Skip to main content
ေရႊႏွင့္ ပတ္သက္သည့္ ဥပေဒတစ္ရပ္ ဗဟုိဘဏ္မွ ေရးဆြဲေန
Ads Block

ေရႊႏွင့္ ပတ္သက္သည့္ ဥပေဒတစ္ရပ္ ဗဟုိဘဏ္မွ ေရးဆြဲေန

 

ေရႊႏွင့္ပတ္သက္သည့္ ဥပေဒတစ္ရပ္ကို ဗဟုိဘဏ္မွ ေရးဆြဲေနေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ေရႊလုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။
ေရႊလုပ္ငန္းနွင့္ ပတ္သက္၍ အကုန္သိသတင္းဌာနမွ ဒီဇင္ဘာ ၁ ရက္က ဆက္သြယ္ေမးျမန္းစဥ္ ရန္ကုန္တုိင္းေဒသႀကီး ေရႊလုပ္ ငန္းရွင္အသင္းမွ ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ဒီဇင္ဘာမွာ ရုံးပိတ္ရက္ေတြ ရွိေတာ့ ေရႊေစ်းကေတာ့ေအးေနဦးမွာဘဲ။ေနာက္ ကမၻာ႔ေရႊေစ်းကလည္း က်တယ္။ ျပည္တြင္း ေငြ လဲလွယ္နႈန္းကလည္း က်တယ္ေလ။ အဲဒီေတာ့ လတ္တေလာေတာ့ ေရႊေစ်းကြက္က ေအးေနတယ္။ ၂၀၂၀ ဇန္န၀ါရီလေလာက္ က်ရင္ေတာ့ အေရာင္းအ၀ယ္ ျပန္သြက္မယ္။ ေနာက္ ပြင့္လင္းရာသီမွာ ေရႊက်င္တဲ့ လုပ္ငန္းေတြကေန ေစ်းကြက္ထဲ ေရႊတုံးေတြ အခဲ ေတြ ၀င္ဦးမွာေလ။ ႏုိင္ငံတကာေစ်းကြက္ျဖစ္ဖုိ႔ကေတာ့ ဥပေဒက အဲဒီအထိ ခြင့္မျပဳထားဘူး။ အဲဒီလုိေစ်းကြက္ျဖစ္ဖုိ႔က ဟုိ က ေရႊလည္းယူေရာင္း ဒီကေရႊလည္းျပန္ေရာင္း ဒီလုိမွေစ်းကြက္ကျဖစ္မွာေလ။ အခုကေတာ့ ဂ်ပန္ကုိ ေရာင္းတာရွိတယ္။ က်န္ တဲ့ တရုတ္တုိ႔ အိႏၵိယတုိ႔ကုိ နယ္စပ္ကေရာင္းေနတာကေတာ့ ကုန္သြယ္ေရး လုိင္စင္နဲ႔ေရာင္းေနတာ မဟုတ္ဘူး။ ဒီအတုိင္းေပါ့။ ေနာက္တစ္ခုက ကြ်န္ေတာ္တုိ႔သိရတာ ဗဟုိဘဏ္ကေရႊနဲ႔ပတ္သက္တဲ့ ဥပေဒတစ္ရပ္ေရးဆြဲေနတယ္။အဲဒီဟာ ထြက္လာရင္ ေတာ့ တစ္မ်ိဳးေပါ့”ဟု ၄င္းက ေျပာသည္။
မၾကာေသးမီက က်င္းပသြားခဲ့သည့္ ေရႊလုပ္ငန္းရွင္ အသင္းခ်ဳပ္ အစည္းအေ၀းတြင္ ရန္ကုန္တုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္း သိန္းက ရန္ကုန္တုိင္းတြင္ ႏုိင္ငံတကာ ေရႊေစ်းကြက္ႀကီးတစ္ခုျဖစ္လာရန္ ေမွ်ာ္လင့္တုိက္တြန္းေၾကာင္း ေျပာၾကားထားသည္။
ႏုိ၀င္ဘာ ၃၀ ရက္ ညေနပုိင္း အကယ္ဒမီ မီးလင္းေရႊေစ်း တစ္က်ပ္သားလွ်င္ က်ပ္ ၁၁၇၆၅၀၀ ျဖစ္ၿပီး ကမၻာ႔ေရႊေစ်းမွာ တစ္ ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၄၆၃ ေဒၚလာျဖစ္ၿပီး ျပည္တြင္းရွိ ေငြေၾကးလဲလွယ္နႈန္းမွာ အေမရိကန္ေဒၚလာ တစ္ေဒၚလာ လွ်င္ က်ပ္ ၁၅၁၄ က်ပ္ရွိေၾကာင္း သိရသည္။

- မင္းသီဟန္( အကုန္သိ သတင္းဌာန )

Unicode Version 

 

ရွှေနှင့်ပတ်သက်သည့် ဥပဒေတစ်ရပ်ကို ဗဟိုဘဏ်မှ ရေးဆွဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ရွှေလုပ်ငန်းနှင့် ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဒီဇင်ဘာ ၁ ရက်က ဆက်သွယ်မေးမြန်းစဉ် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်အသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီဇင်ဘာမှာ ရုံးပိတ်ရက်တွေ ရှိတော့ ရွှေဈေးကတော့အေးနေဦးမှာဘဲ။နောက် ကမ္ဘာ့ရွှေဈေးကလည်း ကျတယ်။ ပြည်တွင်း ငွေ လဲလှယ်နှုန်းကလည်း ကျတယ်လေ။ အဲဒီတော့ လတ်တလောတော့ ရွှေဈေးကွက်က အေးနေတယ်။ ၂၀၂၀ ဇန်နဝါရီလလောက် ကျရင်တော့ အရောင်းအဝယ် ပြန်သွက်မယ်။ နောက် ပွင့်လင်းရာသီမှာ ရွှေကျင်တဲ့ လုပ်ငန်းတွေကနေ ဈေးကွက်ထဲ ရွှေတုံးတွေ အခဲ တွေ ဝင်ဦးမှာလေ။ နိုင်ငံတကာဈေးကွက်ဖြစ်ဖို့ကတော့ ဥပဒေက အဲဒီအထိ ခွင့်မပြုထားဘူး။ အဲဒီလိုဈေးကွက်ဖြစ်ဖို့က ဟို က ရွှေလည်းယူရောင်း ဒီကရွှေလည်းပြန်ရောင်း ဒီလိုမှဈေးကွက်ကဖြစ်မှာလေ။ အခုကတော့ ဂျပန်ကို ရောင်းတာရှိတယ်။ ကျန် တဲ့ တရုတ်တို့ အိန္ဒိယတို့ကို နယ်စပ်ကရောင်းနေတာကတော့ ကုန်သွယ်ရေး လိုင်စင်နဲ့ရောင်းနေတာ မဟုတ်ဘူး။ ဒီအတိုင်းပေါ့။ နောက်တစ်ခုက ကျွန်တော်တို့သိရတာ ဗဟိုဘဏ်ကရွှေနဲ့ပတ်သက်တဲ့ ဥပဒေတစ်ရပ်ရေးဆွဲနေတယ်။အဲဒီဟာ ထွက်လာရင် တော့ တစ်မျိုးပေါ့”ဟု ၎င်းက ပြောသည်။
မကြာသေးမီက ကျင်းပသွားခဲ့သည့် ရွှေလုပ်ငန်းရှင် အသင်းချုပ် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ရန်ကုန်တိုင်းတွင် နိုင်ငံတကာ ရွှေဈေးကွက်ကြီးတစ်ခုဖြစ်လာရန် မျှော်လင့်တိုက်တွန်းကြောင်း ပြောကြားထားသည်။
နိုဝင်ဘာ ၃၀ ရက် ညနေပိုင်း အကယ်ဒမီ မီးလင်းရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၁၁၇၆၅၀၀ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၆၃ ဒေါ်လာဖြစ်ပြီး ပြည်တွင်းရှိ ငွေကြေးလဲလှယ်နှုန်းမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ လျှင် ကျပ် ၁၅၁၄ ကျပ်ရှိကြောင်း သိရသည်။

- မင်းသီဟန်( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။