Skip to main content
ျမန္မာႏုိင္ငံတြင္ လူတစ္ေထာင္လွ်င္ အမ်ိဳးသား ရွစ္ေယာက္ႏွင့္ အမ်ိဳးသမီး (၆)ေယာက္ႏႈန္း AIDS ေရာဂါ ျဖစ္ပြားမႈရွိေနဟုဆို
Ads Block

ျမန္မာႏုိင္ငံတြင္ လူတစ္ေထာင္လွ်င္ အမ်ိဳးသား ရွစ္ေယာက္ႏွင့္ အမ်ိဳးသမီး (၆)ေယာက္ႏႈန္း AIDS ေရာဂါ ျဖစ္ပြားမႈရွိေနဟုဆို

 

ျမန္မာႏုိင္ငံတြင္ AIDS ေရာဂါျဖစ္ပြားမႈႏႈန္းအေနျဖင့္ လူတစ္ေထာင္လွ်င္ အမ်ိဳးသမီး (၆)ေယာက္ႏွင့္ အမ်ိဳးသား (၈)ေယာက္ႏႈန္း ျဖစ္ပြားေနေၾကာင္း ျမန္မာႏုိင္ငံဆရာ၀န္ အသင္းဥကၠ႒ ပါေမာကၡ ေဒါက္တာရဲျမက ေျပာသည္။
ျမန္မာႏုိင္ငံ ဆရာ၀န္အသင္းမွ ႀကီးမွဴးက်င္းပေသာ ကမၻာ့ AIDS ေန႔ အထိမ္းအမွတ္အခမ္းအနား လူထုလမ္းေလွ်ာက္ပြဲႏွင့္ အသိပညာေပး ေဟာေျပာပြဲတြင္ ပါေမာကၡ ေဒါက္တာရဲျမက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ကမၻာမွာ ဒီေရာဂါဟာ ၃၇ သန္း ၃၇ သန္းခြဲ ေလာက္ရွိေနေသးတယ္ဗ်။ လူ ၃၇ သန္းဆုိတာ ေတာ္ေတာ္ေလးမ်ားတယ္။ ၁၉ ၈၁ ခုႏွစ္ကတည္းက ကမၻာေပၚမွာ ဒီေရာဂါႀကီး က်ေရာက္လာတယ္။ ဒီေန႔ ဒီရက္အထိ ၃၇ သန္းခြဲဆုိေတာ့ ေတာ္ေတာ္ေလး မ်ားေန ေသးတယ္။ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံအေနနဲ႔ ၾကည့္လုိက္မယ္ဆုိလုိ႔ရွိရင္ လူဦးေရထဲမွာ ၀.၆ ကေန ၀.၈ ရာခုိင္နႈန္း ေလာက္ရွိ တယ္။ ဆုိလုိတာ လူတစ္ေထာင္မွာ အမ်ိဳးသမီးဆုိရင္ (၆) ေယာက္ေလာက္ရွိတယ္။ အမ်ိဳးသားေတြဆုိရင္ တစ္ေထာင္မွာ (၈) ေယာက္ေလာက္ရွိတယ္။ ဒီေရာဂါကမျဖစ္ရင္ အေကာင္းဆုံးေပါ့။ အဲဒီေတာ့ ကာကြယ္ေရး လုပ္ငန္းေတြကုိ ကြ်န္ေတာ္တုိ႔ က်ယ္ က်ယ္ျပန္႔ျပန္႔လုပ္ေနတယ္” ဟု ေဒါက္တာ ရဲျမက ေျပာသည္။
ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ သည္ HIV ဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္ၿပီး ၁၉၈၁ ခုနွစ္တြင္ အေမရိကန္ႏုိင္ငံ ကယ္လီ ဖုိးနီးယားျပည္နယ္တြင္ စတင္ေတြ႔ရွိေဖာ္ထုတ္ႏုိင္ခဲ့ၿပီး ေရာဂါစတင္ ေပၚေပါက္ခ်ိန္တြင္ ေယာက်ၤားခ်င္း လိင္တူဆက္ဆံသူမ်ား တြင္ အမ်ားဆုံးေတြ႔ရွိရကာ ေနာက္ပုိင္းတြင္ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္း၊ မူးယစ္ေဆး၀ါး ေဆးထုိးအပ္အား မွ်ေ၀သုံး စြဲ ျခင္းတုိ႔မွလည္း ျဖစ္ပြားလာမႈကုိ ေတြ႔ရရွိေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံတြင္ ၁၉၉၂ ခုနွစ္ ပထမသုံးလပတ္တြင္ AIDS ေရာဂါျဖစ္ပြားသူ ၄ ဦးရွိခဲ့ၿပီး ၁၉၉၃ ခုနွစ္တြင္ ၁၆ ဦး၊ ၁၉၉၃ ဒုတိယ သုံးလပတ္တြင္ ၂၂ ဦးထိေတြ႔ရွိခဲ့ေၾကာင္း သိရသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မြန်မာနိုင်ငံတွင် AIDS ရောဂါဖြစ်ပွားမှုနှုန်းအနေဖြင့် လူတစ်ထောင်လျှင် အမျိုးသမီး (၆)ယောက်နှင့် အမျိုးသား (၈)ယောက်နှုန်း ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံဆရာဝန် အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြက ပြောသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်အခမ်းအနား လူထုလမ်းလျှောက်ပွဲနှင့် အသိပညာပေး ဟောပြောပွဲတွင် ပါမောက္ခ ဒေါက်တာရဲမြက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကမ္ဘာမှာ ဒီရောဂါဟာ ၃၇ သန်း ၃၇ သန်းခွဲ လောက်ရှိနေသေးတယ်ဗျ။ လူ ၃၇ သန်းဆိုတာ တော်တော်လေးများတယ်။ ၁၉ ၈၁ ခုနှစ်ကတည်းက ကမ္ဘာပေါ်မှာ ဒီရောဂါကြီး ကျရောက်လာတယ်။ ဒီနေ့ ဒီရက်အထိ ၃၇ သန်းခွဲဆိုတော့ တော်တော်လေး များနေ သေးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် လူဦးရေထဲမှာ ဝ.၆ ကနေ ဝ.၈ ရာခိုင်နှုန်း လောက်ရှိ တယ်။ ဆိုလိုတာ လူတစ်ထောင်မှာ အမျိုးသမီးဆိုရင် (၆) ယောက်လောက်ရှိတယ်။ အမျိုးသားတွေဆိုရင် တစ်ထောင်မှာ (၈) ယောက်လောက်ရှိတယ်။ ဒီရောဂါကမဖြစ်ရင် အကောင်းဆုံးပေါ့။ အဲဒီတော့ ကာကွယ်ရေး လုပ်ငန်းတွေကို ကျွန်တော်တို့ ကျယ် ကျယ်ပြန့်ပြန့်လုပ်နေတယ်” ဟု ဒေါက်တာ ရဲမြက ပြောသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ သည် HIV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကယ်လီ ဖိုးနီးယားပြည်နယ်တွင် စတင်တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပြီး ရောဂါစတင် ပေါ်ပေါက်ချိန်တွင် ယောင်္ကျားချင်း လိင်တူဆက်ဆံသူများ တွင် အများဆုံးတွေ့ရှိရကာ နောက်ပိုင်းတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါး ဆေးထိုးအပ်အား မျှဝေသုံး စွဲ ခြင်းတို့မှလည်း ဖြစ်ပွားလာမှုကို တွေ့ရရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ် ပထမသုံးလပတ်တွင် AIDS ရောဂါဖြစ်ပွားသူ ၄ ဦးရှိခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ၁၆ ဦး၊ ၁၉၉၃ ဒုတိယ သုံးလပတ်တွင် ၂၂ ဦးထိတွေ့ရှိခဲ့ကြောင်း သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။