Skip to main content
မႈခင္း
Ads Block

ေျမာက္ကုိရီးယားကုိ ကူညီဖုိ ့ၾကိဳးစားတဲ့ အေမရိကန္ႏုိင္ငံသား ဖမ္းဆီးတရားစြဲဆုိခံရ

စင္ကာပူမွာ ေနထုိင္သူ အေမရိကန္ႏုိင္ငံသားဟာ ေျမာက္ကုိရီးယားကုိ ကူညီဖုိ ့ၾကိဳးစားမႈေၾကာင့္ ဖမ္းဆီးတရားစြဲဆုိခံလုိက္ရတယ္လုိ ့ႏုိင္ငံတကာသတင္းဌာနေတြက ေရးသားေဖာ္ျပလုိက္ပါတယ္။ 

စင္ကာပူေနထုိင္တဲ့ အသက္ ၃၆ ႏွစ္အရြယ္ မစၥတာ Virgil Griffith ဟာ ဒီဂ်စ္တယ္နည္းပညာကၽြမ္းက်င္သူလည္းျဖစ္သလုိ ဒီဂ်စ္တယ္ေငြေၾကးပုိင္းေတြျဖစ္တဲ့ cryptocurrency နဲ ့blockchain နည္းပညာေတြကုိ အထူးကၽြမ္းက်င္သူျဖစ္ပါတယ္။ သူဟာ အေမရိကန္ႏုိင္ငံက တားျမစ္ထားတဲ့ ေျမာက္ကုိရီးယားႏုိင္ငံနဲ ့ပတ္သက္ျပီး က်ဳးလြန္မႈေတြလုပ္ခဲ့တယ္လုိ ့အေမရိကန္တရားေရးဌာနက ဆုံးျဖတ္လုိက္တဲ့အတြက္ အခုလုိ ဖမ္းဆီးတရားစြဲဆုိခံရတာလည္း ျဖစ္ပါတယ္။ Virgil Griffith ဟာ တရုတ္ႏုိင္ငံကေနတစ္ဆင့္ ေျမာက္ကုိရီးယားႏုိင္ငံကုိ သြားေရာက္ခဲ့သလုိ cryptocurrency နဲ ့blockchain နည္းပညာဆုိင္ရာညီလာခံကုိ တက္ေရာက္ခဲ့ျပီးေတာ့ ေျမာက္ကုိရီးယားအတြက္ လုိအပ္တဲ့နည္းပညာကူညီမႈေတြလုပ္ခဲ့တယ္လုိ ့ဆုိပါတယ္။ ေျမာက္ကုိရီးယားႏုိင္ငံအတြက္ Virgil Griffith က cryptocurrency နဲ ့blockchain နည္းပညာေတြကုိ မွ်ေ၀ခဲ့သလုိ ေငြေၾကးခ၀ါခ်မႈကိစၥေတြကုိပါ ကူညီေပးဖုိ ့ၾကိဳးစားတဲ့အတြက္ အေမရိကန္တရားရုံးက ဖမ္းဆီးမိန္ ့ထုတ္ျပန္ျပီး ႏုိ၀င္ဘာ ၂၈ ရက္မွာပဲ ေလာ့အိန္ဂ်လိစ္ေလဆိပ္မွာ ဖမ္းဆီးခဲ့တာပါ။ မစၥတာ Virgil Griffith ကုိဖမ္းဆီးတရားစြဲဆုိထားတဲ့အမႈဟာ ႏွစ္(၂၀)ထက္မနည္း ေထာင္က်ႏုိင္တဲ့ အျပည္ျပည္ဆုိင္ရာအေရးေပၚစီးပြားေရးအက္ဥပေဒကုိ ခ်ဳိးေဖာက္မႈမ်ဳိးျဖစ္တယ္လုိ ့ဆုိပါတယ္။ ဒီအတြက္လည္း Virgil Griffith ဘက္က တရားလုိေရွ ့ေနေတြက ျပန္လည္ခုခံေခ်ပဖုိ ့အတြက္ ျပင္ဆင္ေနျပီျဖစ္တယ္လုိ ့ႏုိင္ငံတကာသတင္းေတြက ေဖာ္ျပပါတယ္။ အေမရိကန္ႏုိင္ငံအေနနဲ ့ကေတာ့ တားျမစ္ပိတ္ပင္ထားတဲ့ ႏုိင္ငံကုိ ကူညီရင္ ဘယ္လုိလူမ်ဳိးကုိမဆုိ ဥပေဒအရ အေရးယူေလ့ရွိတဲ့အတုိင္း သတင္းအခ်က္အလက္ နည္းပညာဆုိင္ရာအေရးယူမႈေတြအျဖစ္ မစၥတာ Virgil Griffith ကုိ အေရးယူဖုိ ့စီစဥ္လာတာပါ။

Virgil Griffith က ေျမာက္ကုိရီးယားကုိ နည္းပညာေတြကူညီေပးဖုိ ့ၾကိဳးစားတာဟာ အေမရိကန္ဥပေဒကုိ ခ်ဳိးေဖာက္တာျဖစ္သလုိ အေမရိကန္အတြက္ ေျမာက္ကုိရီးယားကုိ ဘယ္လုိအက်ဳိးျဖစ္ထြန္းမႈမွ မျဖစ္ေစခ်င္တဲ့ဆႏၵအေပၚ အေမရိကန္ႏုိင္ငံသားတစ္ဦးက ဆန္ ့က်င္တာနဲ ့တူေနတဲ့အတြက္ စိတ္ဆုိးေဒါသထြက္ေနပုံလည္း ရပါတယ္။ 

Unicode Version

မြောက်ကိုရီးယားကို ကူညီဖို့ကြိုးစားတဲ့ အမေရိကန်နိုင်ငံသား ဖမ်းဆီးတရားစွဲဆိုခံရ
---------   အကုန်သိသတင်းဌာန   ---------
စင်ကာပူမှာ နေထိုင်သူ အမေရိကန်နိုင်ငံသားဟာ မြောက်ကိုရီးယားကို ကူညီဖို့ကြိုးစားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံလိုက်ရတယ်လို့နိုင်ငံတကာသတင်းဌာနတွေက ရေးသားဖော်ပြလိုက်ပါတယ်။
 
စင်ကာပူနေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် မစ္စတာ Virgil Griffith ဟာ ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်သူလည်းဖြစ်သလို ဒီဂျစ်တယ်ငွေကြေးပိုင်းတွေဖြစ်တဲ့ cryptocurrency နဲ့blockchain နည်းပညာတွေကို အထူးကျွမ်းကျင်သူဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံက တားမြစ်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီး ကျုးလွန်မှုတွေလုပ်ခဲ့တယ်လို့အမေရိကန်တရားရေးဌာနက ဆုံးဖြတ်လိုက်တဲ့အတွက် အခုလို ဖမ်းဆီးတရားစွဲဆိုခံရတာလည်း ဖြစ်ပါတယ်။ Virgil Griffith ဟာ တရုတ်နိုင်ငံကနေတစ်ဆင့် မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့သလို cryptocurrency နဲ့blockchain နည်းပညာဆိုင်ရာညီလာခံကို တက်ရောက်ခဲ့ပြီးတော့ မြောက်ကိုရီးယားအတွက် လိုအပ်တဲ့နည်းပညာကူညီမှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံအတွက် Virgil Griffith က cryptocurrency နဲ့blockchain နည်းပညာတွေကို မျှဝေခဲ့သလို ငွေကြေးခဝါချမှုကိစ္စတွေကိုပါ ကူညီပေးဖို့ကြိုးစားတဲ့အတွက် အမေရိကန်တရားရုံးက ဖမ်းဆီးမိန့်ထုတ်ပြန်ပြီး နိုဝင်ဘာ ၂၈ ရက်မှာပဲ လော့အိန်ဂျလိစ်လေဆိပ်မှာ ဖမ်းဆီးခဲ့တာပါ။ မစ္စတာ Virgil Griffith ကိုဖမ်းဆီးတရားစွဲဆိုထားတဲ့အမှုဟာ နှစ်(၂၀)ထက်မနည်း ထောင်ကျနိုင်တဲ့ အပြည်ပြည်ဆိုင်ရာအရေးပေါ်စီးပွားရေးအက်ဥပဒေကို ချိုးဖောက်မှုမျိုးဖြစ်တယ်လို့ဆိုပါတယ်။ ဒီအတွက်လည်း Virgil Griffith ဘက်က တရားလိုရှေ့နေတွေက ပြန်လည်ခုခံချေပဖို့အတွက် ပြင်ဆင်နေပြီဖြစ်တယ်လို့နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ကတော့ တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံကို ကူညီရင် ဘယ်လိုလူမျိုးကိုမဆို ဥပဒေအရ အရေးယူလေ့ရှိတဲ့အတိုင်း သတင်းအချက်အလက် နည်းပညာဆိုင်ရာအရေးယူမှုတွေအဖြစ် မစ္စတာ Virgil Griffith ကို အရေးယူဖို့စီစဉ်လာတာပါ။ Virgil Griffith က မြောက်ကိုရီးယားကို နည်းပညာတွေကူညီပေးဖို့ကြိုးစားတာဟာ အမေရိကန်ဥပဒေကို ချိုးဖောက်တာဖြစ်သလို အမေရိကန်အတွက် မြောက်ကိုရီးယားကို ဘယ်လိုအကျိုးဖြစ်ထွန်းမှုမှ မဖြစ်စေချင်တဲ့ဆန္ဒအပေါ် အမေရိကန်နိုင်ငံသားတစ်ဦးက ဆန့်ကျင်တာနဲ့တူနေတဲ့အတွက် စိတ်ဆိုးဒေါသထွက်နေပုံလည်း ရပါတယ်။ 
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။