Skip to main content
က်ားပိုက္လုပ္ငန္းရွင္က ေမာင္ျမတ္သူရထြန္းအား ေလ်ာ္ေၾကး ၃ သိန္းေပးခဲ့ရာ မိသားစုကလက္မခံခဲ့ဟု ဆို 
Ads Block

က်ားပိုက္လုပ္ငန္းရွင္က ေမာင္ျမတ္သူရထြန္းအား ေလ်ာ္ေၾကး ၃ သိန္းေပးခဲ့ရာ မိသားစုကလက္မခံခဲ့ဟု ဆို 

 

က်ားပိုက္လုပ္ငန္းရွင္က ဒဂံုတကၠသိုလ္မွေနာက္ဆံုးႏွစ္ေက်ာင္းသားေမာင္ျမတ္သူရထြန္းအား ေလ်ာ္ေၾကးေငြ ၃ သိန္းေပးရာတြင္ မိသားစုမွ လက္မခံခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ထံမွ သိရသည္။
က်ားေဖာင္ေပၚသို႔ လူကုန္ကူးခံခဲ့ရၿပီး ညွင္းပန္းႏွိပ္စက္ျခင္းခံခဲ့ရသည့္ ဒဂံုတကၠသိုလ္ေက်ာင္းသား ေမာင္ျမတ္သူရထြန္း၏ ေနအိမ္တြင္ ကာယကံရွင္အား ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္က ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၂၈ ရက္တြင္ သြားေရာက္ေမးျမန္းခဲ့ရာတြင္ သိရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 
“လက္ရွိကေတာ့ ေဆးကုသမႈခံယူေနတယ္။ ကြဲသြားတဲ့နားကေတာ့ ျပန္ခ်ဳပ္ထားရတယ္။ မ်က္ႏွာက ဖူးေရာင္ေနတာ။ အေရာင္ကနည္းနည္းပဲက်ေသးတယ္။ ၿပီးေတာ့ က်ိဳးထားတဲ့လက္က ေက်ာက္ပတ္တီး စည္းထားရတယ္။ ဒဏ္ရာကရထားတာမ်ားေတာ့ အတြင္းေၾကေတြျဖစ္ေနတယ္။ ကိုက္ခဲ/နာက်င္ ေပ်ာက္ေဆးေတြ ေသာက္ေနရတယ္။ သူတို႔ကို က်ားပိုက္လုပ္ငန္းရွင္က ေလ်ာ္ေၾကးေငြ ၃ သိန္း ေပးတယ္ေျပာတယ္။ သူတို႔ကေတာ့လက္မခံဘူး။ ျငင္းလိုက္တယ္”ဟု ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္မွ အတြင္းေရးမွဴး ဦးဘုန္းၾကြယ္က ေျပာသည္။
ေမာင္ျမတ္သူရထြန္းသည္ ႏွိပ္စက္ခံထားရသည့္ဒဏ္ရာမ်ားေၾကာင့္ ေျမာက္ဥကၠလာပေဆးရံုတြင္ ျပင္ပလူနာအျဖစ္ ကုသမႈခံယူေနရဆဲျဖစ္ေၾကာင္းလည္း သိရသည္။
ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္အေနျဖင့္ အဆိုပါျဖစ္စဥ္မ်ိဳး ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္တြင္လည္း တိုင္စာမ်ား လက္ခံရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္အေနျဖင့္ လာမည့္ ဒီဇင္ဘာလ ၂ ရက္တြင္ ယင္းလုပ္ငန္း လုပ္ကိုင္သည့္ေဒသမ်ားသို႔ သြားေရာက္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ကျားပိုက်လုပ်ငန်းရှင်က ဒဂုံတက္ကသိုလ်မှနောက်ဆုံးနှစ်ကျောင်းသားမောင်မြတ်သူရထွန်းအား လျော်ကြေးငွေ ၃ သိန်းပေးရာတွင် မိသားစုမှ လက်မခံခဲ့ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံမှ သိရသည်။
ကျားဖောင်ပေါ်သို့ လူကုန်ကူးခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား မောင်မြတ်သူရထွန်း၏ နေအိမ်တွင် ကာယကံရှင်အား မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်တွင် သွားရောက်မေးမြန်းခဲ့ရာတွင် သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
“လက်ရှိကတော့ ဆေးကုသမှုခံယူနေတယ်။ ကွဲသွားတဲ့နားကတော့ ပြန်ချုပ်ထားရတယ်။ မျက်နှာက ဖူးရောင်နေတာ။ အရောင်ကနည်းနည်းပဲကျသေးတယ်။ ပြီးတော့ ကျိုးထားတဲ့လက်က ကျောက်ပတ်တီး စည်းထားရတယ်။ ဒဏ်ရာကရထားတာများတော့ အတွင်းကြေတွေဖြစ်နေတယ်။ ကိုက်ခဲ/နာကျင် ပျောက်ဆေးတွေ သောက်နေရတယ်။ သူတို့ကို ကျားပိုက်လုပ်ငန်းရှင်က လျော်ကြေးငွေ ၃ သိန်း ပေးတယ်ပြောတယ်။ သူတို့ကတော့လက်မခံဘူး။ ငြင်းလိုက်တယ်”ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောသည်။
မောင်မြတ်သူရထွန်းသည် နှိပ်စက်ခံထားရသည့်ဒဏ်ရာများကြောင့် မြောက်ဥက္ကလာပဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူနေရဆဲဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အဆိုပါဖြစ်စဉ်မျိုး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင်လည်း တိုင်စာများ လက်ခံရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လာမည့် ဒီဇင်ဘာလ ၂ ရက်တွင် ယင်းလုပ်ငန်း လုပ်ကိုင်သည့်ဒေသများသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။