Skip to main content
ဆီးဂိမ္းၿပိဳင္ပြဲေတြ က်င္းပေနတဲ့ ဖိလစ္ပုိင္ဆီကုိ တုိင္ဖြန္းမုန္တုိင္း ခ်ဥ္းကပ္လာတာေၾကာင့္ ေဘးလြတ္ရာ ေရႊ႕ေျပာင္းမႈေတြ စတင္လုပ္ေဆာင္ေန 
Ads Block

ဆီးဂိမ္းၿပိဳင္ပြဲေတြ က်င္းပေနတဲ့ ဖိလစ္ပုိင္ဆီကုိ တုိင္ဖြန္းမုန္တုိင္း ခ်ဥ္းကပ္လာတာေၾကာင့္ ေဘးလြတ္ရာ ေရႊ႕ေျပာင္းမႈေတြ စတင္လုပ္ေဆာင္ေန 

 

ပစိဖိတ္ကမ္းလြန္က တုိင္ဖြန္းမုန္တုိင္းတစ္လုံး ခ်ဥ္းကပ္လာၿပီျဖစ္တာေၾကာင့္ ဖိလစ္ပုိင္မွာ လူဦးေရ ေထာင္ေပါင္းမ်ားစြာကုိ ေဘးလြတ္ရာ ေရႊ႕ေျပာင္းမႈေတြ စတင္လုပ္ေဆာင္ေနေၾကာင္း ေဒသဆုိင္ရာ တာ၀န္ရွိသူေတြက တနဂၤေႏြေန ့မွာ ေျပာဆုိခဲ့ပါတယ္။ မုိးသည္းထန္ကာ ေလျပင္းေတြတုိက္ခတ္လာတာေၾကာင့္ အေရွ႕ေတာင္အာရွ အားကစားပြဲေတြ လက္ခံက်င္းပေနတဲ့ ၿပိဳင္ပြဲက်င္းပရာေနရာေတြကုိ ၿခိမ္းေျခာက္လာခဲ့ပါတယ္။ 
မုိးေလ၀သ ခန္ ့မွန္းသူေတြရဲ႕ အေျပာအရ တုိင္ဖြန္း Kammuri ဟာ တနလၤာေန ့ ညပုိင္း သုိ ့မဟုတ္ အဂၤါေန ့ မနက္ပုိင္းေလာက္မွာ ဖိလစ္ပုိင္ကုန္းေျမကုိ ၀င္ေရာက္တုိက္ခတ္မွာျဖစ္ၿပီး ေလတုိက္ႏႈန္း အျမင့္ဆုံး တစ္နာရီ ၁၄၀ ကီလုိမီတာႏႈန္းရွိလိမ့္မယ္လုိ ့ ဆုိပါတယ္။ မုန္တုိင္းဟာ စေနေန ့ညပုိင္းက သမၼတ ရုိဒရီဂုိဒူတာေတးနဲ႕ နည္မည္ေက်ာ္ လက္ေ၀ွ႕သမား မန္နီ ပက္ကြီယုိတုိ ့ တက္ေရာက္ဖြင့္လွစ္ေပးခဲ့တဲ့ ဆီးဂိမ္းဖြင့္ပြဲမတုိင္မီေလးမွာ ဖိလစ္ပုိင္ ပုိင္နက္အတြင္း ၀င္ေရာက္ခဲ့တာျဖစ္ပါတယ္။ 
ယခုႏွစ္ရဲ႕ ဆီးဂိမ္းၿပိဳင္ပြဲကုိ ကလာ့ခ္၊ မနီလာ၊ ဆူဘစ္ၿမိဳ႕ေတြက အားကစားကြင္းအသီးသီးမွာ ဒီဇင္ဘာ ၁၁ ရက္ေန ့အထိ က်င္းပသြားမွာျဖစ္ၿပီး အားကစားနည္းေပါင္း ၅၆ မ်ဳိးအထိ ပါ၀င္ေနပါတယ္။ အားကစားရုံျပင္ပ ကစားနည္းေတြအတြက္ ၿပိဳင္ပြဲေတြကုိ ဖ်က္သိမ္းႏုိင္ေျခအပါအ၀င္ တုိင္ဖြန္း၀င္ေရာက္ခဲ့ပါက လုပ္ေဆာင္ရမယ့္ အစီအမံေတြ ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ၿပိဳင္ပြဲစီစဥ္သူေတြက ေျပာဆုိပါတယ္။ အားကစားၿပိဳင္ပြဲေတြကုိ ႏုိင္ငံေျမာက္ပုိင္း လူဇြန္ကၽြန္းေပၚမွာ အမ်ားဆုံး လက္ခံက်င္းပေနတာျဖစ္ပါတယ္။ 
အလယ္ပုိင္း ဘီကုိလ္ေဒသရွိ အခ်ဳိ႕ ေဒသဆုိင္ရာ အစုိးရအဖြဲ႕အစည္းေတြက လူေတြကုိ ေဘးလြတ္ရာ ေရႊ႕ေျပာင္းမႈေတြ စတင္လုပ္ေဆာင္ေနပါတယ္။ အိမ္ေထာင္စု ၈၀၀ ေက်ာ္(လူဦးေရ ၃၀၀၀ မွ ၄၀၀၀ ခန္ ့) ကုိေတာ့ ကုိယ္လက္ႀကံ႔ခုိင္ေရး အားကစားရုံေတြနဲ႕ စာသင္ေက်ာင္းေတြ အမ်ားစုျဖစ္တဲ့ ခုိလႈံေရးစခန္းေတြကုိ ေျပာင္းေရႊ႕ခ်ထားၿပီးျဖစ္ေၾကာင္း ဘီကုိလ္ျပည္နယ္ သဘာ၀ေဘး စီမံခန္ ့ခြဲေရးရုံးက ေျပာဆုိပါတယ္။ အခ်ဳိ႕ဧရိယာေတြမွာ ေရႊ႕ေျပာင္းမႈေတြ ဆက္လုပ္ေနဆဲမုိ ့ ခုိလႈံေရးစခန္းေတြကုိ ေရာက္ရွိသူဦးေရ တုိးလာဦးမွာျဖစ္ေၾကာင္းလည္း ေျပာဆုိပါတယ္။ မုန္တုိင္း၀င္လာရင္ မုိးႀကီးမႈေၾကာင့္ ေျမၿပိဳမႈ၊ ေရလႊမ္းမုိးမႈေတြ ျဖစ္လာႏုိင္ေျခရွိတဲ့ ေျမနိမ့္ပုိင္းနဲ႕ ကမ္းရုိးတန္းေဒသ ေနသူအမ်ားစုကုိ ေရႊ႕ေျပာင္းေပးေနတာျဖစ္ပါတယ္။ ယခု ေရႊ႕ေျပာင္းမႈေတြဟာ ႀကိဳတင္ျပင္ဆင္မႈအေနနဲ႕လုပ္တာသာျဖစ္ၿပီး အမိန္ ့ညႊန္ၾကားခ်က္အရ မျဖစ္မေန ေရႊ႕ေျပာင္းေပးတဲ့ အေနအထား မဟုတ္ေသးေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ 
အႀကိမ္ ၃၀ ေျမာက္ျဖစ္တဲ့ ယခုႏွစ္ရဲ႕ ဆီးဂိမ္းၿပိ္ဳင္ပြဲကုိ အားကစားသမား ၉၀၀၀ နီးပါး ၀င္ေရာက္ယွဥ္ၿပိဳင္ေနတယ္လုိ ့ သိရၿပီး က်င္းပခဲ့တဲ့ ၿပိဳင္ပြဲသမုိင္းေၾကာင္းမွာ အေရအတြက္ အမ်ားဆုံးျဖစ္တယ္လုိ ့ ဆုိပါတယ္။ အကူအညီေပးလုပ္သား ၁၂၀၀၀ က အားကစားၿပိဳင္ပြဲမွာ ပါ၀င္ကူညီေပးေနကာ ရုပ္ျမင္သံၾကားကေန ၾကည့္ရႈမယ့္ ပရိသတ္ သန္း ၅၀၀ ေက်ာ္ ရွိလိမ့္မယ္လုိ ့ ပြဲစီစဥ္သူေတြက ခန္ ့မွန္းထားပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : The Straits Times 

Unicode Version

 

ပစိဖိတ်ကမ်းလွန်က တိုင်ဖွန်းမုန်တိုင်းတစ်လုံး ချဉ်းကပ်လာပြီဖြစ်တာကြောင့် ဖိလစ်ပိုင်မှာ လူဦးရေ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ စတင်လုပ်ဆောင်နေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။ မိုးသည်းထန်ကာ လေပြင်းတွေတိုက်ခတ်လာတာကြောင့် အရှေ့တောင်အာရှ အားကစားပွဲတွေ လက်ခံကျင်းပနေတဲ့ ပြိုင်ပွဲကျင်းပရာနေရာတွေကို ခြိမ်းခြောက်လာခဲ့ပါတယ်။ 
မိုးလေဝသ ခန့်မှန်းသူတွေရဲ့ အပြောအရ တိုင်ဖွန်း Kammuri ဟာ တနင်္လာနေ့ ညပိုင်း သို့မဟုတ် အင်္ဂါနေ့ မနက်ပိုင်းလောက်မှာ ဖိလစ်ပိုင်ကုန်းမြေကို ဝင်ရောက်တိုက်ခတ်မှာဖြစ်ပြီး လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီ ၁၄၀ ကီလိုမီတာနှုန်းရှိလိမ့်မယ်လို့ ဆိုပါတယ်။ မုန်တိုင်းဟာ စနေနေ့ညပိုင်းက သမ္မတ ရိုဒရီဂိုဒူတာတေးနဲ့ နည်မည်ကျော် လက်ဝှေ့သမား မန်နီ ပက်ကွီယိုတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ ဆီးဂိမ်းဖွင့်ပွဲမတိုင်မီလေးမှာ ဖိလစ်ပိုင် ပိုင်နက်အတွင်း ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ 
ယခုနှစ်ရဲ့ ဆီးဂိမ်းပြိုင်ပွဲကို ကလာ့ခ်၊ မနီလာ၊ ဆူဘစ်မြို့တွေက အားကစားကွင်းအသီးသီးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အားကစားနည်းပေါင်း ၅၆ မျိုးအထိ ပါဝင်နေပါတယ်။ အားကစားရုံပြင်ပ ကစားနည်းတွေအတွက် ပြိုင်ပွဲတွေကို ဖျက်သိမ်းနိုင်ခြေအပါအဝင် တိုင်ဖွန်းဝင်ရောက်ခဲ့ပါက လုပ်ဆောင်ရမယ့် အစီအမံတွေ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူတွေက ပြောဆိုပါတယ်။ အားကစားပြိုင်ပွဲတွေကို နိုင်ငံမြောက်ပိုင်း လူဇွန်ကျွန်းပေါ်မှာ အများဆုံး လက်ခံကျင်းပနေတာဖြစ်ပါတယ်။ 
အလယ်ပိုင်း ဘီကိုလ်ဒေသရှိ အချို့ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ အိမ်ထောင်စု ၈၀၀ ကျော်(လူဦးရေ ၃၀၀၀ မှ ၄၀၀၀ ခန့်) ကိုတော့ ကိုယ်လက်ကြံ့ခိုင်ရေး အားကစားရုံတွေနဲ့ စာသင်ကျောင်းတွေ အများစုဖြစ်တဲ့ ခိုလှုံရေးစခန်းတွေကို ပြောင်းရွှေ့ချထားပြီးဖြစ်ကြောင်း ဘီကိုလ်ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေးရုံးက ပြောဆိုပါတယ်။ အချို့ဧရိယာတွေမှာ ရွှေ့ပြောင်းမှုတွေ ဆက်လုပ်နေဆဲမို့ ခိုလှုံရေးစခန်းတွေကို ရောက်ရှိသူဦးရေ တိုးလာဦးမှာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။ မုန်တိုင်းဝင်လာရင် မိုးကြီးမှုကြောင့် မြေပြိုမှု၊ ရေလွှမ်းမိုးမှုတွေ ဖြစ်လာနိုင်ခြေရှိတဲ့ မြေနိမ့်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသ နေသူအများစုကို ရွှေ့ပြောင်းပေးနေတာဖြစ်ပါတယ်။ ယခု ရွှေ့ပြောင်းမှုတွေဟာ ကြိုတင်ပြင်ဆင်မှုအနေနဲ့လုပ်တာသာဖြစ်ပြီး အမိန့်ညွှန်ကြားချက်အရ မဖြစ်မနေ ရွှေ့ပြောင်းပေးတဲ့ အနေအထား မဟုတ်သေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 
အကြိမ် ၃၀ မြောက်ဖြစ်တဲ့ ယခုနှစ်ရဲ့ ဆီးဂိမ်းပြိုင်ပွဲကို အားကစားသမား ၉၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်နေတယ်လို့ သိရပြီး ကျင်းပခဲ့တဲ့ ပြိုင်ပွဲသမိုင်းကြောင်းမှာ အရေအတွက် အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အကူအညီပေးလုပ်သား ၁၂၀၀၀ က အားကစားပြိုင်ပွဲမှာ ပါဝင်ကူညီပေးနေကာ ရုပ်မြင်သံကြားကနေ ကြည့်ရှုမယ့် ပရိသတ် သန်း ၅၀၀ ကျော် ရှိလိမ့်မယ်လို့ ပွဲစီစဉ်သူတွေက ခန့်မှန်းထားပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : The Straits Times 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။