Skip to main content
အေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းမ်ားကို လက္ရိွလႊတ္ေတာ္သက္တမ္းအတြင္းအၿပီးေဆာင္ရြက္မည္
Ads Block

အေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းမ်ားကို လက္ရိွလႊတ္ေတာ္သက္တမ္းအတြင္းအၿပီးေဆာင္ရြက္မည္

 

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းမ်ားကို လက္ရွိလႊတ္ေတာ္သက္တမ္းအတြင္း အၿပီးေဆာင္ရြက္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေျပာလိုက္သည္။
ယေန႔(ဒီဇင္ဘာလ ၃ ရက္) ကက်င္းပသည့္ ဒုတိယအၾကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ၁၄ ၾကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ဒသမေန႔တြင္ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ကုိယ္စားလွယ္အခ်ိဳ႕၏ေဆြးေႏြးမႈမ်ားႏွင့္ပက္သက္ၿပီး အသိေပးေျပာဆုိခဲ့ျခင္းျဖစ္သည္။ 
“ဒီကိစၥကုိ အရင္ဆံုးစတင္ကတည္းက ဒီသက္တမ္းအတြင္းေဆာင္ရြက္နုိင္မယ့္လုပ္ငန္းတာဝန္တစ္ခုအေနနဲ႔ စဥ္းစားလက္ခံၿပီး လႊတ္ေတာ္သိ႔ုတင္ျပေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။ ပထမသက္တမ္းမွာ ေဆာင္ရြက္ခဲ့မႈအရ မည္သည့္ဥပေဒၾကမ္းတစ္ခုကိုမွ် ေနာက္သက္တမ္းကုိ ဆက္ၿပီးလႊဲယူသြားတဲ့အစဥ္အလာမရွိတဲ့အတြက္ အခုလို ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းကုိလည္း လက္ရွိသက္တမ္းမွာပဲ ၿပီးစီးေအာင္ ဦးစားေပးေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ တုိင္းရင္းသားစည္းလုံးညီညြတ္ေရး၊ အခ်င္းခ်င္းရုိင္းပင္းကူညီေရး၊ ခ်စ္ၾကည္ေလးစားေရးတုိ႔ကုိ ထိခိုက္ပ်က္ျပားေစမယ့္ အျပဳအမူ၊ အေျပာအဆုိမ်ားကုိ ဂရုျပဳၾကဖုိ႔ ပန္ၾကားလိုပါတယ္”ဟု ျပည္ေထာင္စုလႊတ္ေတာ္နာက ဦးတီခြန္ျမတ္က ေျပာသည္။ 
ဖြဲ႔စည္ပံုအေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းမ်ားႏွင့္ပက္သက္ၿပီး ပူးေပါင္ေကာ္မတီ၏အစီရင္ခံစာမ်ားကုိ ေဆြးေႏြးစဥ္ လႊတ္ေတာ္ကုိယ္စားလွယ္အခ်ိဳ႕က ေမးခြန္းမ်ားေမးျမန္းေနၾကျခင္းရွိေနၿပီး ယင္းသုိ႔ အစီရင္ခံစာတစ္ခုေဆြးေႏြးခ်ိန္ ေမးခြန္းေမးျမန္းျခင္းသည္ လႊတ္ေတ္ာဆုိင္ရာဥပေဒ၊ နည္းဥပေဒမ်ားအား ရွင္းရွင္းလင္းလင္းသိရွိနားလည္ရန္ လိုအပ္ေနျခင္းပင္ ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ဆက္လက္ေဆြးေႏြးၾကမည့္အစီအစဥ္မ်ားတြင္ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ(၁၉)ပါအစည္းအေ၀းတြင္လိုက္နာရန္သက္မွတ္ထားေသာစည္းကမ္းခ်က္မ်ားကိုအေလးထားၿပီး ေဆာင္ရြက္ရန္ ျပည္ေထာင္စုလႊတ္ေတာ္နာယကက သတိေပးလိုက္သည္။

-  အံ့ညီညီ- ေနျပည္ေတာ္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောလိုက်သည်။
ယနေ့(ဒီဇင်ဘာလ ၃ ရက်) ကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကိုယ်စားလှယ်အချို့၏ဆွေးနွေးမှုများနှင့်ပက်သက်ပြီး အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။ 
“ဒီကိစ္စကို အရင်ဆုံးစတင်ကတည်းက ဒီသက်တမ်းအတွင်းဆောင်ရွက်နိုင်မယ့်လုပ်ငန်းတာဝန်တစ်ခုအနေနဲ့ စဉ်းစားလက်ခံပြီး လွှတ်တော်သိ့ုတင်ပြဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပထမသက်တမ်းမှာ ဆောင်ရွက်ခဲ့မှုအရ မည်သည့်ဥပဒေကြမ်းတစ်ခုကိုမျှ နောက်သက်တမ်းကို ဆက်ပြီးလွှဲယူသွားတဲ့အစဉ်အလာမရှိတဲ့အတွက် အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းကိုလည်း လက်ရှိသက်တမ်းမှာပဲ ပြီးစီးအောင် ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချင်းချင်းရိုင်းပင်းကူညီရေး၊ ချစ်ကြည်လေးစားရေးတို့ကို ထိခိုက်ပျက်ပြားစေမယ့် အပြုအမူ၊ အပြောအဆိုများကို ဂရုပြုကြဖို့ ပန်ကြားလိုပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်နာက ဦးတီခွန်မြတ်က ပြောသည်။ 
ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများနှင့်ပက်သက်ပြီး ပူးပေါင်ကော်မတီ၏အစီရင်ခံစာများကို ဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ်အချို့က မေးခွန်းများမေးမြန်းနေကြခြင်းရှိနေပြီး ယင်းသို့ အစီရင်ခံစာတစ်ခုဆွေးနွေးချိန် မေးခွန်းမေးမြန်းခြင်းသည် လွှတ်တေ်ာဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား ရှင်းရှင်းလင်းလင်းသိရှိနားလည်ရန် လိုအပ်နေခြင်းပင် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ဆက်လက်ဆွေးနွေးကြမည့်အစီအစဉ်များတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၁၉)ပါအစည်းအဝေးတွင်လိုက်နာရန်သက်မှတ်ထားသောစည်းကမ်းချက်များကိုအလေးထားပြီး ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယကက သတိပေးလိုက်သည်။

-  အံ့ညီညီ- နေပြည်တော် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။