Skip to main content
ကျားဖောင်ကိစ္စ ဖျာပုံ လွှတ်တော်အမတ်များ သတင်းစာရှင်းလင်းပွဲလုပ်မည်
Ads Block
ကျားဖောင်ကိစ္စ ဖျာပုံ လွှတ်တော်အမတ်များ သတင်းစာရှင်းလင်းပွဲလုပ်မည်
Unicode Version
ကျားဖောင်ကိစ္စများနှင့် ပတ်သက်၍ သတင်းမီဒီယာများ သိရှိချင်သည့်အချက်များကို ဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် များက မကြာမီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က ပြောသည်။
ပင်လယ်ပြင်ကျားဖောင်ကိစ္စနှင့် ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဒီဇင်ဘာ (၁) ရက် ဆက်သွယ်မေးမြန်းရာတွင် ဖျာပုံမြို့ နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျားဖောင်ကိစ္စ ကျွန်တော်တို့ ဖျာပုံလွှတ်တော်ကိုယ်စားလှယ်တွေ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိပါတယ်။ အဲဒီကျရင် သိချင် တာတွေလည်း သတင်းမီဒီယာတွေကို ဖြေပေးမယ်။ ကျွန်တော်တို့ ဘာတွေလုပ်ဆောင်နေတယ်ဆိုတာလည်း ပြောပြမယ်။ အခု လတ်တလောကတော့  ဘယ်တော့ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတာ မပြောသေးပါဘူး။ လုပ်မှာကတော့ မကြာမီပဲဖြစ်ပါ တယ်။ မကြာခင်ပြန်ပြောပေးပါမယ်” ဟု ၎င်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်  ကျားဖောင်လုပ်ငန်းတွင် ပင်လယ်ပြင်ထွက်ခွာလုပ်ကိုင်ရသည့် ရေလုပ်ငန်း လုပ်ကိုင်ရာ သည့် လုပ်သားများ ပင်လယ်ပြင်တွင် အစာငတ်၊ ရေငတ်ဖြင့် နေထိုင်ခဲ့ရမှုများရှိကြောင်း၊ အချို့မှာ လူကုန်ကူးခံရ၍ ရောင်းစားခံ ရခြင်းဖြစ်ပြီး လူခေါ်ပွဲစားများမှ လုပ်သားငွေအားကြိုထုတ်ကာ လိမ်လည်ရယူသွားခြင်းဖြစ်ကြောင်း လတ်တလော သတင်းမီဒီ ယာများတွင် ဖော်ပြလျက်ရှိသည်။
ထို့အပြင် ၂၀၁၉ ခုနှစ်အတွင်း ကျားဖောင်ပေါ်တွင်အလုပ်လုပ်ကိုင်ရင်း  ၁၀၀ နီးပါးရှိကြောင်းလည်း ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ် ရေးမှူးကလည်း သတင်းမီဒီယာသို့ ပြောကြားထားသည်။
- မင်းသီဟန် ( အကုန်သိ သတင်းဌာန )
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။