Skip to main content
ဂုတ္ထိပ္ တံတားသစ္ေဆာက္ရန္ ကုမၸဏီမ်ားကို ဖိတ္ေခၚရာ လာေရာက္ ေလွ်ာက္ထားသူမရိွ
Ads Block

ဂုတ္ထိပ္ တံတားသစ္ေဆာက္ရန္ ကုမၸဏီမ်ားကို ဖိတ္ေခၚရာ လာေရာက္ ေလွ်ာက္ထားသူမရိွ

 

ဂုတ္ထိပ္တံတား တည္ေဆာက္ျခင္းအတြက္ စိတ္ဝင္စားသည့္ ကုမၸဏီမ်ားအား အဆိုျပဳလႊာတင္သြင္းရန္ ေခၚယူရာတြင္ ေနာက္ လာေရာက္ေလွ်ာက္ထားသည့္ ကုမၸဏီမရွိေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဂုတ္ထိပ္တံတားႏွင့္ ေဘးခ်င္းကပ္တံတားတစ္စင္းကို PPP စနစ္ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရႏ္အတြက္ ႏိုင္ငံပိုင္သ တင္းစာတြင္ Expression of Interesting (EOI) ေခၚယူခဲ့ရာတြင္ ေနာက္ဆံုးရက္သတ္မွတ္ထားသည့္ ေအာက္တိုဘာလအထိ အဆိုျပဳလႊာ လာေရာက္တင္သြင္းသည့္ ကုမၸဏီ မရွိေသးသည့္အတြက္ လာမည့္ႏွစ္တြင္ Re-Tender ျပန္လည္ေခၚယူ မည္ျဖစ္ ေၾကာင္း သိရသည္။
“ ႏိုင္ငံပုိင္သတင္းစာကေန စိတ္ဝင္စားတဲ့ ကုမၸဏီီေတြ အဆိုျပဳလႊာတင္ဖို႔အတြက္ ေၾကညာထားတယ္။ ဒါေပမဲ့ သတ္မွတ္တဲ့ ေနာက္ဆံုးရက္အထိ တင္တဲ့ကုမၸဏီ မရွိဘူး။ အေၾကာင္းတစ္ခုခုရွိလို႔ေနမွာပါ။ ၿပီးေတာ့ အဲဒီေဒသက တစ္ခါတစ္ေလ တိုက္ပြဲျဖစ္ တယ္။ အဲဒီအတြက္ေၾကာင့္လားေတာ့ မေျပာတတ္ဘူး။ ေနာက္တစ္ႀကိမ္ျပန္ေခၚဖို႔ ျပင္ဆင္ေနတယ္။ ႏိုင္ငံပိုင္သတင္းစားကေနပဲ ေၾကညာသြားမယ္”ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန(လမ္း၊ တံတားဦးစီးဌာန)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕ရွိ ဂုတ္ထိပ္တံတား၏ ယာဘက္မီတာ ၅၀၀ ခန္႔အကြာတြင္ တံတားသစ္တစ္စင္း တည္ ေဆာက္ရန္ စီစဥ္ထားၿပီး သန္းႏွင့္ခ်ီကုန္က်မည္ျဖစ္ေၾကာင္း၊ လက္ရွိဂုတ္ထိပ္တံတားကို ၁၈၉၉ - ၁၉၀၀ ခုႏွစ္တြင္ အဂၤလိပ္အင္ ဂ်င္နီယာ ဆာအာသာရန္ဒယ္က စတာလင္ေပါင္ ၁ သိန္း ၁ ေသာင္းေက်ာ္ အကုန္က်ခံ၍ သံမဏိတိုင္ ၁၆ တိုင္ျဖင့္ တည္ေဆာ က္ခဲ့ၿပီး ေပအရွည္ ၂၂၆၀ ရွိကာ အျမင့္ဆံုးတိုင္မွာ ေပေပါင္း ၈၀၀ ေက်ာ္ျမင့္ၿပီး ယခုအခါ ႏွစ္ေပါင္း ရာေက်ာ္ ေနၿပီျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ဂုတ်ထိပ်တံတား တည်ဆောက်ခြင်းအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများအား အဆိုပြုလွှာတင်သွင်းရန် ခေါ်ယူရာတွင် နောက် လာရောက်လျှောက်ထားသည့် ကုမ္ပဏီမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂုတ်ထိပ်တံတားနှင့် ဘေးချင်းကပ်တံတားတစ်စင်းကို PPP စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နိုင်ငံပိုင်သ တင်းစာတွင် Expression of Interesting (EOI) ခေါ်ယူခဲ့ရာတွင် နောက်ဆုံးရက်သတ်မှတ်ထားသည့် အောက်တိုဘာလအထိ အဆိုပြုလွှာ လာရောက်တင်သွင်းသည့် ကုမ္ပဏီ မရှိသေးသည့်အတွက် လာမည့်နှစ်တွင် Re-Tender ပြန်လည်ခေါ်ယူ မည်ဖြစ် ကြောင်း သိရသည်။
“ နိုင်ငံပိုင်သတင်းစာကနေ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေ အဆိုပြုလွှာတင်ဖို့အတွက် ကြေညာထားတယ်။ ဒါပေမဲ့ သတ်မှတ်တဲ့ နောက်ဆုံးရက်အထိ တင်တဲ့ကုမ္ပဏီ မရှိဘူး။ အကြောင်းတစ်ခုခုရှိလို့နေမှာပါ။ ပြီးတော့ အဲဒီဒေသက တစ်ခါတစ်လေ တိုက်ပွဲဖြစ် တယ်။ အဲဒီအတွက်ကြောင့်လားတော့ မပြောတတ်ဘူး။ နောက်တစ်ကြိမ်ပြန်ခေါ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံပိုင်သတင်းစားကနေပဲ ကြေညာသွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန(လမ်း၊ တံတားဦးစီးဌာန)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဂုတ်ထိပ်တံတား၏ ယာဘက်မီတာ ၅၀၀ ခန့်အကွာတွင် တံတားသစ်တစ်စင်း တည် ဆောက်ရန် စီစဉ်ထားပြီး သန်းနှင့်ချီကုန်ကျမည်ဖြစ်ကြောင်း၊ လက်ရှိဂုတ်ထိပ်တံတားကို ၁၈၉၉ - ၁၉၀၀ ခုနှစ်တွင် အင်္ဂလိပ်အင် ဂျင်နီယာ ဆာအာသာရန်ဒယ်က စတာလင်ပေါင် ၁ သိန်း ၁ သောင်းကျော် အကုန်ကျခံ၍ သံမဏိတိုင် ၁၆ တိုင်ဖြင့် တည်ဆော က်ခဲ့ပြီး ပေအရှည် ၂၂၆၀ ရှိကာ အမြင့်ဆုံးတိုင်မှာ ပေပေါင်း ၈၀၀ ကျော်မြင့်ပြီး ယခုအခါ နှစ်ပေါင်း ရာကျော် နေပြီဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။