Skip to main content
အေျပာင္းအလဲျပဳလုပ္ခဲ့ျခင္းေၾကာင့္ ထိပ္ဆံုးေလးသင္းစာရင္း၀င္ျဖစ္ရန္ အလားအလာရွိေနဆဲဟု အာဆင္နယ္ အသင္းဒါရိုက္တာ ဂ်ိဳ႕ခ႐ြန္ကီ ယံုၾကည္ထား
Ads Block

အေျပာင္းအလဲျပဳလုပ္ခဲ့ျခင္းေၾကာင့္ ထိပ္ဆံုးေလးသင္းစာရင္း၀င္ျဖစ္ရန္ အလားအလာရွိေနဆဲဟု အာဆင္နယ္ အသင္းဒါရိုက္တာ ဂ်ိဳ႕ခ႐ြန္ကီ ယံုၾကည္ထား

 

ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းအေနျဖင့္ မန္ေနဂ်ာ အေျပာင္းအလဲျပဳလုပ္ခဲ့ျခင္းေၾကာင့္ ယခုႏွစ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ၿပီးဆံုးခ်ိန္တြင္ အမွတ္ေပးဇယား၏ ထိပ္ဆံုးေလးသင္းစာရင္း၀င္ျဖစ္ေရး အလားအလာ ရွိ ေနဆဲျဖစ္သည္ဟု ယံုၾကည္ေၾကာင္း အာဆင္နယ္အသင္း၏ ဒါ႐ိုက္တာတစ္ဦးျဖစ္သူ ဂ်ိဳ႕ခ႐ြန္ကီက ထုတ္ေဖာ္ ေျပာဆုိလုိက္သည္။
အာဆင္နယ္အသင္းတာ၀န္ရွိသူမ်ားသည္ အသင္း၏ ရလဒ္ပုိင္း အားနည္းလာမႈမ်ားေၾကာင့္ ၿပီးခ့ဲသည့္ ႏို၀င္ ဘာလ ၂၉ ရက္ေန႔တြင္ မန္ေနဂ်ာ အမ္မရီအား ရာထူးမွ ထုတ္ပယ္ခဲ့ကာ အာဆင္နယ္အသင္း ကစားသမား ေဟာင္းတစ္ဦးျဖစ္သူ ဖရက္ဒီယြန္းဘတ္အား ယာယီမန္ေနဂ်ာအျဖစ္ ခန္႔အပ္ခဲ့သည္။
အသက္ ၃၉ ႏွစ္အရြယ္ရွိ ဂ်ိဳ႕ခ႐ြန္ကီသည္ အာဆင္နယ္အသင္းပိုင္ရွင္ စတန္ခရြန္ကီ၏ သားတစ္ဦးျဖစ္ၿပီး ၿပီးခဲ့ သည့္ ႏုိ၀င္ဘာလ ၃၀ ရက္ေန႔တြင္ အာဆင္နယ္အသင္း၏ ေလ့က်င့္ကြင္းသို႔ လာေရာက္ကာ ကစားသမားမ်ားႏွင့္ ေတြ႕ဆံုခ်ိန္တြင္ ယခုကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ဂ်ိဳ႕ခရြန္ကီက “မန္ေနဂ်ာ အမ္မရီကို ရာထူးကေန ထုတ္ပယ္ၿပီး အေျပာင္းအလဲျပဳလုပ္ဖို႔ ဆံုးျဖတ္ခဲ့ျခင္းေၾကာင့္  လာမယ့္ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ၀င္ခြင့္ရရွိဖုိ႔ ရည္္္မွန္းထားတဲ့ ရည္မွန္းခ်က္ ဆက္လက္ရွင္သန္ေန ဦးမယ္လို႔ ယံုၾကည္ပါတယ္။ လက္ရွိအခ်ိန္မွာ ကၽြန္ေတာ္တို႔ ခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ေတြနဲ႔ အလွမ္းကြာေန ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာ ဒီရည္မွန္းခ်က္ေတြ ျပည့္၀လာလိမ့္မယ္လို႔ ခံစားေနရဆဲပါ။ ဒါေၾကာင့္လည္း အခုလို အေျပာင္းအလဲျပဳလုပ္ဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္”ဟု ေျပာဆုိခဲ့သည္။
အာဆင္နယ္အသင္းသည္ ၂၀၁၆-၁၇ ခုႏွစ္ ေဘာလုံးရာသီေနာက္ပိုင္းတြင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲႏွင့္ ကင္းကြာေန ခဲ့သည့္အသင္းျဖစ္သည္။
အျခားသတင္းတစ္ပုဒ္အရ အာဆင္နယ္အသင္း ယာယီမန္ေနဂ်ာအျဖစ္ ခန္႔အပ္ျခင္းခံထားရသူ ဆြီဒင္ေတာင္ပံ ကစားသမားေဟာင္း ယြန္းဘတ္က ၎အေနျဖင့္ အာဆင္နယ္အသင္း၏ အၿမဲတမ္းမန္ေနဂ်ာအျဖစ္ တာ၀န္ယူ ရန္ ရည္မွန္းထားျခင္းမရွိေၾကာင္း ေျပာဆုိခဲ့သည္ဟုဆုိသည္။
“အာဆင္နယ္အသင္းကို တာ၀န္ယူခြင့္ရတာက တကယ့္ကို ဂုဏ္ယူစရာပါ။ ဒီအသင္းအတြက္ အေကာင္း ဆံုးျဖစ္ေအာင္ ကၽြန္ေတာ္ ႀကိဳးစားသြားမွာျဖစ္ပါတယ္။ ရလဒ္ေကာင္းေတြ ရယူႏုိင္တာထက္ ပိုၿပီး စိတ္ဓာတ္ကို ျမင့္တက္လာေစႏုိင္တဲ့ ကိစၥမရွိပါဘူး။ အာဆင္နယ္အသင္းအတြက္ အေကာင္းဆံုးျဖစ္ေအာင္ ကၽြန္ေတာ္လုပ္ ေဆာင္ေပးနုိင္လိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ ကၽြန္ေတာ္ အာ႐ံုစိုက္ထားတာက ဒီအခ်က္ပဲျဖစ္ပါတယ္”ဟု ယာယီမန္ေနဂ်ာ ယြန္းဘတ္က ေျပာဆုိခဲ့သည္။
ယြန္းဘတ္သည္ ၁၉၉၈ ခုႏွစ္မွ ၂၀၀၇ ခုႏွစ္အထိ အာဆင္နယ္အသင္းတြင္ ပါ၀င္ကစားခဲ့သူျဖစ္ကာ အာဆင္နယ္အသင္းႏွင့္အတူ ပရီးမီးယားလိဂ္ဆုဖလား ႏွစ္ႀကိမ္၊ အက္ဖ္ေအဖလား သံုးႀကိမ္ႏွင့္ ကြန္ျမဴနတီဒိုင္း တစ္ႀကိမ္ ရရွိခဲ့သူျဖစ္သည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

 

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအနေဖြင့် မန်နေဂျာ အပြောင်းအလဲပြုလုပ်ခဲ့ခြင်းကြောင့် ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်တွင် အမှတ်ပေးဇယား၏ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖြစ်ရေး အလားအလာ ရှိ နေဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း အာဆင်နယ်အသင်း၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဂျို့ခရွန်ကီက ထုတ်ဖော် ပြောဆိုလိုက်သည်။
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အသင်း၏ ရလဒ်ပိုင်း အားနည်းလာမှုများကြောင့် ပြီးခဲ့သည့် နိုဝင် ဘာလ ၂၉ ရက်နေ့တွင် မန်နေဂျာ အမ်မရီအား ရာထူးမှ ထုတ်ပယ်ခဲ့ကာ အာဆင်နယ်အသင်း ကစားသမား ဟောင်းတစ်ဦးဖြစ်သူ ဖရက်ဒီယွန်းဘတ်အား ယာယီမန်နေဂျာအဖြစ် ခန့်အပ်ခဲ့သည်။
အသက် ၃၉ နှစ်အရွယ်ရှိ ဂျို့ခရွန်ကီသည် အာဆင်နယ်အသင်းပိုင်ရှင် စတန်ခရွန်ကီ၏ သားတစ်ဦးဖြစ်ပြီး ပြီးခဲ့ သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အာဆင်နယ်အသင်း၏ လေ့ကျင့်ကွင်းသို့ လာရောက်ကာ ကစားသမားများနှင့် တွေ့ဆုံချိန်တွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဂျို့ခရွန်ကီက “မန်နေဂျာ အမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီး အပြောင်းအလဲပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းကြောင့်  လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိဖို့ ရည်မှန်းထားတဲ့ ရည်မှန်းချက် ဆက်လက်ရှင်သန်နေ ဦးမယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ အလှမ်းကွာနေ ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ဒီရည်မှန်းချက်တွေ ပြည့်ဝလာလိမ့်မယ်လို့ ခံစားနေရဆဲပါ။ ဒါကြောင့်လည်း အခုလို အပြောင်းအလဲပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
အာဆင်နယ်အသင်းသည် ၂၀၁၆-၁၇ ခုနှစ် ဘောလုံးရာသီနောက်ပိုင်းတွင် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ကင်းကွာနေ ခဲ့သည့်အသင်းဖြစ်သည်။
အခြားသတင်းတစ်ပုဒ်အရ အာဆင်နယ်အသင်း ယာယီမန်နေဂျာအဖြစ် ခန့်အပ်ခြင်းခံထားရသူ ဆွီဒင်တောင်ပံ ကစားသမားဟောင်း ယွန်းဘတ်က ၎င်းအနေဖြင့် အာဆင်နယ်အသင်း၏ အမြဲတမ်းမန်နေဂျာအဖြစ် တာဝန်ယူ ရန် ရည်မှန်းထားခြင်းမရှိကြောင်း ပြောဆိုခဲ့သည်ဟုဆိုသည်။
“အာဆင်နယ်အသင်းကို တာဝန်ယူခွင့်ရတာက တကယ့်ကို ဂုဏ်ယူစရာပါ။ ဒီအသင်းအတွက် အကောင်း ဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားသွားမှာဖြစ်ပါတယ်။ ရလဒ်ကောင်းတွေ ရယူနိုင်တာထက် ပိုပြီး စိတ်ဓာတ်ကို မြင့်တက်လာစေနိုင်တဲ့ ကိစ္စမရှိပါဘူး။ အာဆင်နယ်အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကျွန်တော်လုပ် ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် အာရုံစိုက်ထားတာက ဒီအချက်ပဲဖြစ်ပါတယ်”ဟု ယာယီမန်နေဂျာ ယွန်းဘတ်က ပြောဆိုခဲ့သည်။
ယွန်းဘတ်သည် ၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အာဆင်နယ်အသင်းတွင် ပါဝင်ကစားခဲ့သူဖြစ်ကာ အာဆင်နယ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဆုဖလား နှစ်ကြိမ်၊ အက်ဖ်အေဖလား သုံးကြိမ်နှင့် ကွန်မြူနတီဒိုင်း တစ်ကြိမ် ရရှိခဲ့သူဖြစ်သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။