Skip to main content
နီေပါမွာ ကမာၻ႕အႀကီးဆုံး တိရိစာၦန္ယဇ္ပူေဇာ္ပြဲစတင္ဖုိ ့ ျပင္ဆင္ေန  
Ads Block

နီေပါမွာ ကမာၻ႕အႀကီးဆုံး တိရိစာၦန္ယဇ္ပူေဇာ္ပြဲစတင္ဖုိ ့ ျပင္ဆင္ေန  

 

ကမာၻ႕အႀကီးဆုံး တိရိစာၦန္ယဇ္ပူေဇာ္ပြဲတစ္ခုလုိ ့ ယုံၾကည္ရတဲ့ ဘာသာေရးပြဲေတာ္တစ္ခုအတြက္ တနလၤာေန ့က နီေပါႏုိင္ငံေတာင္ပုိင္းမွာ ဟိႏၵဴဘာသာ၀င္ ေထာင္ေပါင္းမ်ားစြာ စုစည္းေရာက္ရွိေနၾကေၾကာင္း သိရပါတယ္။ ယင္းကဲ့သုိ ့ဘာသာေရးပြဲမ်ဳိးကုိ အဆုံးသတ္ဖုိ႕ တရားရုံးက အမိန္ ့ထုတ္ထားသလုိ တိရိစာၦန္အခြင့္အေရးကာကြယ္သူေတြကလည္း ေတာင္းဆုိထားခဲ့တာပါ။ 
အိႏၵိယႏုိင္ငံနဲ႕ နယ္စပ္ ဘာရီယာပူရ္ရြာမွာ အဂၤါေန ့ကစၿပီး ယဇ္ပူေဇာ္မႈေတြလုပ္မွာျဖစ္ကာ ဟိႏၵဴနတ္ဘုရားေတြရဲ႕ ဘုန္းတန္ခုိးအစြမ္းကုိ ပူေဇာ္ပသတဲ့ဓေလ့တစ္ခုျဖစ္ၿပီး ၅ ႏွစ္တစ္ႀကိမ္ျပဳလုပ္ၾကတယ္လုိ ့ ဆုိပါတယ္။ 
Gadhimai ပြဲေတာ္လုိ ့သိၾကတဲ့ ယင္း ဘာသာေရးပြဲကုိ အနည္းဆုံး ႏွစ္ရက္ၾကာက်င္းပရၿပီး ၂၀၁၄ ခုႏွစ္က ပြဲေတာ္ကာလမွာေတာ့ ဆိတ္သတၱ၀ါမွသည္ ၾကြက္အဆုံး တိရိစာၦန္ေကာင္ေရ ၂ သိန္းေလာက္ အသတ္ခံခဲ့ရပါတယ္။ ယခုႏွစ္ ပြဲေတာ္အတြက္လည္း တနလၤာေန ့ညပုိင္းမွာ ျပင္ဆင္မႈေတြ ေကာင္းေကာင္းလုပ္ထားၿပီဆုိတာ ေတြ႕ရပါတယ္။ ကၽြဲ၊ ဆိတ္ေတြကုိ ၿခံေတြထဲ သြင္းထားခဲ့ကာ ဘုရားေက်ာင္းသြားရာ လမ္းတစ္ခုေပၚမွာ ထမင္းဟင္း ခ်က္သူခ်က္၊ အိပ္သူအိပ္လုပ္ေနတဲ့ ဘုရားဖူးေတြကုိ ေတြ႕ရပါတယ္။  
ဒီကုိ လာေရာက္ရတာ ေပ်ာ္ရႊင္ပါေၾကာင္း၊ နတ္ဘုရားေတြက မိမိ ဆုေတာင္းေတြကုိ ျဖည့္ဆည္းေပးေၾကာင္း၊ မိမိတုိ ့မွာ သားသမီးမရွိခဲ့ေပမယ့္ အခုအခါ ဇနီးသည္က သမီးေလးတစ္ဦး ဖြားျမင္ၿပီျဖစ္ပါေၾကာင္း အိႏၵိယႏုိင္ငံ ဘီဟာျပည္နယ္ကေန ဆိတ္တစ္ေကာင္နဲ႕အတူ ေရာက္လာတဲ့ အသက္ ၂၅ ႏွစ္အရြယ္ ဆာဘူ ရွာဟနီဆုိသူက ေျပာဆုိပါတယ္။ 
လုိင္စင္မဲ့ ကုန္သည္ေတြနဲ႕ ဘုရားဖူးေတြဟာ အိႏၵိယနဲ႕ နီေပါအၾကား နယ္စပ္ကုိျဖတ္သန္းကာ တိရိစာၦန္မ်ားစြာ ပုိ ့ေဆာင္ၾကပါတယ္။ ယင္းမွာ အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕၀င္ေတြက သိမ္းဆည္းရမိခဲ့တဲ့ တိရိစာၦန္ေကာင္ေရလည္း မနည္းလွပါဘူး။ 
၂၀၁၅ ခုႏွစ္မွာ ဘုရားေက်ာင္း အာဏာပုိင္အဖြဲ႕က ယင္း ပြဲေတာ္အခမ္းအနားကု္ိ ပိတ္ပင္လုိက္ေၾကာင္း ေၾကညာခဲ့သလုိ ယင္း တိရိစာၦန္သတ္ျဖတ္မႈေတြကုိ အစုိးရက ဟန္႕တားရမယ္လုိ ့နီေပါ တရားရုံးခ်ဳပ္က ဆုံးျဖတ္ခဲ့တာေၾကာင့္ ရာစုႏွစ္ခ်ီ ဓေလ့ အဆုံးသတ္သြားေတာ့မယ္လုိ ့ အမ်ားက ေမွ်ာ္လင့္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အစုိးရကေရာ၊ ဘုရားေက်ာင္းေကာ္မတီကပါ ယင္း တရားရုံးဆုံးျဖတ္ခ်က္ကုိ အေကာင္အထည္ေဖာ္ဖုိ ့ ပ်က္ကြက္ခဲ့ၾကေၾကာင္း တိရိစာၦန္အခြင့္အေရး ကာကြယ္သူေတြက ေျပာဆုိခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

ကမ္ဘာ့အကြီးဆုံး တိရိစ္ဆာန်ယဇ်ပူဇော်ပွဲတစ်ခုလို့ ယုံကြည်ရတဲ့ ဘာသာရေးပွဲတော်တစ်ခုအတွက် တနင်္လာနေ့က နီပေါနိုင်ငံတောင်ပိုင်းမှာ ဟိန္ဒူဘာသာဝင် ထောင်ပေါင်းများစွာ စုစည်းရောက်ရှိနေကြကြောင်း သိရပါတယ်။ ယင်းကဲ့သို့ဘာသာရေးပွဲမျိုးကို အဆုံးသတ်ဖို့ တရားရုံးက အမိန့်ထုတ်ထားသလို တိရိစ္ဆာန်အခွင့်အရေးကာကွယ်သူတွေကလည်း တောင်းဆိုထားခဲ့တာပါ။ 
အိန္ဒိယနိုင်ငံနဲ့ နယ်စပ် ဘာရီယာပူရ်ရွာမှာ အင်္ဂါနေ့ကစပြီး ယဇ်ပူဇော်မှုတွေလုပ်မှာဖြစ်ကာ ဟိန္ဒူနတ်ဘုရားတွေရဲ့ ဘုန်းတန်ခိုးအစွမ်းကို ပူဇော်ပသတဲ့ဓလေ့တစ်ခုဖြစ်ပြီး ၅ နှစ်တစ်ကြိမ်ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ 
Gadhimai ပွဲတော်လို့သိကြတဲ့ ယင်း ဘာသာရေးပွဲကို အနည်းဆုံး နှစ်ရက်ကြာကျင်းပရပြီး ၂၀၁၄ ခုနှစ်က ပွဲတော်ကာလမှာတော့ ဆိတ်သတ္တဝါမှသည် ကြွက်အဆုံး တိရိစ္ဆာန်ကောင်ရေ ၂ သိန်းလောက် အသတ်ခံခဲ့ရပါတယ်။ ယခုနှစ် ပွဲတော်အတွက်လည်း တနင်္လာနေ့ညပိုင်းမှာ ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်ထားပြီဆိုတာ တွေ့ရပါတယ်။ ကျွဲ၊ ဆိတ်တွေကို ခြံတွေထဲ သွင်းထားခဲ့ကာ ဘုရားကျောင်းသွားရာ လမ်းတစ်ခုပေါ်မှာ ထမင်းဟင်း ချက်သူချက်၊ အိပ်သူအိပ်လုပ်နေတဲ့ ဘုရားဖူးတွေကို တွေ့ရပါတယ်။  
ဒီကို လာရောက်ရတာ ပျော်ရွှင်ပါကြောင်း၊ နတ်ဘုရားတွေက မိမိ ဆုတောင်းတွေကို ဖြည့်ဆည်းပေးကြောင်း၊ မိမိတို့မှာ သားသမီးမရှိခဲ့ပေမယ့် အခုအခါ ဇနီးသည်က သမီးလေးတစ်ဦး ဖွားမြင်ပြီဖြစ်ပါကြောင်း အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ကနေ ဆိတ်တစ်ကောင်နဲ့အတူ ရောက်လာတဲ့ အသက် ၂၅ နှစ်အရွယ် ဆာဘူ ရှာဟနီဆိုသူက ပြောဆိုပါတယ်။ 
လိုင်စင်မဲ့ ကုန်သည်တွေနဲ့ ဘုရားဖူးတွေဟာ အိန္ဒိယနဲ့ နီပေါအကြား နယ်စပ်ကိုဖြတ်သန်းကာ တိရိစ္ဆာန်များစွာ ပို့ဆောင်ကြပါတယ်။ ယင်းမှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့တဲ့ တိရိစ္ဆာန်ကောင်ရေလည်း မနည်းလှပါဘူး။ 
၂၀၁၅ ခုနှစ်မှာ ဘုရားကျောင်း အာဏာပိုင်အဖွဲ့က ယင်း ပွဲတော်အခမ်းအနားကို ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သလို ယင်း တိရိစ္ဆာန်သတ်ဖြတ်မှုတွေကို အစိုးရက ဟန့်တားရမယ်လို့နီပေါ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာကြောင့် ရာစုနှစ်ချီ ဓလေ့ အဆုံးသတ်သွားတော့မယ်လို့ အများက မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရကရော၊ ဘုရားကျောင်းကော်မတီကပါ ယင်း တရားရုံးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ကြကြောင်း တိရိစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေက ပြောဆိုခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။