Skip to main content
၂၀၂၀ ေရြးေကာက္ပြဲတြင္ မည္သည့္ပါတီအတြက္မွမဲဆြယ္ေပးမည္မဟုတ္ဟု ထြန္းအိျႏၵာဗုိလ္ ေျပာ 
Ads Block

၂၀၂၀ ေရြးေကာက္ပြဲတြင္ မည္သည့္ပါတီအတြက္မွမဲဆြယ္ေပးမည္မဟုတ္ဟု ထြန္းအိျႏၵာဗုိလ္ ေျပာ 

 

၂၀၂၀ ေရြးေကာက္ပြဲတြင္ မည္သည့္ပါတီအတြက္မွ မဲဆြယ္ေပးမည္မဟုတ္ေၾကာင္း သရုပ္ေဆာင္ ထြန္းအိျႏၵာဗုိလ္က ေျပာလုိက္သည္။
ရန္ကုန္ၿမိဳ႕ရွိ မလီယာဟုိတယ္တြင္ ႏုိ၀င္ဘာလ ၃၀ ရက္ကက်င္းပေသာ ျပည္သူ႔ေရွ႕ေဆာင္ပါတီ မိတ္ဆက္ပြဲအခမ္းအနားသုိ႔ လာေရာက္စဥ္ သတင္းမီဒီယာမ်ားထံေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ကြ်န္မဒီပါတီကုိတက္ေရာက္ျဖစ္တာဖိတ္ၾကားခံရတာလည္းပါပါတယ္။ စိတ္၀င္စားတာလည္း ပါပါတယ္။ ကြ်န္မကအခုဒီလုိတာေပါ့ေနာ္။ၿပီးခဲ့တဲ့ ၂၀၁၅ တုန္းကက်ေတာ့ ကြ်န္မတုိ႔တုိင္းျပည္အတြက္ အေရးႀကီးတဲ့ အေျပာင္းအလဲျဖစ္တယ္လုိ႔ခံယူတဲ့အတြက္ေၾကာင့္မုိ႔လုိ႔ ေအာင္ႏုိင္ေရးကာလေတြမွာ ထဲထဲ၀င္၀င္ အလုပ္လုပ္ခဲ့တယ္။ ဆုိေတာ့ ကြ်န္မ NLD အတြက္အလုပ္လုပ္ခဲ့တဲ့အခ်ိန္မွာ USDP ကပရိသတ္ေတြ ကြ်န္မကုိမုန္းၾကတယ္။ အခု ကြ်န္မ PPP အတြက္အလုပ္လုပ္မယ္ဆုိရင္လည္း NLD ကပရိသတ္ေတြ ကြ်န္မကုိမုန္းၾကမယ္။ ဆုိလုိတာက ကြ်န္မကုိအေၾကာင္းျပဳၿပီးလူေတာ္ေတာ္မ်ားမ်ား အမုန္းတရား၊ အကုသုိလ္ေတြရမွာမ်ိဳးကုိကြ်န္မမလုပ္ေတာ့ဘူးလုိ႔ပဲဆုံးျဖတ္ထားပါတယ္။ ကြ်န္မဘယ္ပါတီအတြက္မွ မလုပ္ျဖစ္ေတာ့ပါဘူးရွင့္” ဟု ထြန္းအိျႏၵာဗုိလ္က ေျပာသည္။
သရုပ္ေဆာင္ထြန္းအိျနၵာဗုိလ္သည္ ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီအတြက္ “ေျပာင္းလဲခ်ိန္တန္ၿပီ” ဇာတ္လမ္းတုိတြင္ သရုပ္ေဆာင္ပါ၀င္ခဲ့သည္။ 
သရုပ္ေဆာင္ ထြန္းအိျႏၵာဗုိလ္သည္  ျပည္သူ႔ေရွ႕ေဆာင္ပါတီမွေဒၚသက္သက္ခုိင္ႏွင့္ညီအစ္မေတာ္စပ္ေၾကာင္း သိရသည္။ 

-- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

၂၀၂၀ ရွေးကောက်ပွဲတွင် မည်သည့်ပါတီအတွက်မှ မဲဆွယ်ပေးမည်မဟုတ်ကြောင်း သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ မလီယာဟိုတယ်တွင် နိုဝင်ဘာလ ၃၀ ရက်ကကျင်းပသော ပြည်သူ့ရှေ့ဆောင်ပါတီ မိတ်ဆက်ပွဲအခမ်းအနားသို့ လာရောက်စဉ် သတင်းမီဒီယာများထံပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်မဒီပါတီကိုတက်ရောက်ဖြစ်တာဖိတ်ကြားခံရတာလည်းပါပါတယ်။ စိတ်ဝင်စားတာလည်း ပါပါတယ်။ ကျွန်မကအခုဒီလိုတာပေါ့နော်။ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကကျတော့ ကျွန်မတို့တိုင်းပြည်အတွက် အရေးကြီးတဲ့ အပြောင်းအလဲဖြစ်တယ်လို့ခံယူတဲ့အတွက်ကြောင့်မို့လို့ အောင်နိုင်ရေးကာလတွေမှာ ထဲထဲဝင်ဝင် အလုပ်လုပ်ခဲ့တယ်။ ဆိုတော့ ကျွန်မ NLD အတွက်အလုပ်လုပ်ခဲ့တဲ့အချိန်မှာ USDP ကပရိသတ်တွေ ကျွန်မကိုမုန်းကြတယ်။ အခု ကျွန်မ PPP အတွက်အလုပ်လုပ်မယ်ဆိုရင်လည်း NLD ကပရိသတ်တွေ ကျွန်မကိုမုန်းကြမယ်။ ဆိုလိုတာက ကျွန်မကိုအကြောင်းပြုပြီးလူတော်တော်များများ အမုန်းတရား၊ အကုသိုလ်တွေရမှာမျိုးကိုကျွန်မမလုပ်တော့ဘူးလို့ပဲဆုံးဖြတ်ထားပါတယ်။ ကျွန်မဘယ်ပါတီအတွက်မှ မလုပ်ဖြစ်တော့ပါဘူးရှင့်” ဟု ထွန်းအိန္ဒြာဗိုလ်က ပြောသည်။
သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် “ပြောင်းလဲချိန်တန်ပြီ” ဇာတ်လမ်းတိုတွင် သရုပ်ဆောင်ပါဝင်ခဲ့သည်။ 
သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်သည်  ပြည်သူ့ရှေ့ဆောင်ပါတီမှဒေါ်သက်သက်ခိုင်နှင့်ညီအစ်မတော်စပ်ကြောင်း သိရသည်။ 

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။