Skip to main content
ပိုပိုနဲ႔ ခ်စ္ႀကိဳက္ေနၿပီဆိုတဲ့ သတင္းကို ျပန္လည္ေျဖရွင္းလိုက္တဲ့ ခ်ယ္ရီသင္း
Ads Block

ပိုပိုနဲ႔ ခ်စ္ႀကိဳက္ေနၿပီဆိုတဲ့ သတင္းကို ျပန္လည္ေျဖရွင္းလိုက္တဲ့ ခ်ယ္ရီသင္း

 

လတ္တေလာမွာ ပရိသတ္ေတြစိတ္၀င္စားေနတဲ့ ေတးသံရွင္ပိုပိုနဲ႔ ခ်ယ္ရီသင္းတို႔ႏွစ္ဦးခ်စ္ႀကိဳက္ေနၿပီလားဆိုတဲ့အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ပိုပိုက အစအေနာက္သန္လို႔ ပရိသတ္ေတြအထင္လြဲစရာျဖစ္သြားတာပါလို႕ ခ်ယ္ရီသင္းကေျပာျပလာပါတယ္။
နို၀င္ဘာလ(၁၄)ရက္ေန႔က ရန္ကုန္ၿမိဳ  ့တစ္ဖက္ကမ္းမွာရွိတဲ့ ဒလၿမိဳ႕နယ္မွာ တန္ေဆာင္တိုင္ အလွဴအေနနဲ႕ခ်ယ္ရီသင္းနဲ႕ပိုပိုတို႕ကသြားေရာက္လွဴဒါန္းခဲ့တာျဖစ္ၿပီး ပိုပိုကေတာ့ သူတို႔ႏွစ္ေယာက္ရဲဲ႕ခ်စ္သူသက္တမ္းတစ္လျပည့္ မို႔သြားေရာက္လွဴဒါန္းခဲ့တာပါလို႔ေျပာခဲ့တာတဲ့အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ခ်ယ္ရီသင္းကအခုလိုျပန္ေျဖရွင္းခဲ့တာပါ။
“ခ်ယ္ရီကနဲနဲရွက္တက္တယ္။ မပိုက တစ္ခ်ိန္လံုးလိုက္စ ေနတာ စ ေနရင္းနဲ႔မွ သတိမထားဘဲ ေျပာလိုက္မိတာ ေနာက္မွသတင္းေတြတက္လာမွ ၾကည့္တဲ့သူေတြကလည္းအရမ္းမ်ားသြားၿပီး အဲ့ဒီ့ကိစၥႀကီးကအရမ္းကိုႀကီးသြားတာ လာေမးၾကတာလည္းအမ်ားႀကီးပဲ။ တစ္ခ်ိဳ႕ LGBT Group ေတြကလည္း Welcome လုပ္ၾကတယ္ ။တစ္ခ်ိဳ႕ကက်ေတာ့လည္းစိတ္ဆိုးတာေပါ့ ။ ဒါေပမယ့္ ဒီကိစၥက တစ္ကယ္မဟုတ္ဘူးလို႔ေတာ့ ခ်ယ္ရီေျပာခ်င္တယ္ ။ဘာစိတ္မွ မရွိဘူး သူငယ္ခ်င္းအခ်င္းခ်င္း ဒီတိုင္းပဲစလိုက္တာ သူကအရမ္းအစအေနာက္သန္တာ အဲ့ဒါေၾကာင့္ပါ စိတ္အေနွာက္အယွက္ျဖစ္သြားရင္ ေတာင္းပန္ပါတယ္”လို႔ခ်ယ္ရီသင္းကေျပာပါတယ္။
ခ်ယ္ရီသင္းကေတာ့ ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္ ဆိုတဲ့ သီခ်င္းနဲ႔ ပရိသတ္လက္ခံမႈကိုရရွိခဲ့တာျဖစ္ၿပီး ဒီသီခ်င္းနဲ႕တစ္ႏွစ္တာလံုး Shwe FM Facebook Page မွ ပရိသတ္ေတာင္းဆိုမႈအမ်ားဆံုးဆုကို ရရွိခဲ့တာလည္းျဖစ္ပါတယ္။ 
လက္ရွိမွာေတာ့ ခ်ယ္ရီသင္း က ကိုယ္ပိုင္သီခ်င္းေလးေတြနဲ႔ ပရိသတ္ေတြပိုလက္ခံလာေအာင္ ႀကိဳးစားေနတာျဖစ္ၿပီး သူ႕ရဲ႕တစ္ကိုယ္ေတာ္အေခြကိုေတာ့ ပရိသတ္ေတြလက္ခံတဲ့ သီခ်င္းေလးေတြစုစည္းၿပီးမွ အေခြလုပ္ဖို႔စီစဥ္ေနပါတယ္လို႕ သိရပါတယ္။

- ေက်ာ့မႈးႏြယ္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

လတ်တလောမှာ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ တေးသံရှင်ပိုပိုနဲ့ ချယ်ရီသင်းတို့နှစ်ဦးချစ်ကြိုက်နေပြီလားဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုပိုက အစအနောက်သန်လို့ ပရိသတ်တွေအထင်လွဲစရာဖြစ်သွားတာပါလို့ ချယ်ရီသင်းကပြောပြလာပါတယ်။
နိုဝင်ဘာလ(၁၄)ရက်နေ့က ရန်ကုန်မြို ့တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို့နယ်မှာ တန်ဆောင်တိုင် အလှူအနေနဲ့ချယ်ရီသင်းနဲ့ပိုပိုတို့ကသွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ပိုပိုကတော့ သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းတစ်လပြည့် မို့သွားရောက်လှူဒါန်းခဲ့တာပါလို့ပြောခဲ့တာတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ချယ်ရီသင်းကအခုလိုပြန်ဖြေရှင်းခဲ့တာပါ။
“ချယ်ရီကနဲနဲရှက်တက်တယ်။ မပိုက တစ်ချိန်လုံးလိုက်စ နေတာ စ နေရင်းနဲ့မှ သတိမထားဘဲ ပြောလိုက်မိတာ နောက်မှသတင်းတွေတက်လာမှ ကြည့်တဲ့သူတွေကလည်းအရမ်းများသွားပြီး အဲ့ဒီ့ကိစ္စကြီးကအရမ်းကိုကြီးသွားတာ လာမေးကြတာလည်းအများကြီးပဲ။ တစ်ချို့ LGBT Group တွေကလည်း Welcome လုပ်ကြတယ် ။တစ်ချို့ကကျတော့လည်းစိတ်ဆိုးတာပေါ့ ။ ဒါပေမယ့် ဒီကိစ္စက တစ်ကယ်မဟုတ်ဘူးလို့တော့ ချယ်ရီပြောချင်တယ် ။ဘာစိတ်မှ မရှိဘူး သူငယ်ချင်းအချင်းချင်း ဒီတိုင်းပဲစလိုက်တာ သူကအရမ်းအစအနောက်သန်တာ အဲ့ဒါကြောင့်ပါ စိတ်အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်”လို့ချယ်ရီသင်းကပြောပါတယ်။
ချယ်ရီသင်းကတော့ ခွင့်လွှတ်ပေးဖို့တောင်းပန်ချင် ဆိုတဲ့ သီချင်းနဲ့ ပရိသတ်လက်ခံမှုကိုရရှိခဲ့တာဖြစ်ပြီး ဒီသီချင်းနဲ့တစ်နှစ်တာလုံး Shwe FM Facebook Page မှ ပရိသတ်တောင်းဆိုမှုအများဆုံးဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 
လက်ရှိမှာတော့ ချယ်ရီသင်း က ကိုယ်ပိုင်သီချင်းလေးတွေနဲ့ ပရိသတ်တွေပိုလက်ခံလာအောင် ကြိုးစားနေတာဖြစ်ပြီး သူ့ရဲ့တစ်ကိုယ်တော်အခွေကိုတော့ ပရိသတ်တွေလက်ခံတဲ့ သီချင်းလေးတွေစုစည်းပြီးမှ အခွေလုပ်ဖို့စီစဉ်နေပါတယ်လို့ သိရပါတယ်။

ကျော့မှုးနွယ် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။