Skip to main content
တရုတ္အမ်ိဳးသားႏွင့္လက္ထပ္ရန္ လူကုန္ကူးခံရသည့္အမ်ိဳးသမီး ၇ ဦးအား ကယ္တင္ႏုိင္ခဲ့
Ads Block

တရုတ္အမ်ိဳးသားႏွင့္လက္ထပ္ရန္ လူကုန္ကူးခံရသည့္အမ်ိဳးသမီး ၇ ဦးအား ကယ္တင္ႏုိင္ခဲ့

 

တရုတ္အမ်ိဳးသားႏွင့္လက္ထပ္ရန္ လူကုန္ကူးခံရသည့္အမ်ိဳးသမီး ၇ ဦးအား ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕၊ အမွတ္(၁၇)လူကုန္ကူးမႈတားဆီးကာကြယ္ေရးရဲတပ္ဖြဲ႔က ကယ္တင္ေပးႏုိင္ခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၂၆ ရက္က ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း၊ မိုးမခေဖာင္းေဒးရွင္းအဖြဲ႔(တရုတ္ႏုိင္ငံ)တို႔က ေရႊလီၿမိဳ႕၌လူကုန္ကူးခံရေသာျမန္မာအမ်ိဳးသမီးငယ္မ်ား ေရာက္ရွိေနေၾကာင္း သတင္းေပးခဲ့သျဖင့္ တစ္ဖက္ႏုိင္ငံရွိရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ခ်ိတ္ဆက္ကာ ကယ္တင္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း အမွတ္(၁၇)လူကုန္တားဆီးကာကြယ္ေရးတပ္ဖြဲ႔ထံမွ သိရသည္။
“ သတင္းရရခ်င္း အခင္းျဖစ္တဲ့နယ္ေျမပိုင္တရုတ္ရဲေတြနဲ႔ ခ်ိတ္ဆက္ၿပီးသြားေရာက္ကယ္တင္ခဲ့လုိ႔သာေပါ့ဗ်ာ။ တစ္ရက္ေနာက္က်သြားခဲ့ရင္ အျခားေနရာကိုပို႔ေဆာင္ျခင္းခံရေတာ့မွာဗ်။ ခ်က္ခ်င္းဆိုတာကလည္း သတင္းရရခ်င္း တံု႔ဆိုင္းမေနဘဲခ်က္ခ်င္းသြားတာကိုေျပာတာပါ။ တရုတ္ျပည္ဆိုတာ လမ္းေလွ်ာက္သြားလို႔ရတာလည္းမဟုတ္ဘူးေလ။ ကြ်န္ေတာ္တို႔ရဲတပ္ဖြဲ႔၀င္ေတြရဲ႕အိတ္စိုက္နဲ႔ပဲ သြားရတာေပါ့ဗ်ာ။ ဒါေပမဲ့လည္းအခ်ိန္မီကယ္တင္ႏုိင္ခဲ့တဲ့အတြက္၀မ္းသာတယ္။ ျပစ္မႈက်ဴးလြန္သူ ၃ ဦး ကိုလည္း ဖမ္းမိထားတယ္” ဟုအမွတ္(၁၇) လူကုန္တားဆီးကာကြယ္ေရးတပ္စုမွ ရဲမွဴးေက်ာ္ညႊန္႔က ေျပာသည္။
ကယ္တင္ရရွိခဲ့သည့္ အမ်ိဳးသမီး ၇ ဦးမွာ ၁၈ ႏွစ္မွ ၂၀ အတြင္းရွိမိန္းကေလးငယ္မ်ားျဖစ္ၿပီး တရုတ္အမ်ိဳးသားႏွင့္လက္ထပ္ယူပါက ေငြက်ပ္ ၂၀ သိန္းမွ ၅၀ သိန္းရရွိမည့္အျပင္ ေရႊမ်ားဆင္ေပးဦးမွာ ျဖစ္ေၾကာင္း၊ ထို႔အျပင္ ၁ ႏွစ္ျပည့္လွ်င္ကြာရွင္းႏိုင္ေၾကာင္းစ သည္ျဖင့္လူကုန္ကူးသူမ်ားက ျဖားေယာင္း စည္းရံုးခဲ့သည္ဟု စစ္ေဆးခ်က္အရ သိရသည္။
ျဖားေယာင္းျခင္းခံလာရသည့္ ယင္းအမ်ိဳးသမီး ၇ ဦးအနက္ ၂ ဦးသည္ တရုတ္ႏုိင္ငံ၊ ေရႊလီၿမိဳ႕သို႔ေရာက္ရွိခ်ိန္ တရုတ္အမ်ိဳးသားႏွင့္လက္ထပ္ရမည္ကိုသိရွိသြားရာမွထြက္ေျပးၿပီး ျပည္ပေရာက္ျမန္မာ့အေရး ေဆာင္ရြက္ေပးသည့္ မိုးမခေဖာင္းေဒးရွင္းအဖြဲ႔ထံဆက္သြယ္ႏုိင္ခဲ့ေသာေၾကာင့္ အခ်ိန္မီကယ္တင္ႏုိင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ဖမ္းဆီးရမိထားတဲ့ ျပစ္မႈက်ဴးလြန္သူက ၃ ဦးမကဘူးဗ်။နာမည္စာရင္းေပးလို႔မျဖစ္ေသးဘူး။ ဘာလို႔လဲဆိုေတာ့ ေနာက္ဆက္တြဲေတြက်န္ေသးတယ္ေလ။အဲဒါေၾကာင့္ ေနာက္ဆက္တြဲကိုကြ်န္ေတာ္တို႔ရဲတပ္ဖြဲ႔ကလိုက္ေနဆဲ၊ ေဆာင္ရြက္ေနဆဲပါ” ဟုမူဆယ္ၿမိဳ႕အမွတ္(၁၇)လူကုန္ကူးမႈတားဆီးကာကြယ္ေရးတပ္ဖြဲ႔စုမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ကယ္တင္ရရွိသူမ်ားကိုသင္တန္းမ်ားပို႔ခ်ၿပီးေနရပ္ျပန္ႏုိင္ေရး စီစဥ္ေပးေနကာ ျပစ္မႈက်ဴးလြန္သူ က်ား - ၁ ၊ မ- ၂ ဦးတို႔ကိုမူဆယ္ၿမိဳ႕မရဲစခန္း၌ ႏို၀င္ဘာလ ၂၈ ရက္က လူကုန္ကူးတားဆီးကာကြယ္ေရး ပုဒ္မျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

-- ဒါးဇ ( အကုန္သိ သတင္းဌာန )

Unicode Version

 

တရုတ်အမျိုးသားနှင့်လက်ထပ်ရန် လူကုန်ကူးခံရသည့်အမျိုးသမီး ၇ ဦးအား ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ အမှတ်(၁၇)လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ကယ်တင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်က ပြည်ပရောက်မြန်မာနိုင်ငံသားများကူညီစောင့်ရှောက်ရေးအသင်း၊ မိုးမခဖောင်းဒေးရှင်းအဖွဲ့(တရုတ်နိုင်ငံ)တို့က ရွှေလီမြို့၌လူကုန်ကူးခံရသောမြန်မာအမျိုးသမီးငယ်များ ရောက်ရှိနေကြောင်း သတင်းပေးခဲ့သဖြင့် တစ်ဖက်နိုင်ငံရှိရဲတပ်ဖွဲ့ဝင်များနှင့်ချိတ်ဆက်ကာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၁၇)လူကုန်တားဆီးကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
“ သတင်းရရချင်း အခင်းဖြစ်တဲ့နယ်မြေပိုင်တရုတ်ရဲတွေနဲ့ ချိတ်ဆက်ပြီးသွားရောက်ကယ်တင်ခဲ့လို့သာပေါ့ဗျာ။ တစ်ရက်နောက်ကျသွားခဲ့ရင် အခြားနေရာကိုပို့ဆောင်ခြင်းခံရတော့မှာဗျ။ ချက်ချင်းဆိုတာကလည်း သတင်းရရချင်း တုံ့ဆိုင်းမနေဘဲချက်ချင်းသွားတာကိုပြောတာပါ။ တရုတ်ပြည်ဆိုတာ လမ်းလျှောက်သွားလို့ရတာလည်းမဟုတ်ဘူးလေ။ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေရဲ့အိတ်စိုက်နဲ့ပဲ သွားရတာပေါ့ဗျာ။ ဒါပေမဲ့လည်းအချိန်မီကယ်တင်နိုင်ခဲ့တဲ့အတွက်ဝမ်းသာတယ်။ ပြစ်မှုကျူးလွန်သူ ၃ ဦး ကိုလည်း ဖမ်းမိထားတယ်” ဟုအမှတ်(၁၇) လူကုန်တားဆီးကာကွယ်ရေးတပ်စုမှ ရဲမှူးကျော်ညွှန့်က ပြောသည်။
ကယ်တင်ရရှိခဲ့သည့် အမျိုးသမီး ၇ ဦးမှာ ၁၈ နှစ်မှ ၂၀ အတွင်းရှိမိန်းကလေးငယ်များဖြစ်ပြီး တရုတ်အမျိုးသားနှင့်လက်ထပ်ယူပါက ငွေကျပ် ၂၀ သိန်းမှ ၅၀ သိန်းရရှိမည့်အပြင် ရွှေများဆင်ပေးဦးမှာ ဖြစ်ကြောင်း၊ ထို့အပြင် ၁ နှစ်ပြည့်လျှင်ကွာရှင်းနိုင်ကြောင်းစ သည်ဖြင့်လူကုန်ကူးသူများက ဖြားယောင်း စည်းရုံးခဲ့သည်ဟု စစ်ဆေးချက်အရ သိရသည်။
ဖြားယောင်းခြင်းခံလာရသည့် ယင်းအမျိုးသမီး ၇ ဦးအနက် ၂ ဦးသည် တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ရောက်ရှိချိန် တရုတ်အမျိုးသားနှင့်လက်ထပ်ရမည်ကိုသိရှိသွားရာမှထွက်ပြေးပြီး ပြည်ပရောက်မြန်မာ့အရေး ဆောင်ရွက်ပေးသည့် မိုးမခဖောင်းဒေးရှင်းအဖွဲ့ထံဆက်သွယ်နိုင်ခဲ့သောကြောင့် အချိန်မီကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဖမ်းဆီးရမိထားတဲ့ ပြစ်မှုကျူးလွန်သူက ၃ ဦးမကဘူးဗျ။နာမည်စာရင်းပေးလို့မဖြစ်သေးဘူး။ ဘာလို့လဲဆိုတော့ နောက်ဆက်တွဲတွေကျန်သေးတယ်လေ။အဲဒါကြောင့် နောက်ဆက်တွဲကိုကျွန်တော်တို့ရဲတပ်ဖွဲ့ကလိုက်နေဆဲ၊ ဆောင်ရွက်နေဆဲပါ” ဟုမူဆယ်မြို့အမှတ်(၁၇)လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ကယ်တင်ရရှိသူများကိုသင်တန်းများပို့ချပြီးနေရပ်ပြန်နိုင်ရေး စီစဉ်ပေးနေကာ ပြစ်မှုကျူးလွန်သူ ကျား - ၁ ၊ မ- ၂ ဦးတို့ကိုမူဆယ်မြို့မရဲစခန်း၌ နိုဝင်ဘာလ ၂၈ ရက်က လူကုန်ကူးတားဆီးကာကွယ်ရေး ပုဒ်မဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။