Skip to main content
ICJ အေရးႏွင့္ပတ္သက္ၿပီး အစိုးရ၏သေဘာထားကို “၀” ျပည္နယ္အေနျဖင့္ေထာက္ခံေၾကာင္း ထုတ္ျပန္
Ads Block

ICJ အေရးႏွင့္ပတ္သက္ၿပီး အစိုးရ၏သေဘာထားကို “၀” ျပည္နယ္အေနျဖင့္ေထာက္ခံေၾကာင္း ထုတ္ျပန္

 

ICJ တြင္သြားေရာက္ေျဖရွင္းမည့္အေရးႏွင့္ပတ္သက္ၿပီး အစိုးရ၏ သေဘာထားရပ္တည္ခ်က္ကို “၀” ျပည္နယ္အေနျဖင့္ ေထာက္ခံေၾကာင္း ထုတ္ျပန္ထားသည္။

ICJ အေရးႏွင့္ပတ္သက္ၿပီး အစိုးရ၏သေဘာထားကို “၀” ျပည္နယ္အေနျဖင့္ေထာက္ခံေၾကာင္း ထုတ္ျပန္


အဆိုပါထုတ္ျပန္ခ်က္ကို “၀” ျပည္နယ္ ေသြးစည္းညီညြတ္ေရးပါတီ၊ “၀” ျပည္နယ္ျပည္သူ႔အစိုးရႏွင့္ “၀” ျပည္နယ္ ေသြးစည္းညီညြတ္ေရးတပ္မေတာ္တို႔က ႏို၀င္ဘာလ ၂၇ ရက္တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ 
ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ျပည္ေထာင္စုႏုိင္ငံျခားေရး၀န္ႀကီးဌာနမွ ၀န္ႀကီးအျဖစ္ ကိုယ္စားလွယ္အဖြဲ႕ကိုဦးေဆာင္ၿပီး နယ္သာလန္ႏုိင္ငံ၊ The Hague ၿမိဳ႕သို႔သြားေရာက္ကာ ေခ်ပတံု႔ျပန္ေျပာဆိုမႈအတြက္လည္း ေလးစားစြာ ဂုဏ္ယူမိေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။ 
ထို႔အျပင္ ျမန္မာႏုိင္ငံ၏ ပဋိပကၡကို တရားမွ်တမႈမရွိေသာမည္သည့္ေျဖရွင္းေဆာင္ရြက္ခ်က္ကိုမဆို ကန္႔ကြက္ၿပီး ႏုိင္ငံတကာအသိုင္းအ၀ိုင္းအေနျဖင့္လည္း ကုလသမဂၢပဋိညာဥ္စာခ်ဳပ္တြင္အတည္ျပဳထားေသာ ႏုိင္ငံတကာဥပေဒႏွင့္ ႏုိင္ငံတကာဆက္ဆံေရးအေျခခံမူကို လိုက္နာရန္ စသည္တို႔လည္း ေဖာ္ျပပါရွိသည္။
ျမန္မာႏုိင္ငံ၊ ရခုိင္ျပည္နယ္တြင္ လူမ်ိဳးတုန္းသတ္ျဖတ္သည္ဟုဆုိကာ စြပ္စြဲကာ ႏုိင္ငံေပါင္း ၅၇ ႏုိင္ငံကုိယ္စား ဂမ္ဘီယာႏုိင္ငံက အျပည္ျပည္ဆုိင္ရာတရားရုံး ICJ ၌ တရားစြဲဆုိလုိက္ျခင္းျဖစ္သည္။
ၿပီးခဲ့ေသာ ၂၀၁၇ ခုႏွစ္၊ ေအာက္တုိဘာလအတြင္း ARSA အစြန္းေရာက္အၾကမ္းဖက္အဖြဲ႔၏ တုိက္ခုိက္မႈအၿပီးတြင္ ဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ ဘဂၤါလီမ်ား ထြက္ေျပးတိမ္းေရွာင္မႈျပဳလုပ္ခဲ့ၾကၿပီး ျပည္ပမီဒီယာမ်ားသုိ႔လူမ်ိဳးတုန္းသတ္ျဖတ္ေနသည္ဟု စြပ္စြဲေျပာဆုိမႈမ်ား၊အဓမၼျပဳက်င့္သည္ဟု ေျပာဆုိမႈမ်ား၊ ေဖာ္ျပမႈမ်ားရွိခဲ့သည္။

- အကုန္သိသတင္းဌာန

Unicode Version

 

ICJ တွင်သွားရောက်ဖြေရှင်းမည့်အရေးနှင့်ပတ်သက်ပြီး အစိုးရ၏ သဘောထားရပ်တည်ချက်ကို “ဝ” ပြည်နယ်အနေဖြင့် ထောက်ခံကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်ကို “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်နယ်ပြည်သူ့အစိုးရနှင့် “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော်တို့က နိုဝင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ကြီးအဖြစ် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ပြီး နယ်သာလန်နိုင်ငံ၊ The Hague မြို့သို့သွားရောက်ကာ ချေပတုံ့ပြန်ပြောဆိုမှုအတွက်လည်း လေးစားစွာ ဂုဏ်ယူမိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 
ထို့အပြင် မြန်မာနိုင်ငံ၏ ပဋိပက္ခကို တရားမျှတမှုမရှိသောမည်သည့်ဖြေရှင်းဆောင်ရွက်ချက်ကိုမဆို ကန့်ကွက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ကုလသမဂ္ဂပဋိညာဉ်စာချုပ်တွင်အတည်ပြုထားသော နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံမူကို လိုက်နာရန် စသည်တို့လည်း ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်သည်ဟုဆိုကာ စွပ်စွဲကာ နိုင်ငံပေါင်း ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်း ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုအပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီများ ထွက်ပြေးတိမ်းရှောင်မှုပြုလုပ်ခဲ့ကြပြီး ပြည်ပမီဒီယာများသို့လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု စွပ်စွဲပြောဆိုမှုများ၊အဓမ္မပြုကျင့်သည်ဟု ပြောဆိုမှုများ၊ ဖော်ပြမှုများရှိခဲ့သည်။

-- အကုန်သိသတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။