင္းေနတာမ်ိဳးမျဖစ္သင့္ဘူးလုိ႔ ေျပာခ်င္ပါတယ္။ ႏုိင္ငံေတာ္အတြက္ ၊တုိင္းရင္းသားမ်ားအက်ိဳးစိးပြားအတြက္ အမ်ိဳးသားႏုိင္ငံေရးအရ လုပ္ေဆာင္ေနတာကုိ ဒီေနရာကထပ္ၿပီးေျပာၾကားလုိပါတယ္’’ ဟု တပ္မေတာ္သား အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဗုိလ္မွဴးႀကီးခင္ေမာင္ႏုိင္က ေျပာသည္။
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ရန္ NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က ျပည္ေထာင္စုလႊတ္ေတာ္တြင္ အေရးႀကီးအဆုိအျဖစ္ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၂၉ ရက္တြင္တင္သြင္းခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ ျပည္ေထာင္စုလႊတ္ေတာ္က ဥပေဒၾကမ္းပူးေပါင္းေကာ္မတီဖြဲ႔စည္းေပးခဲ့ျခင္း ျဖစ္သည္။
လက္ရွိတြင္ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒၾကမ္း ၄ ခုေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ 

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

တပ်မတော်အကျိုးစီးပွားအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်နေခြင်းမဟုတ်သည့်အတွက် အမြင်စောင်းနေခြင်းမျိုးမဖြစ်သင့်ဟု တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်နိုင်က ပြောသည်။
ပြည်ထောင်စုလွှတ်တော်တွင် ဒီဇင်ဘာလ ၃ ရက်ကကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
“ခေတ်ကာလတစ်ခုရောက်ရင် ပြင်သင့်ပြင်ထိုက်တာတွေကိုပြင်ရမယ်ဆိုတာလက်ခံထားပါတယ်။ ပြင်ဆင်ဖို့လည်း ပြောထားပြီးဖြစ်ပါတယ်။တပ်မတော်သားများကိုယ်တိုင် ပြင်သင့်ပြင်ထိုက်တာကို ပြင်ဆင်နိုင်ရေး ဥပဒေနဲ့အညီဆောင်ရွက်နေပါတယ်။ ဒါကြောင့်လည်းဗိုလ်မှူးချုပ်အောင်စန်းချစ်က တိုင်းရင်းသားများရဲ့အကျိုး၊ ဖက်ဒရယ်ဒီမိုကရေစီရဲ့အကျိုးအတွက် ပုဒ်မ ၂၆၂၊ ၂၆၄တို့ကို ပြင်ဆင်ပြီး ဥပဒေမူကြမ်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်ပြထားတဲ့ပြင်ဆင်ရေးဥပဒေမူကြမ်းတွေဟာ တပ်မတော်အကျိုးစီးပွားအတွက်လုပ်နေတယ်ဆိုတာမဟုတ်ပါဘူး။ အမြင်စောင်းနေတာမျိုးမဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။ နိုင်ငံတော်အတွက် ၊တိုင်းရင်းသားများအကျိုးစိးပွားအတွက် အမျိုးသားနိုင်ငံရေးအရ လုပ်ဆောင်နေတာကို ဒီနေရာကထပ်ပြီးပြောကြားလိုပါတယ်’’ ဟု တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်နိုင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင်တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်းပူးပေါင်းကော်မတီဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း ၄ ခုရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။