Skip to main content
ႏွစ္ဖက္မိဘကသေဘာမတူသျဖင့္ ဆယ္ေက်ာ္သက္စံုတြဲ အဆိပ္ေသာက္ေသဆံုး
Ads Block

ႏွစ္ဖက္မိဘကသေဘာမတူသျဖင့္ ဆယ္ေက်ာ္သက္စံုတြဲ အဆိပ္ေသာက္ေသဆံုး

 

ခိုးရာလိုက္ေျပးေသာ္လည္း ႏွစ္ဖက္မိဘကသေဘာမတူေသာေၾကာင့္ ဆယ္ေက်ာ္စံုတြဲအဆိပ္ေသာက္၍ ေသဆံုးမႈ တြံေတးၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ တြံ႔ေတးၿမိဳ႕နယ္၊ -------- ရပ္ကြက္ေန ၁၈ ႏွစ္အရြယ္လူငယ္အမ်ိဳးသားသည္ ဒီဇင္ဘာလ ၁ ရက္က ၎၏ေနအိမ္တြင္အဆိပ္ေသာက္၍ေသဆံုးသြားၿပီးေနာက္ရက္(ဒီဇင္ဘာ ၂ ရက္) ညပိုင္း၌ ေသဆံုးသူႏွင့္ခိုးရာလိုက္ေျပးဖူးသည့္ခ်စ္သူမိန္းကေလး၊ ၁၉ ႏွစ္ကလည္းသူမ၏ေနအိမ္၌ပင္ အလားတူပံုစံအတိုင္းအဆိပ္ေသာက္သတ္ေသသြားျခင္းျဖစ္ေၾကာင္းရဲတပ္ဖြဲ႔ထံမွသိရသည္။
“အမည္နာမေတြနဲ႔ ပံုေတြကိုထုတ္ျပေပးလို႔မရဘူး။ ကာယကံရွင္မိသားစု၀င္ေတြရဲ႕ သိကၡာတရား ရွိေသးတယ္ေလ။ လြန္ခဲ့တဲ့ ၃ လေလာက္ကသူတို႔ႏွစ္ဦးခိုးရာလိုက္ေျပးဖူးၿပီးေတာ့ ႏွစ္ဖက္လူႀကီးေတြက သေဘာမတူလုိ႔ လိုက္ခြဲၿပီးျပန္ေခၚထားၾကတယ္လို႔သိရတယ္။ တစ္ၿပိဳင္တည္းေသဆံုးတာေတာ့မဟုတ္ဘူး။ ေကာင္ေလးအရင္ေသဆံုးသြားၿပီးေနာက္တစ္ရက္မွာ ေကာင္မေလးလည္းအလားတူလိုက္ေသတာ၊ အဲဒီေလာက္ပဲသိရေသးတယ္။က်န္တာကေတာ့ ဟုတ္/မဟုတ္စစ္ေဆးေနဆဲေပါ့။ အေသးစိတ္ သိခ်င္တယ္ဆိုရင္ ကိုယ္တိုင္စခန္းမွာစံုစမ္းေမးျမန္းၾကည့္ႏုိင္ပါတယ္” ဟု တြံေတးၿမိဳ႕နယ္ရဲတပ္ဖြဲ႔၀င္တစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
လက္ရွိတြင္ ယင္းျဖစ္ရပ္ႏွစ္ပတ္သက္၍ ေသမႈေသခင္းအမွတ္စဥ္ျဖင့္ ဓမၼတာအတိုင္းေသဆံုးျခင္းဟုတ္/မဟုတ္ အမႈဖြင့္စစ္ေဆးေနေၾကာင္း တြံေတးၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံမွ သိရသည္။

- ဒါးဇ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

ခိုးရာလိုက်ပြေးသော်လည်း နှစ်ဖက်မိဘကသဘောမတူသောကြောင့် ဆယ်ကျော်စုံတွဲအဆိပ်သောက်၍ သေဆုံးမှု တွံတေးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်၊ -------- ရပ်ကွက်နေ ၁၈ နှစ်အရွယ်လူငယ်အမျိုးသားသည် ဒီဇင်ဘာလ ၁ ရက်က ၎င်း၏နေအိမ်တွင်အဆိပ်သောက်၍သေဆုံးသွားပြီးနောက်ရက်(ဒီဇင်ဘာ ၂ ရက်) ညပိုင်း၌ သေဆုံးသူနှင့်ခိုးရာလိုက်ပြေးဖူးသည့်ချစ်သူမိန်းကလေး၊ ၁၉ နှစ်ကလည်းသူမ၏နေအိမ်၌ပင် အလားတူပုံစံအတိုင်းအဆိပ်သောက်သတ်သေသွားခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ထံမှသိရသည်။
“အမည်နာမတွေနဲ့ ပုံတွေကိုထုတ်ပြပေးလို့မရဘူး။ ကာယကံရှင်မိသားစုဝင်တွေရဲ့ သိက္ခာတရား ရှိသေးတယ်လေ။ လွန်ခဲ့တဲ့ ၃ လလောက်ကသူတို့နှစ်ဦးခိုးရာလိုက်ပြေးဖူးပြီးတော့ နှစ်ဖက်လူကြီးတွေက သဘောမတူလို့ လိုက်ခွဲပြီးပြန်ခေါ်ထားကြတယ်လို့သိရတယ်။ တစ်ပြိုင်တည်းသေဆုံးတာတော့မဟုတ်ဘူး။ ကောင်လေးအရင်သေဆုံးသွားပြီးနောက်တစ်ရက်မှာ ကောင်မလေးလည်းအလားတူလိုက်သေတာ၊ အဲဒီလောက်ပဲသိရသေးတယ်။ကျန်တာကတော့ ဟုတ်/မဟုတ်စစ်ဆေးနေဆဲပေါ့။ အသေးစိတ် သိချင်တယ်ဆိုရင် ကိုယ်တိုင်စခန်းမှာစုံစမ်းမေးမြန်းကြည့်နိုင်ပါတယ်” ဟု တွံတေးမြို့နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ယင်းဖြစ်ရပ်နှစ်ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ်ဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် အမှုဖွင့်စစ်ဆေးနေကြောင်း တွံတေးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။