Skip to main content
 စမတ္ဖုန္းနဲ႔ ကြန္ပ်ဴတာေတြမွာ ရုရွား အပလီေကးရွင္း ထည့္သြင္းရမယ့္ ဥပေဒကုိ သမၼတ ပူတင္ အတည္ျပဳ 
Ads Block

 စမတ္ဖုန္းနဲ႔ ကြန္ပ်ဴတာေတြမွာ ရုရွား အပလီေကးရွင္း ထည့္သြင္းရမယ့္ ဥပေဒကုိ သမၼတ ပူတင္ အတည္ျပဳ 

 

ရုရွားႏုိင္ငံအတြင္း ေရာင္းခ်မယ့္ စမတ္ဖုန္းေတြ၊ ကြန္ပ်ဴတာေတြနဲ႕ စမတ္တီဗီေတြအားလုံးမွာ ရုရွား ေဆာ့ဖ္၀ဲ တင္ကူးထည့္သြင္းၿပီးမွ ေရာင္းခ်ရမယ္ဆုိတဲ့ ဥပေဒကုိ တနလၤာေန ့မွာ သမၼတ ဗလာဒီမာ ပူတင္ က လက္မွတ္ေရးထုိး အတည္ျပဳလုိက္ေၾကာင္း သိရပါတယ္။ 
ေနာက္ႏွစ္ ဇူလုိင္ ၁ ရက္ေန ့မွစကာ မျဖစ္မေန လုိက္နာေဆာင္ရြက္ရေတာ့မွာျဖစ္တဲ့ ယင္း ဥပေဒျပဌာန္းခ်က္ေၾကာင့္ အီလက္ထေရာနစ္ပစၥည္း လက္လီေရာင္းခ်သူေတြရဲ႕ ေစာဒကတက္မႈေတြ ေပၚေပါက္ခဲ့ပါတယ္။ ဒီဥပေဒ အတည္ျပဳျပဌာန္းတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ၄င္းတုိ ့နဲ႕ တုိင္ပင္ေဆြးေႏြးတာမ်ဳိး လုံး၀မလုပ္ခဲ့ဘူလုိ ့ ၄င္းတုိ ့က ေျပာဆုိၾကပါတယ္။ 
ႏုိင္ငံရပ္ျခား ကုမၸဏီေတြ ယွဥ္ၿပိဳင္ေနရတဲ့ ရုရွား အုိင္တီကုမၸဏီေတြအတြက္ အေထာက္ အကူျဖစ္ေစေရး၊ ပစၥည္းသစ္ ၀ယ္ယူၾကမယ့္ အသုံးျပဳသူေတြ ေဆာ့ဖ္၀ဲ download လုပ္စရာ မလုိအပ္ေစဖုိ ့ ယခု ဥပေဒကုိ ျပဌာန္းတာျဖစ္တယ္လုိ ့ ဆုိပါတယ္။ 
အက္ပဲလ္၊ ဆမ္ေဆာင္းနဲ႕ ဟြာေ၀း အပါအ၀င္ ရုရွားႏုိင္ငံရဲ႕ မုိဘုိင္းလ္ဖုန္းေစ်းကြက္ကုိ ႏုိင္ငံျခား ကုမၸဏီေတြက လႊမ္းမုိးထားပါတယ္။ ကိရိယာအသီးသီးမွာ ထည့္သြင္းရမယ့္ ရုရွား အပလီေကးရွင္းေတြရဲ႕ စာရင္းကုိ အစုိးရက ထုတ္ျပန္ေပးမွာျဖစ္ေၾကာင္း ဥပေဒကုိ လက္မွတ္ေရးထုိးခဲ့တဲ့ ပူတင္က ေျပာဆုိခဲ့ပါတယ္။ 
ရုရွားႏုိင္ငံဟာ မၾကာခင္ႏွစ္ေတြအတြင္း အင္တာနက္ဆုိင္ရာ ဥပေဒေတြ တင္းက်ပ္ခဲ့ၿပီး ရွာေဖြမႈဆုိင္ရာ ရလဒ္ေတြအခ်ဳိ႕ကုိ ဖ်က္ပစ္ႏုိင္တဲ့ ရွာေဖြေရး ကိရိယာေတြ တပ္ဆင္ရျခင္း၊ ရုရွားႏုိင္ငံမွာ အင္တာနက္ အသုံးျပဳသူေတြရဲ႕ မက္ေဆ့ေတြ၊ ဓါတ္ပုံေတြကုိ အစုိးရထံ လႊဲေျပာင္းေပးေစျခင္း၊ တည္ဆဲ သတင္း အခ်က္အလက္ဆုိင္ရာ ဥပေဒေတြကုိ ျပင္ဆင္ကာ ႏုိင္ငံေတာ္ အၾကည္ညဳိပ်က္ေစမႈ၊ သတင္းမွား ျဖန္ ့ေ၀မႈ ေတြကုိ ရာဇ၀တ္မႈတစ္ခုအျဖစ္ ျပဌာန္းျခင္း စတာေတြ လုပ္ေဆာင္ထားခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters 

 

Unicode Version

 

ရုရှားနိုင်ငံအတွင်း ရောင်းချမယ့် စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ စမတ်တီဗီတွေအားလုံးမှာ ရုရှား ဆော့ဖ်ဝဲ တင်ကူးထည့်သွင်းပြီးမှ ရောင်းချရမယ်ဆိုတဲ့ ဥပဒေကို တနင်္လာနေ့မှာ သမ္မတ ဗလာဒီမာ ပူတင် က လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း သိရပါတယ်။ 
နောက်နှစ် ဇူလိုင် ၁ ရက်နေ့မှစကာ မဖြစ်မနေ လိုက်နာဆောင်ရွက်ရတော့မှာဖြစ်တဲ့ ယင်း ဥပဒေပြဌာန်းချက်ကြောင့် အီလက်ထရောနစ်ပစ္စည်း လက်လီရောင်းချသူတွေရဲ့ စောဒကတက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဥပဒေ အတည်ပြုပြဌာန်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၎င်းတို့နဲ့ တိုင်ပင်ဆွေးနွေးတာမျိုး လုံးဝမလုပ်ခဲ့ဘူလို့ ၎င်းတို့က ပြောဆိုကြပါတယ်။ 
နိုင်ငံရပ်ခြား ကုမ္ပဏီတွေ ယှဉ်ပြိုင်နေရတဲ့ ရုရှား အိုင်တီကုမ္ပဏီတွေအတွက် အထောက် အကူဖြစ်စေရေး၊ ပစ္စည်းသစ် ဝယ်ယူကြမယ့် အသုံးပြုသူတွေ ဆော့ဖ်ဝဲ download လုပ်စရာ မလိုအပ်စေဖို့ ယခု ဥပဒေကို ပြဌာန်းတာဖြစ်တယ်လို့ ဆိုပါတယ်။ 
အက်ပဲလ်၊ ဆမ်ဆောင်းနဲ့ ဟွာဝေး အပါအဝင် ရုရှားနိုင်ငံရဲ့ မိုဘိုင်းလ်ဖုန်းဈေးကွက်ကို နိုင်ငံခြား ကုမ္ပဏီတွေက လွှမ်းမိုးထားပါတယ်။ ကိရိယာအသီးသီးမှာ ထည့်သွင်းရမယ့် ရုရှား အပလီကေးရှင်းတွေရဲ့ စာရင်းကို အစိုးရက ထုတ်ပြန်ပေးမှာဖြစ်ကြောင်း ဥပဒေကို လက်မှတ်ရေးထိုးခဲ့တဲ့ ပူတင်က ပြောဆိုခဲ့ပါတယ်။ 
ရုရှားနိုင်ငံဟာ မကြာခင်နှစ်တွေအတွင်း အင်တာနက်ဆိုင်ရာ ဥပဒေတွေ တင်းကျပ်ခဲ့ပြီး ရှာဖွေမှုဆိုင်ရာ ရလဒ်တွေအချို့ကို ဖျက်ပစ်နိုင်တဲ့ ရှာဖွေရေး ကိရိယာတွေ တပ်ဆင်ရခြင်း၊ ရုရှားနိုင်ငံမှာ အင်တာနက် အသုံးပြုသူတွေရဲ့ မက်ဆေ့တွေ၊ ဓါတ်ပုံတွေကို အစိုးရထံ လွှဲပြောင်းပေးစေခြင်း၊ တည်ဆဲ သတင်း အချက်အလက်ဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ သတင်းမှား ဖြန့်ဝေမှု တွေကို ရာဇဝတ်မှုတစ်ခုအဖြစ် ပြဌာန်းခြင်း စတာတွေ လုပ်ဆောင်ထားခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။