Skip to main content
လီယုိနာဒုိ
Ads Block

အေမဇုန္သစ္ေတာၾကီး မီးေလာင္မႈအတြက္ မင္းသားၾကီး လီယုိနာဒုိကုိ ဘရားဇီးသမၼတက စြပ္စြဲ

အေမဇုန္သစ္ေတာၾကီး မီးေလာင္ကၽြမ္းမႈျဖစ္စဥ္နဲ ့ပတ္သက္ျပီး ဘရားဇီးသမၼတ Jair Bolsonaro က ေဟာလီးဝုဒ္စတား မင္းသားၾကီး လီယိုနာဒို ဒီကာပီရုိကုိ အေမဇုန္သစ္ေတာမီးေလာင္မႈကိစၥနဲ ့ပတ္သက္ျပီး သက္ေသအေထာက္အထား ခုိင္လုံမႈမျပႏုိင္ဘဲ စြပ္စြဲေျပာဆုိလုိက္ပါတယ္။

ဘရာဇီးသမၼတက လူမႈကြန္ရက္ေပၚမွာေတြ ့တဲ့ အေၾကာင္းအရာတစ္ခုကေန လီယုိနာဒုိကုိ တရားစြဲဆုိမႈ စတင္ခဲ့တာျဖစ္ျပီး မင္းသားၾကီး လီယုိနာဒုိဟာ အေမဇုန္သစ္ေတာၾကီး မီးေလာင္ေနမႈမွာ အလုပ္လုပ္ေနတဲ့မီးသတ္သမားေတြအတြက္ ေဒၚလာငါးသိန္းလွဴဒါန္းခဲ့မႈကုိ ရည္ညႊန္းတာလုိ ့လည္း Reuters သတင္းဌာနက ေဖာ္ျပပါတယ္။ " လီယုိနာဒုိက လူေကာင္းလူမြန္တစ္ေယာက္ပါ။ မွန္တယ္မလား။ ဒါေပမဲ့ သူက အေမဇုန္သစ္ေတာၾကီး မီးေလာင္ေစဖုိ ့ကုိ ေငြနဲ ့မီးရိႈ ့ေပးေနတယ္ " လုိ ့ဘရာဇီးသမၼတက ႏုိ၀င္ဘာ ၂၉ ရက္ညေနပုိင္းမွာ က်င္းပတဲ့ သမၼတအိမ္ေတာ္စကား၀ုိင္းတစ္ခုကေန လီယုိနာဒုိကုိ စြပ္စြဲလုိက္ပါတယ္။ ဒီလုိစြပ္စြဲမႈကုိလည္း လီယုိနာဒုိဘက္က ျငင္းဆုိခဲ့သလုိ WWF ဘက္ကလည္း လီယုိနာဒုိဆီကေန ေငြေၾကးေထာက္ပံ့မႈတစ္စုံတစ္ရာ ရယူမႈ မရွိဘူးလုိ ့ျငင္းဆုိထားပါတယ္။ ဘရာဇီးႏုိင္ငံသားေတြဟာ အေမဇုန္ေတာၾကီးရဲ႕သဘာ၀ပတ္၀န္းက်င္နဲ ့ယဥ္ေက်းမႈအေမြအႏွစ္ေတြကုိ ၀ုိင္း၀န္းထိန္းသိမ္းဖုိ ့ၾကိဳးစားေနၾကသလုိ လုိအပ္တဲ့ေထာက္ပံ့မႈေတြ ရသင့္တဲ့အဖြဲ ့က ရသြားေစဖုိ ့အတြက္ ဆႏၵရွိေနတယ္လုိ ့ဘရာဇီးသမၼတက ေျပာပါတယ္။ အထူးသျဖင့္ NGO အဖြဲ ့ေတြဟာ အလွဴေငြေတြရဖုိ ့အတြက္ အေမဇုန္ေတာတြင္းမွာ မီးေလာင္မႈေတြျဖစ္ေအာင္ ဖန္တီးေနသလုိမ်ဳိး ဘရာဇီးသမၼတက ယူဆေနတာျဖစ္ျပီး အဲဒီ NGO အဖြဲ ့ေတြအတြက္ မင္းသားၾကီး လီယုိနာဒုိလုိ လူမ်ဳိးေတြက မွားယြင္းစြာပဲ ေငြေၾကးအလွဴေထာက္ပံ့ေနၾကတယ္လုိ ့ေတြးဆတာလည္း ျဖစ္ပါတယ္။ လီယုိနာဒုိဟာ ကုလသမဂၢရဲ႕ရာသီဥတုေျပာင္းလဲျခင္းနဲ ့သဘာ၀ေဘးဆုိင္ရာ အထူးသံတမန္အျဖစ္ ခန္ ့အပ္ခံထားရသူျဖစ္သလုိ မ်ဳိးသုဥ္းပ်က္စီးႏုိင္တဲ့ ေတာရုိင္းတိရိစာၦန္ေတြကာကြယ္ေရးအတြက္ပါ ဦးေဆာင္လႈပ္ရွားေနသူလည္း ျဖစ္ပါတယ္။

ဒီအတြက္ေၾကာင့္ အေမဇုန္ေတာၾကီး မီးေလာင္မႈလုိမ်ဳိးမွာ မီးေလာင္ျဖစ္ေအာင္ ပုံေဖာ္ဖန္တီးသူေတြကုိ ေထာက္ပံ့ေငြေပးတာမ်ဳိး မျဖစ္သင့္ေၾကာင္း တြန္းအားေပးျခင္းတဲ့သေဘာမ်ဳိး စြပ္စြဲေျပာဆုိတာလည္း ျဖစ္ႏုိင္တယ္လုိ ့ႏုိင္ငံတကာအသုိင္းအ၀ုိင္း သုံးသပ္ထားၾကပါတယ္။ 

Unicode Version 

အမေဇုန်သစ်တောကြီး မီးလောင်မှုအတွက် မင်းသားကြီး လီယိုနာဒိုကို ဘရားဇီးသမ္မတက စွပ်စွဲ
---------  အကုန်သိသတင်းဌာန  ---------
အမေဇုန်သစ်တောကြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘရားဇီးသမ္မတ Jair Bolsonaro က ဟောလီးဝုဒ်စတား မင်းသားကြီး လီယိုနာဒို ဒီကာပီရိုကို အမေဇုန်သစ်တောမီးလောင်မှုကိစ္စနဲ့ပတ်သက်ပြီး သက်သေအထောက်အထား ခိုင်လုံမှုမပြနိုင်ဘဲ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဘရာဇီးသမ္မတက လူမှုကွန်ရက်ပေါ်မှာတွေ့တဲ့ အကြောင်းအရာတစ်ခုကနေ လီယိုနာဒိုကို တရားစွဲဆိုမှု စတင်ခဲ့တာဖြစ်ပြီး မင်းသားကြီး လီယိုနာဒိုဟာ အမေဇုန်သစ်တောကြီး မီးလောင်နေမှုမှာ အလုပ်လုပ်နေတဲ့မီးသတ်သမားတွေအတွက် ဒေါ်လာငါးသိန်းလှူဒါန်းခဲ့မှုကို ရည်ညွှန်းတာလို့လည်း Reuters သတင်းဌာနက ဖော်ပြပါတယ်။ " လီယိုနာဒိုက လူကောင်းလူမွန်တစ်ယောက်ပါ။ မှန်တယ်မလား။ ဒါပေမဲ့ သူက အမေဇုန်သစ်တောကြီး မီးလောင်စေဖို့ကို ငွေနဲ့မီးရှို့ပေးနေတယ် " လို့ဘရာဇီးသမ္မတက နိုဝင်ဘာ ၂၉ ရက်ညနေပိုင်းမှာ ကျင်းပတဲ့ သမ္မတအိမ်တော်စကားဝိုင်းတစ်ခုကနေ လီယိုနာဒိုကို စွပ်စွဲလိုက်ပါတယ်။ ဒီလိုစွပ်စွဲမှုကိုလည်း လီယိုနာဒိုဘက်က ငြင်းဆိုခဲ့သလို WWF ဘက်ကလည်း လီယိုနာဒိုဆီကနေ ငွေကြေးထောက်ပံ့မှုတစ်စုံတစ်ရာ ရယူမှု မရှိဘူးလို့ငြင်းဆိုထားပါတယ်။ ဘရာဇီးနိုင်ငံသားတွေဟာ အမေဇုန်တောကြီးရဲ့သဘာဝပတ်ဝန်းကျင်နဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ကြိုးစားနေကြသလို လိုအပ်တဲ့ထောက်ပံ့မှုတွေ ရသင့်တဲ့အဖွဲ့က ရသွားစေဖို့အတွက် ဆန္ဒရှိနေတယ်လို့ဘရာဇီးသမ္မတက ပြောပါတယ်။ အထူးသဖြင့် NGO အဖွဲ့တွေဟာ အလှူငွေတွေရဖို့အတွက် အမေဇုန်တောတွင်းမှာ မီးလောင်မှုတွေဖြစ်အောင် ဖန်တီးနေသလိုမျိုး ဘရာဇီးသမ္မတက ယူဆနေတာဖြစ်ပြီး အဲဒီ NGO အဖွဲ့တွေအတွက် မင်းသားကြီး လီယိုနာဒိုလို လူမျိုးတွေက မှားယွင်းစွာပဲ ငွေကြေးအလှူထောက်ပံ့နေကြတယ်လို့တွေးဆတာလည်း ဖြစ်ပါတယ်။ လီယိုနာဒိုဟာ ကုလသမဂ္ဂရဲ့ရာသီဥတုပြောင်းလဲခြင်းနဲ့သဘာဝဘေးဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံထားရသူဖြစ်သလို မျိုးသုဉ်းပျက်စီးနိုင်တဲ့ တောရိုင်းတိရိစ္ဆာန်တွေကာကွယ်ရေးအတွက်ပါ ဦးဆောင်လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အမေဇုန်တောကြီး မီးလောင်မှုလိုမျိုးမှာ မီးလောင်ဖြစ်အောင် ပုံဖော်ဖန်တီးသူတွေကို ထောက်ပံ့ငွေပေးတာမျိုး မဖြစ်သင့်ကြောင်း တွန်းအားပေးခြင်းတဲ့သဘောမျိုး စွပ်စွဲပြောဆိုတာလည်း ဖြစ်နိုင်တယ်လို့နိုင်ငံတကာအသိုင်းအဝိုင်း သုံးသပ်ထားကြပါတယ်။ 
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။